Wednesday, 5 February 2014

သူကြီးမင်း သူ့အမေရိုက်သလို

 ကျောင်းခေါ်ချိန်
အိမ်ကထွက်
ယက်ကန်သွား
သွားပြင်းသူ
ဘူတာရောက်
နှောက်ဖို့ဖန်
ဟန်မကျ
ရထားပိတ်
စိတ်ကနာ
ရွာတဲ့မိုး
ဆိုးရွားနေ
လေကတိုက်
ခိုက်ခိုက်တုန်
မှုန်ရီစွာ
လာတဲ့ဘတ်စ်
ကပ်လိုက်သွား
အားတင်းကာ
သာယာခြင်း
ရှင်းရှင်းပျောက်
ခြောက်ကပ်နေ
လေတဲ့စိတ်
သိပ်မျိုထား
ကားကိုရပ်
ထပ်ပြီးဆင်း
တင်းလို့လျှောက်
နောက်ကြောင်းပြန်
ပြန်ပြီးချိန်း
ထိန်းတဲ့စိတ်
ကြိတ်ပြီးခံ
မှန်ကန်စွာ
စာနာမှု
ပြုစေကြောင်း
ကျောင်းခေါ်ချိန်
အိမ်ကထွက်
ယက်ကန်သွား
သွားပြင်းသူ...း)

(ဒီနေ့နှင့်မနက်ဖန် မြေအောက်ရထား စထရိုက်ခ်လုပ်ထားတဲ့အတွက် ရထားလုံးဝမပြေးဆွဲဘူးတဲ့။ ဘာမှ မစုံစမ်းဘဲ ရမ်းသမ်းပြီးသွားတော့ ဒီလိုဘဲ မိုးသဲသဲထဲမှာ......)


.

4 comments:

  1. သူကြီးမင်း သူ့ အမေ ရိုက်တာ အရမ်းနာလားဟင်။

    ReplyDelete
  2. မိုးသဲသဲမှာ မောင် မငိုပဲ တဂျီးမင်းငိုနေပြီထင့် ...:P
    အပေါ်က ကဗျာလေးဖတ်တော့ တီတင့်ကျောင်းတက်စ ဘ၀လေး အတွေးထဲပြန်ဝင်လာတယ် တစ်ကျောင်းလုံးမှာ ကျောင်းပြေးတာ နံပါတ်၁ ချိတ်တယ် ဟာဟ မယုံရင် အဒေါ်တွေမေးကြည့်.. :D

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  3. လူပြိုကြီးဆိုတော့ အဖော်မဲ့ တအားချမ်းနေရှာမှာပေါ့လေ


    မောင်ဘကြိုင်

    ReplyDelete
  4. ဖြစ်မှ ဖြစ်ရပလေ... တဂျီးရယ်... :P

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။