Monday, 1 September 2014
ဘလော့ပို့စ်တင်ရန် စိန်ခေါ်ခြင်း
ခုတလော ကမ္ဘာတ၀ှမ်းလုံး ခေတ်စားနေသည့် Ice-Bucket-Challenge ကို စိတ်ဝင်စားနေမိသည်။ တစ်ယောက်နှင့်တစ်ယောက် စိန်ခေါ်ပြီး ရေခဲရေဖြင့် ဦးခေါင်းပေါ်မှ နေပြီး တကိုယ်လုံးသို့ လောင်းချရသည်။ သို့မဟုတ် ရေခဲရေ ပျော်ဝင်နေသည့် ရေချိုးကန်၊=ရေကန်၊ ချောင်း၊ မြစ်၊ ပင်လယ် စသည်တို့ထဲသို့ ခန္ဓာကိုယ်ကို စိမ်နစ်ရသည်။ ထိုကဲ့သို့ လုပ်ခြင်းသည် အချီးနှီးအလဟဿတော့မဟုတ်။ Amyotrophic Lateeral Sclerosis အမည်ရှိ ရောဂါ ခံစားနေရသူတို့ကို ကိုယ်ချင်းစာ နားလည်ပေးဖို့နှင့် ရောဂါရှာဖွေကုသရေးသုတေသန အသင်းအဖွဲ့အတွက် ရံပုံငွေ ရှာပေးခြင်းဖြစ်၏။ ထို Ice-Bucket-Challenge ကို အစပျိုးခဲ့ရာနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်သည်။
ထိုရောဂါသည် သွက်ချာပါဒမျိုးဖြစ်ပြီး ကြွက်သားများ သေသွားကာ လမ်းလျှောက်ခြင်း၊ စကားပြောခြင်း၊ စားမျိုခြင်း၊ အသက်ရှူခြင်းတို့ ခက်ခဲလာပြီး နောက်ဆုံး၌ သေဆုံးရသည်အထိ ဖြစ်ပွါးတတ်ပါသည်။ ထိုရောဂါ၏ ခံစားမှုတို့မှာ ရေခဲရေဖြင့် နာရီများစွာ အလောင်းခံရခြင်း အစိမ်ခံရခြင်းကဲ့သို့  ခံစားရသော ပုံစံမျိုးဖြစ်ပါသည်။ ထို့ကြောင့် ထိုရောဂါ ဝေဒနာရှင်တို့ကို သနားညှာတာနားလည်မှု ရှိစေရန် ရည်ရွယ်၍ ထို  Ice-Bucket-Challenge ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထို Ice-Bucket-Challenge သည် ၂၀၁၄ ဂျူလိုင်-သြဂုတ်လများတွင် ကမ္ဘာတ၀ှမ်း ရေပန်းစားလာခဲ့သည်။ 
စိန်ခေါ်ပုံမှာ မိမိကိုယ်ကို ရေခဲရေဖြင့် လောင်းပြီး သို့မဟုတ် အလောင်းခံပြီး သို့မဟုတ် ရေခဲရေစိမ်ပြီး မိမိရင်းနှီးကျွမ်းဝင်သူ သို့မဟုတ် ဆွေမျိုးတို့ကို နာမည်ထုတ်ဖော်ပြီး စိန်ခေါ်ရသည်။ ဥပမာအားဖြင့်... ကျနော် အန်တီတင့် ဆရာဟန် ကမိုးသက် တို့ကို စိန်ခေါ်ပါတယ်.. ဆိုပြီး မိမိကိုယ်ကို ရေခဲရေလောင်းရန် သို့မဟုတ် ရေခဲရေထဲ ဆင်းစိမ်ရန် ဖြစ်ပါသည်။ ထိုကဲ့သို့ စိန်အခေါ် ခံရသူတို့သည် ၂၄ နာရီအတွင်း မိမိ ထပ်မံစိန်ခေါ်လိုသူများကို နာမည်ထုတ်ဖော် စိန်ခေါ်ပြီး ကိုယ်တိုင်လည်း ရေခဲရေဖြင့်လောင်းခြင်း သို့မဟုတ် ရေခဲရေထဲစိမ်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ပြန်လည်တုန့်ပြန်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက ရံပုံငွေ ပေးလှူရမည် ဖြစ်သည်။ 
