Wednesday, 10 April 2013

ပီတိမျက်ရည် ထူထူတွေနဲ့ပေါ့

ခလေးရယ်
ဖေဖေ့ကို လွမ်းလို့တဲ့လား
ပြောတတ်လိုက်တာ။

လွမ်းပါခလေး
တေးဆိုတတ်တဲ့ ခလေးအတွက်
ခလေးရဲ့အဖေ
သာဓုတွေ ဝေနေမှာပါ။

ဦးတို့မျက်ရည်တွေလဲ
ကီးဘုတ်တွေမှာ ပေရေလို့ပေါ့။

ပြီးတော့...

စန္ဒကိန္နရီတဲ့လား 
ကလေးရယ်
ဆိုတတ်လိုက်တာ။

ကလေးရဲ့ အနုပညာစွမ်းရည်ကို
တောင်ပြာတန်းတွေနဲ့အတူ
မြန်မာမို့ ဂုဏ်ယူနေတယ် ကလေး။

ကလေးရဲ့ တေးသွားနဲ့အတူ
ပီတိမျက်ရည် ထူထူတွေနဲ့ပေါ့။
...

သာဓုခေါ်ပါ အဖေ (မြင့်မြတ်သူ)


စန္ဒကိန္နရီ (မေသက်ထားဆွေ)


တောင်ပြာတန်းနှင့်ကျောပိုးအိတ် (မေသက်ထားဆွေ)


.

16 comments:

  1. ညိတယ်ဗျာ။

    ReplyDelete
  2. သူဂျီးမင်း ကဗျာလေးအရမ်းကောင်းတယ်။ကလေးအတွက်
    စေတနာကဗျာလေးပေါ့ ။သူတို့ သီချင်းလေးတွေ အရင်းကတည်းနာထောင်ဖြစ်တယ် အခုလဲထပ်နားထောင်သွားတယ်နော် ။

    ReplyDelete
  3. နားမထောင်ဖြစ်ပေမယ့် ကဗျာဖတ်ရင်း ကိုယ်ချင်းစာခံစားမိပါတယ်ဗျာာာ

    ReplyDelete
  4. လာရောက်နားထောင်နေသူပါရှင်

    ReplyDelete
  5. ထပ်မံခစားသွားပါကြောင်း ဦးသူကြီးမင်း...

    ReplyDelete
  6. ထင်တော့ထင်သား... သူသီချင်းတွေ တင်တော့မယ်ဆိုတာ ဟွင်းးးးးးးးးး

    ReplyDelete
  7. ကူးကူးလှိုင်Thursday, 11 April 2013 at 03:59:00 BST

    ပါရမီရှင်လေးတွေပေါ့နော်...

    ReplyDelete
  8. အားရင် သင်္ကြန် ကဗျာလေး လုပ်ပါဦး။
    သူကြီးမင်းလည်း လွမ်းနေတယ်ထင်ပါ့။
    ပါရမီရှင် အာဂါ့ ကလေးများပါပဲ။ လေးစားမိပါရဲ့။

    ReplyDelete
  9. အန်တီလေးမေခင်Sunday, 14 April 2013 at 06:00:00 BST

    ကလေးရဲ့ တေးသွားနဲ့အတူ
    ပီတိမျက်ရည် ထူထူတွေနဲ့ပေါ့။
    TV မှနားထောင်ပြီးသားလေးတွေကိုထပ်ဆင်.နားထောင်သွားပါကြောင်း။

    ReplyDelete
  10. make me cry, thanks a lot


    ReplyDelete
  11. အသက်အရွယ် ငယ်ပင်ငယ်သော်လည်း ထက်မြက်တဲ့ ပါရမီရှင်လေးပေါ့နော် ...
    စကားမစပ်သူကြီးမင်းလည်း ကဗျာလေးရေးရင်း သီချင်းလေးနားဆင်ရင်း မျက်ရည်တွေဝဲနေသလားလို့း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. အရွယ်နဲ့မလိုက်အောင် တော်လှတဲ့ ပါရမီရှင်လေးတွေပါ အစ်ကိုရေ ... ကဗျာလေးလည်း ဖတ်ရှုသွားပါကြောင်း ... :)

    ReplyDelete
  13. အဲဒီကလေး လေးကိုတော့ ကျွန်တော် တော်တော်လေးကို အံ့သြမိတယ် သူကြီး ရ ရွာက ဖွတ်ကြား သေခါနီး ဟေးလားဝါးလားတွေနဲ့တော့ ကွာပါ့ ။

    လမ်းကြုံကာမှ အနုပညာဆိုတာ အဲဒါလို့ ခေါ်ပြရဦးမယ်ဗျို့

    ကဗျာလေး ဘာလေး ရေးပါဦး သူကြီးရာ ဖတ်စရာ လိုက်ရှာနေရတာ စာအုပ်တွေကလည်း ဈေးကြီးပါဘိ ။

    ReplyDelete
  14. သူကြီးမင်းက ဂိမ်းဘယ်ကစားဖြစ်မလဲ...ကလေးတွေ သီချင်းဆိုတာထိုင်ကြည့်ပြီး ရွာက ဂျမ်းဘုံနဲ့သာ ငါအိမ်ထောင်ပြုဖြစ်ရင် ငါ့ကလေးလည်း ဒီအရွယ်ရှိပြီလို့တွေးပြီး ယူကြုံးမရ ဖြစ်နေတာကိုး...း)

    ဘာပဲဖြစ်ဖြစ် သူကြီးမင်းရေ...အနှီလောက် အရွယ်လေးတွေ အတို၊ အကွဲ၊ အပြဲတွေဝတ်ပြီး ရည်းစားမျှော် သီချင်းဆိုနေတာထက်စာရင် မြန်မာသီချင်းတွေ ဆိုနေတာ မြင်လိုက်ရတော့ ရင်အေးသွားတာတော့ အမှန်ပဲဗျို့...

    ReplyDelete
  15. ကွန်နက်ရှင်ကို အံတုလို့ နှစ်သက်စွာ ခံစားနားဆင်သွားပါတယ်..

    ReplyDelete
  16. မြင့်မြတ်သူလေးဆိုတဲ့ သာဓုခေါ်ပါ အဖေကို နားထောင်းဖူးစကဆိုလေ မြတ် မျက်ရည်တောင် မဆည်နိုင်ခဲ့ဘူး။ သီချင်းလေးက သိပ်ဝမ်းနည်းစေသလို သူဆိုထားတာလေးကကို ဆွေးမြေ့စေတယ်။ သီချင်းအဆုံးမှာ သူ တစ်ချက်ရှိုက်လိုက်ရော မြတ်လည်း ငိုပါလေရော။

    ခင်မင်တဲ့
    မြတ်

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။