Wednesday, 28 May 2014

ကဗျာဖွဲ့တေးသီ




ကောင်းကင်ပြာ
တိမ်လွှာဆိုင်းပါလို့
ညိုပြာမှိုင်း ၀တ်ရည်။

တေးသီဖော်
ငှက်တော် ရိုင်းရယ်က
ကိုင်းကူးလို့ ကြည်။ 

ဖြူလွှာလွှာ
မာလာပွင့်ပါလို့
ပနာသင့် သွေးညီ။

ဖန်ခါခါ
ရူပါဆင့်လို့ရယ်
ကဗျာနှင့် တေးသီ။


7 comments:

  1. မင်္ဂလာပါသူကြီး
    ကဗျာကမဆုံးသေးဘူးနော်
    ဆက်ဦး

    ReplyDelete
  2. သဂျီး ကဗျာက အဖျားရှူးနေသလိုပဲ။ :)

    ReplyDelete
  3. ဆက်ရေးပါ အပေါ်က ကဗျာဆရာမကြီးရေ

    ရွှေစင်ဦး

    ReplyDelete
  4. ကဗျာဉာဏ်ကွန့်လူးနိုင်တဲ့သူများကြတော့လည်း သစ်ရွက်လေးလှုပ်နေတာမြင်ရုံနဲ့ ကဗျာတစ်စက ထွက်ကျလာတော့တာပဲ... အားကျပါတယ်...တဂျီးမင်းရေ... အဲ့လိုလေး ရေးတတ်ချင်လိုက်တာ... :)

    ReplyDelete
  5. ကဗျာထဲက ကောင်းကင်ပြာ
    ပုံထဲက ကောင်းကင်ပြာ
    ထင်ဟပ်လှတယ်

    ReplyDelete
  6. ကဗျာအချိုး သရေတိုး ဖြိုးမောက်လှပါတယ်...

    ReplyDelete
  7. ဒီကဗျာလေးနဲ့တင် ဒီညဘလော့ရွာလည်ရတာ တန်သွားပြီး ....

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။