အမှန်မှာ စိန်ခေါ်ခံရသူသည် စိန်ခေါ်သည့်အတိုင်း ပြုလုပ်နိုင်ပါက အမေရိကန် ဒေါ်လာ တစ်ဆယ်သာ ပေးလှူရမည် ဖြစ်ပြီး အကယ်၍ စိန်ခေါ်မှုအတိုင်း မပြုလုပ်နိုင် (ရေခဲရေဖြင့် မလောင်းနိုင် မစိမ်နိုင်) ပါက  အမေရိကန် ဒေါ်လာ တစ်ရာတိတိ ပေးလှူရမည် ဖြစ်သည်။ ဆိုလိုသည်မှာ စိန်အခေါ်ခံရသူသည် စိန်ခေါ်မှုအတိုင်း လုပ်နိုင်သည် ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ ရံပုံငွေ ပေးလှူရမည် ဖြစ်သည်။ အနည်းနဲ့ အများသာ ကွာသည်။ သို့သော် စေတနာအလျှောက် အလှူငွေများစွာ လှူဒါန်းလိုကလည်း လှူဒါန်းနိုင်ပါသည်။ 
......
BPP (Blog-Post-Published) Challenge ဖြစ်ပေါ်လာပုံ..
ထိုအထက်ပါ Ice-Bucket-Challenge ကို အတုယူပြီး  ဘကုန်းရွာ (မြန်မာဘလော့) လေး စည်ကားတိုးတက်လာရန် စဉ်းစားမိလာသည်။ ဘကုန်းရွာလေးသည် ၂၀၀၈-၂၀၁၁ လောက်ထိ စည်းကားသိုက်မြိုက် လာခဲ့သမျှ ထိုကာလ နောက်ပိုင်း၌ တစတစ ခြောက်သွေ့၍ လာလေသည်။ ဖဦးထုပ်ရွာ (ဖေ့ဘုတ်စ်) လေး စည်ကားလာပြီး နောက်ပြီး ဘကုန်းရွာသူ ရွာသားများ ဖဦးထုပ်ရွာသို့ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကုန်ကြသည်မှာလည်း ဘကုန်းရွာ ဆုတ်ယုတ်ရခြင်း၏ ကြီးမားလှစွာသော အကြောင်းတစ်ခု ဖြစ်ပေသည်။ 
မည်သူ့မည်သူ့ကိုမှ အပြစ်မပြောလိုပါ။ အဆင်ပြေရာဒေသ၌ ကျက်စားကျင်လည်တတ်ကြသည်မှာ တိရစ္ဆာန်အစ လူနတ်ဗြဟ္မာအဆုံး=သတ္တ၀ါအားလုံးတို့၏ ဓမ္မတာကြီးတစ်ခု မဟုတ်ပါလော။ သို့သော် မိမိမွေးဖွားရာဒေသ ဘကုန်းရွာလေးကို မေ့ထားကြသည်ကိုတော့ ပြောမပြတတ်အောင် ၀မ်းနည်းကြေကွဲမဆုံး  ဖြစ်ရလေသည်။ နိုင်ငံအသီးသီး၌ ကြီးပွါးတိုးတက်နေကြသည့် ဘကုန်းရွာသူ ရွာသားများကို လွမ်းဆွတ်သတိရ၍လည်း ဖြေမဆည်နိုင်ဖြစ်ရသည်။ အတိတ်က သူတို့၏ လက်ရာလှလှများကို တဖန်ခံစားထိတွေ့ လိုမိသည်။ သူတို့၏ အနုအရွအလှတို့နှင့် ဝေးကွာနေရသည့်အတွက် စာပေရသသွက်ချာပါဒ ဖြစ်နေမိသည်။ ဘကုန်းရွာချစ်သူပီပီ ဘကုန်းရွာသူရွာသားတို့၏ လက်ရာမွန်လေးများကို မစားသုံးရသည့်အတွက် အကန်းကဲ့သို့ အဆွံ့ကဲ့သို့ အအကဲ့သို့ အရူးကဲ့သို့ ဖြစ်နေပေသည်။
ထိုကဲ့သို့ ဘကုန်းရွာဖြစ် လက်ရာလှလှများ ရှားပါးလာမှုအတွက် စာပေရသသွက်ချာပါဒ ခံစားနေရခြင်းသည် "စာတတ်မြောက်ချင်ပါလျှက် အခြေအနေ အချိန်အခါ အရပ်ဒေသ ဆင်းရဲမွဲတေမှုတို့ ကွာဟချက်အရ စာပေမတတ်မြောက်ရှာလေသော သူတို့နှင့်  အဆင့်နိမ့်စာသင်ကျောင်း အဆောက်အဦအတွင်းတို့၌ ပင်ပန်းဆင်းရဲစွာ ပညာသင်ကြားနေကြသော မြန်မာ့ရင်သွေးငယ်လေးများ၏ သိမ်ငယ်ဝမ်းနည်း နေရသည့် ခံစားမှု" တို့နှင့် ထပ်တူကျလေသည်။ ထို့ကြောင့် ထိုကဲ့သို့ ပညာရေးချို့တဲ့ ရှာလေသော ရင်သွေးငယ်များကို ကိုယ်ချင်းစာ နားလည်ပေးနိုင်ရန်အတွက် ဤ BPP-Challenge အစီအစဉ်ကို စတင်လိုက်ခြင်းဖြစ်ပါသည်။ 
စီစဉ်ပုံမှာ မိမိကိုယ်တိုင် ဘလော့ပေါ်၌ ပို့စ်တစ်ပုဒ်တင်ပြီး မိမိနှစ်သက်ရာ ဘလော့ဂါများကို အများဆုံး ဆယ်ယောက်အထိ စိန်ခေါ်ရန်ဖြစ်ပါသည်။ စိန်ခေါ်ခံရသူတို့သည်လည်း ဘလော့ပေါ်၌ ပို့စ်တစ်ပုဒ်တင်ခြင်းဖြင့် ပြန်လည်တုန့်ပြန်ရမည် ဖြစ်သည်။ ထိုကဲ့သို့ တုန့်ပြန်ရာ၌လည်း မိမိနှစ်သက်ရာ ဘလော့ဂါ အများဆုံး ဆယ်ယောက်အား ထပ်မံ၍ စိန်ခေါ်နိုင်ပါသည်။ အချိန်မီ မတုန့်ပြန်နိုင်ပါက ကလေးပညာရေးအသင်းအဖွဲ့တစ်ခုခုအား အလှူငွေ ၅၀၀၀ ကျပ် ပေးလှူရမည်ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ဘကုန်းရွာလေးစည်ကားလာပြီး ပညာရည်သောက်သုံးနေသော မြန်မာ့ရင်သွေးငယ်များအတွက်လည်း ပညာရေး ရံပုံငွေ အထောက်အပံ့ ဖြစ်စေသည်ဆိုလျှင် ၀မ်းသာမဆုံး တပြုံးပြုံး ဖြစ်နေမိမှာ သေချာပါတော့သည်။
သတ်မှတ်ချက်များကို အောက်ပါအတိုင်း အကြမ်းဖျင်း ပြုလုပ်ထားပါသည်။ လိုအပ်သည်များကို ထပ်ဖြည့်ပေးကြရန်လည်း တောင်းခံပါသည်။ 
၁။ ဘလော့ဂါတစ်ယောက် တစ်ခါ BPP-Challenge လုပ်လျှင် ဆယ်ယောက်ထက် ပိုပြီး မလုပ်ရ။
၂။ BPP-Challenge လုပ်ထားကြောင်း အချိန်မီ အကြောင်းကြား၍ ရနိုင်သည့် ဘလော့ဂါတို့ကိုသာ BPP-Challenge လုပ်ရမည်။
၂။ BPP-Challenge အလုပ်ခံရသူသည် BPP-Challenge လုပ်ပြီး နှစ်ပတ်အတွင်း ဘလော့ပေါ်၌ ပို့စ်တစ်ပုဒ် တင်ရမည်။
၃။ BPP-Challenge အလုပ်ခံရသူသည် မိမိနှစ်သက်ရာ ခေါင်းစဉ်၊ မိမိနှစ်သက်ရာ အကြောင်းအရာတို့ကို ရေးနိုင်သည်။
၎။ နှစ်ပတ်ကျော်လွန်ပြီး ပို့စ် မတင်နိုင်ပါက မိမိနှစ်သက်ရာ  ပညာရေးလုပ်ငန်းသို့ မြန်မာကျပ်ငွေ ၅၀၀၀ နှင့် ညီမျှသော သက်ဆိုင်ရာငွေကြေး အလှူငွေကို ပေးလှူရမည်။ (ထိုထက်ပို၍ ပေးလှူလိုပါကလည်း လက်ခံပါသည်)။ (မြန်မာမုဒိတာအဖွဲ့ဝင်ပီပီ ဦးစွာအနေဖြင့် မြန်မာမုဒိတာသို့ ပေးလှူရန်ဟု အကြံပြုချင်သည်)။း)
၅။ လှူဒါန်းမှု ပြုလုပ်ပြီးသော ဘလော့ဂါများကိုလည်း နှစ်ပတ်ကျော်လွန်ပါက ထပ်မံ၍ BPP-Challenge လုပ်နိုင်သည်။
၆။-BPP-Challenge လုပ်ခြင်းကို တစ်ခုမက များစွာ ပြိုင်တူ ခံရလျှင် အားလုံးအတွက် ပို့စ်တစ်ပုဒ် ရေးပြီးတုန့်ပြန်ပါက အလုပ်ပြီးမြောက်သည်ဟု မှတ်ယူပါမည်။ 
၇။-မိမိ BPP-Challenge လုပ်ထားသူများကို အသိပေးရာ၌ တဂ်(Tag) လုပ်ထားသည်ဟု မသုံးဘဲ ချဲလင့်  (Challenge) လုပ်ထားသည်ဟု အသုံးပြုရန် ဖြစ်ပါသည်။
၈။ ပို့စ်တင်ပြီးကြောင်း အသိပေးရာ၌ ပိုမိုမြန်ဆန်စွာ စာဖတ်သူထံ အချိန်နဲ့ တပြေးညီ ရောက်ရှိစေရန် https://www.facebook.com/groups/mbcdays/ သို့ သွားရောက်ပြီး အသိပေးစေလိုပါသည်။ ထိုဖေ့စ်ဘုတ်ကိုလည်း မိမိတို့ကိုယ်ပိုင် ဖေ့စ်ဘုတ်နဲ့ ချိတ်ဆက်ထားစေလိုပါသည်။
၉။ မိမိကတဖန် ပြန်ပြီး ချဲလင့်ပြန်လုပ်ရာတွင် ချဲလင့်လုပ်ခံထားရသူများ အချိန်မီ သိရှိစေနိုင်ရန်အတွက် အထက်ပါ ဖေ့စ်ဘုတ်၌သော်လည်းကောင်း၊ ထိုသူတို့၏ ဘလော့စီဘောက်စ်၌သော်လည်းကောင်း၊ ထိုသူတို့၏ ဘလော့နောက်ဆုံးပို့စ်၌ ကွန်မင့်ပေး၍သော်လည်းကောင်း အသိပေးကြစေလိုပါသည်။
၁၀။=Ice-Bucket-Challenge နှင့်BPP-Challenge တို့၏ ကွာခြားချက်မှာ Ice-Bucket-Challenge အလုပ်ခံရသူသည် ပြန်လည်တုန့်ပြန်နိုင်လျှင် ၁၀ ဒေါ်လာ၊ မတုန့်ပြန်နိုင်လျှင် ဒေါ်လာ ၁၀၀ ပေးလှူရမည်ဖြစ်သော်လည်း BPP-Challenge အလုပ်ခံရသူမှာ ပြန်လည်တုန့်ပြန်နိုင်လျှင် အလှူငွေ ပေးလှူရန် မလိုပေ။ မတုန့်ပြန်နိုင်မှသာ ၅၀၀၀ ကျပ် ပေးလှူရန် ဖြစ်ပါသည်။
၁၁ ။ လိုအပ်ပါက အများစု သဘောတူညီမှုဖြင့် စည်းကမ်း အလျော့အတင်း ပြုလုပ်နိုင်သည်။
.....
သူကြီးမင်းအနေဖြင့် ဦးစွာ ပထမ ဈေးဦးပေါက် အောက်ပါ ဘလော့ဂါများအား BPP-Challenge လုပ်ပါသည်။ ကျေးဇူးပြု၍ တုန့်ပြန်ပေးကြစေလိုပါသည်။  
သဘောမတူပါကလည်း မည်သို့မျှ စိတ်တွင်းမရှိပါ။ အတင်းအကြပ်သဘောမျိုး ဖြစ်သွားပါကလည်း တောင်းပန်ပါသည်။ ဘကုန်းရွာလေး စည်ကားဖို့လိုရင်းသာ ဖြစ်ပါသည်။
မေတ္တာဖြင့်
သူကြီးမင်း (တုံးဖလား)
.
21 comments:
  1. အဟွတ် ချဗျာ
    ပုံ
    မစိန်တင်
    ReplyDelete
  2. အားပေးလျှက်ပါ ... အကိုရေ.. :)
    ReplyDelete
  3. စာမွဲပီးမှ
    သင့်
    ငမိုး :)
    ReplyDelete
  4. သာဂျီးမင်း
    အားပေးပါကြောင်း.............
    ReplyDelete
  5. ဖွဘုတ်ပေါ်မှာ tag လုပ်ပြီး အော်မှ ပိုပီပြင်တော့ပေမပေါ့ သူကြီးမင်းရဲ့...ဘကုန်းရွာကနေ အော်နေရင် လူသိပ်မကြားတော့ဘူးဗျ...
    လောလောဆယ်မှာ ဖဦးထုပ်က ဘကုန်းထက် ပိုပြီး တိုက်ရိုက်ကျနေတော့ သူ့ဆီမှာ သတင်းပို့မှ အကုန်လုံး သိတာဆိုတော့လည်း ကျွန်တော်ပါ ၀ိုင်းအော်ပေးမဗျာ...
    ReplyDelete
  6. ရေးမယ်... ရေးမယ်... အဲ့သာမှ ဘလော့မှာ ပြန်ရေးဖြစ်မှာ... ကျေးဇူး အထူး တဂျီးမင်း... :)
    ReplyDelete
  7. ဘလော့နဲ့ပတ်သက်လို့ကတော့ စိန်ခေါ်ရင် တိမ်ပေါ်အထိလိုက်ချင်ပါရဲ့ သူကြီးမင်းရေ.. ရေခဲရေနဲ့ ခေါင်းပေါ်ကလောင်းတဲ့ စိန်ခေါ်တာဆိုရင်တော့ ဘွာတေး တီတင့်က အေးတာကိုကြောက်တယ် $ 10 ပေးပါ့မယ် :P စာအရေးကောင်းတဲ့ သူကြီးမင်းကို ကျေးဇူးအရမ်းတင်သွားပြီ ရန်ကုန်အလည်ရောက်လို့ကတော့ သူကြီးမင်းမအားလဲ တီတင့်စားစရာတွေ သူကြီးမင်းရှိရာကို အရောက်သွားပို့မယ်။ ကိုယ်စိန်ခေါ်တာကို စိန်ခေါ်ခံရသူသိအောင် ဖဘရွာကိုဝင်ပြီး အော်။ ပြီးတော့ စိန်ခေါ်ခံရသူရဲ့ဘလော့မှာရှိတဲ့ စီပုံးဖြစ်ဖြစ် စီပုံးမရှိရင် သူတင်ထားတဲ့ နောက်ဆုံးပုဒ်ရဲ့ ကွန်မန့်မှာဖြစ်ဖြစ် အော်။ အဲ့ဒီလိုဆိုရင် ပိုသိလွယ်မယ်ထင်တယ် သူကြီး။ ဘာပြောပြော သူကြီးမင်းရဲ့ တိုက်တွန်းချက်လေးကို သဘောကျတယ်။
    ReplyDelete
  8. ဆွေလေးမွန်Tuesday, 2 September 2014 at 07:06:00 BST
    ပို့(စ်) အသစ်လေးတွေ ဖတ်ရချည်သေးရဲ့
    ReplyDelete
  9. ရေးမယ်လေ ..ရေးတာပေါ့ ..ခဏတော့စောင့်ပေး
    ReplyDelete
  10. ချသာချဗျာ ဂွတ်မယ်ထင်ရင်ဒူးသာဒူးဗျို့
    ReplyDelete
  11. ဒေါ်စိန်တင်
    အဟွတ်ဆိုပြီး ကျန်းမာရေး မကောင်းတာကို အကြောင်းပြ မရေးဘဲ မနေနဲ့ ၅၀၀၀ တွေ များသွားမယ်နေား)
    အိန်ဂျယ်
    အားလဲပေး ရေးလဲရေးး)
    ကမိုးသက်
    စာမေးပွဲ ပြီးတာနဲ့ ချက်ချင်းလေး နေား)
    စံပယ်ချို
    အားပေးတာတင် မလုပ်နဲ့ အလှည့်ကျရင်တော့ မနွဲ့ကြစတမ်းနော။ နောက်ဆို ချဲလင့်တွေ လာလိမ့်မယ်း)
    ဆရာဟန်
    ကျေးဇူးဘဲဗျာ ၀ိုင်းဝန်းနိုးဆော်ပေးလို့။
    စုချစ်သူ
    ရေးမယ် ရေးမယ် ဆိုပြီး အားရပါးရ ပြောပြီး ပျောက်မသွားနဲ့ဦးး)
    တီတင့်
    တီတင့်လက်ရာတွေ စားရချေသေးရဲ့။း)
    တီတင့်ပြောသလိုဘဲ...စိန်ခေါ်ခံရသူတွေကို ဖဘထဲ သွားအော်မှ ပိုအဆင်ပြေမယ်နော်။ ဒါမှ မဟုတ်ရင်လဲ စီပုံးတို့ နောက်ဆုံးပို့စ်တို့မှာပေါ့။
    ဒီလိုလေးဆိုရင် ပိုမကောင်းမလား မသိဘူး။ စိန်ခေါ်ခံရသူတွေ သိစေဖို့နဲ့ စိန်ခေါ်ထားတာကို တုန့်ပြန်တာတို့ကို တီတင့် လုပ်ထားတဲ့ ဖဘ မြန်မာဘလော့ဂါမများကွန်မင့်ပေးနေ့ မှာ သွားတင်ပေးကြစေလိုပါတယ်..လို့ စည်းကမ်းတစ်ချက် ထပ်တိုးလိုက်ရင် ပိုကောင်းမယ်ထင်တယ်နော။ အဲဒီ ဖဘကိုလဲ ဖဘရှိတဲ့ ဘလော့ဂါတွေ အက်ဒ်ပေးကြပါလို့ တောင်းပန်သမှုပြုပြီးပေါ့။
    ဆွေလေးမွန်
    ဖတ်ဖို့သာ ပြင်ထားတော့နော်။ အဲ.. ဒါပေမဲ့ ရေးဖို့လဲ မေ့မနေနဲ့ဦးး)
    ဘလက်ရို့စ်
    ရေးမယ်လို့ ကတိပေးထားပြီးပြီနော် ၀က်မလေး။ နောက်မှ ပြေးရှောင်မနေနဲ့း)
    သက်တန့်ချို
    ချသာချဗျာ အပြင် ချမယ်ရေးမယ်လေးလဲ လုပ်ပေးပါဦးး)
    ReplyDelete
  12. ဂလိုလား... နှစ်ပတ် တစ်ပုဒ်ဆိုတော့ အေးဆေးပါ... ဟဟဟိ
    ReplyDelete
  13. ဂလိုလား... နှစ်ပတ် တစ်ပုဒ်ဆိုတော့ အေးဆေးပါ... ဟဟဟိ
    ReplyDelete
  14. စာရေးကောင်းတဲ့ဘလော့ဂါတွေကိုသိခွင့်ရလို့ ကျေးဇူးပါသူကြီးမင်းရေ...။ သူကြီးမင်းပီသပါပေတယ်သူကြီးမင်းရယ်...။ ရွာသူရွာသားတွေကိုနှိုးဆော်ပုံများ မလုပ်မနေရလဲမဟုတ်သလို မလုပ်ပဲလဲ နေလို့မရအောင်နှိုးဆော်တတ်ပါပေတယ်။ ဘလော့ရွာကြီး စည်စည်ကားကားနဲ့ပျော်ဖို့ကောင်းလာအုံးမှာတော့ မြင်းရောင်းမိပါသေးရဲ့...
    ReplyDelete
  15. Aunty Tint name is on top of the list, heehee
    Good Idea brother, Brovo (Y)
    ReplyDelete
  16. BPP Challenge post များ လိုက်လံဖတ်ရန်အသင့် … ဟီးး ၅၀၀၀ လှူချင်ရင် အမီးတို့အဖွဲ့ကိုလည်း လှူလို့ရတယ်နော်(ကြော်ငြာဝင်တာ) … :P … blog ရွာလေး ပြန်လည်စည်ကားလာဖို့ မျှော်လင့်လျှက်ပါ … :)
    ReplyDelete
  17. ငယ်ငယ်တုန်းက ခိုတမ်းကစားလိုမျိုးပေါ့။ သိပ်တော့မတူဘူးထင်ပ။
    :)
    ReplyDelete
  18. ပိုစ့်လေးကို ခုမှ ဖတ်ရတာ ခွင့်လွှတ်ပေးပါ သူကြီးမင်း.
    ရည်ရွယ်ချက်လေး အရမ်းကောင်းပါတယ်.
    ဖတ်ရင်းဖတ်ရင်း သဒ္ဓါ့နာမည်လေးတွေ့လို့ ပြုံးသွားရပါတယ်.. ကြိုးစားမှာပါ...
    (ဘကုန်းရွာလေးစည်ကားလာမှာမို့ သူကြီးမင်းရဲ့အကြံကိုကြိုဆိုပါတယ်..)
    သတိတရအတွက် ကျေးဇူး...
    ခင်မင်လျက်
    သဒ္ဓါ
    ReplyDelete
  19. ဒီလိုလေး အရှိန်အဟုတ်မြှင့်လိုက်တော့လည်း
    တမျိုးကောင်းတာပေါ့ ရှင်
    စာလေးတွေဖတ်ခွင့်ရတာပေါ့
    အားလုံးက အရည်အချင်းရှိကြသူတွေပါ
    ဖေ့ဘုတ်မှာပဲ မေ့မေ့ပျောက်ပျောက် ပျော်နေကြတော့
    စာကောင်းကောင်းရေးဖို့ စိတ်မကူးကြတော့ဘူး
    ခုတော့ အစီအစဉ်ကောင်းလေးဖြစ်သွားတာ
    သူကြီးမင်းတို့  မတင့်တို့ ကိုကျေးဇူးတင်မိတယ်
    သွေးတော့လည်း ထက်ကြတာပေါ့ရှင်
    ဒီတိုင်းပစ်ထားရင် သံချေးတက်ကုန်မှာပေါ့
    ReplyDelete
  20. အစ်ကို အဲလို Challenge လုပ်နေမှန်း မသိဘူး... ဒီလိုပဲရေးချင်မိလို့ ရေးလိုက်တာ... မဗေဒါဘလော့ကတော့ ပိုစ့်တွေအများကြီးမရေးဖြစ်ပေမဲ့ ၁လ အနည်းဆုံး ၁ပုဒ်တော့ တက်ပါတယ်... ဘလော့ရွာကြီး အရင်လို မစည်ကားတော့တာလဲ စိတ်မကောင်းဘူး... ခုလို အစ်ကို Challenge လုပ်တာ ကောင်းတယ်... အားပေးတယ်.. မဗေဒါဘလော့ကို မမေ့သေးပဲ လာဖတ်သွားတဲ့အတွက်လဲ ကျေးဇူးပါ...
    ReplyDelete
  21. သူကြီး အကြံ အရမ်းမိုက်တယ်း)
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။