Friday, 1 March 2013

ထိုငြမ်း ဆင့်တုံ့ မဆင့်တုံ့



 မြရွက်ရည်လူး၊ ပုရစ်ဖူးတို့
နွေဦးခေါ်သံ၊ တောင်လေပြန်စဉ်
ပန်းမာလ်တွတ်တိုး၊ တိတ်တခိုးဖြင့်
ကျိတ်ပိုး ပိုးပန်း၊ ရှက်သွေးဖြန်းသည်
ထိုပန်း ပွင့်တုံ့ မပွင့်တုံ့။

ပဇ္ဇုန်မိုးငယ်၊ လှသွေးကြွယ်ဘိ
သွယ်သွယ်စီးဆင်း၊ ရနံ့သင်း၍
ချစ်ခင်းမွေ့ယာ၊ ရွှင်ကြည်စွာဖြင့်
ကညာသည်းပန်း၊ ပွေ့ပိုက်နမ်းသည်
ထိုလမ်း ဖွင့်တုံ့ မဖွင့်တုံ့။

သဇင်တွေမွှေး၊ နှင်းတွေဖွေးပြီး
ဖြူသွေးကမ္ဗလာ၊ ဆောင်းဟေမာဝယ်
ဒေ၀ါသနား၊ ချမ်းစိမ့်အားကြောင့်
သွေးသား ရွှင်လန်း၊ ပျို လက်ကမ်းသည်
ထိုစမ်း ခွင့်တုံ့ မခွင့်တုံ့။ 
ထိုကမ်း ချင့်တုံ့ မချင့်တုံ့။
ထိုငြမ်း ဆင့်တုံ့ မဆင့်တုံ့။

.

22 comments:

  1. ကောင်းလိုက်တဲ့ မြန်မာကဗျာပဲဗျာ

    သဇင်တွေမွှေး၊ နှင်းတွေဖွေးပြီး
    ဖြူသွေးကမ္ဗလာ၊ ဆောင်းဟေမာဝယ်
    ဒေ၀ါသနား၊ ချမ်းစိမ့်အားကြောင့်
    သွေးသား ရွှင်လန်း၊ ပျို လက်ကမ်းသည်

    သည်အပုဒ်လေးက ကြွရွရွလေး ချစ်စရာ


    မောင်ဘကြိုင်

    ReplyDelete
  2. အလိုလေးလေး.....နုဖတ်နေတာပါပဲလား တဂျီးမင်းရယ်..၊
    သုံးရာသီကဗျာလေးက ချစ်စရာလေး....၊နို့....မတိလို့မေး
    စမ်းပါရစေဦး....၊တဂျီးက ငြမ်းဆင့်ပြီးဘာလုပ်မလို့တုန်း
    လို့...... :))))

    ReplyDelete
  3. ချစ်စရာ ကဗျာလှလှလေးပါပဲ။
    “ပန်းမာလ်တွတ်တိုး၊ တိတ်တခိုးဖြင့်” နေရာမှာ ကာရန်ယူထားတာထင်ပါတယ်။
    ကဗျာတစ်ပိုဒ်စီရဲ့ အချလေးတွေ သဘောကျတယ်။
    “ထိုငြမ်း ဆင့်တုံ့ မဆင့်တုံ့။” ကိုတော့ ပြုံးသွားတယ်။

    ReplyDelete
  4. သာဂျီးရေးတဲ့ကဗျာတွေကမှ မြန်မာကဗျာ
    ရာသီကဗျာစစ်စစ်လေးဖတ်ရတော့တယ်
    ကိုယ်တွေဖြစ် အဲလိုရေးတတ်ဘူး

    ReplyDelete
  5. very lovely poem...cheers:)))

    ReplyDelete
  6. အမလေးးးးးးးးးးးး
ုဟိုလူကြီးးးးးးးးးးးးးးးးးးးးးးး
    နုနေထှာရှင်
    ဖတ်ပြီး အသဲယားသွားတယ်
    တကယ်ကြီးးးးးးးးးးးး
    အဲ့ဒါ ဘာနဲ့ပြန်အလျော်ပေးဖို့ စဉ်းစားထားလဲ :P

    ဟိ ကဗျာလေးကောင်းတယ်..
    အရမ်းလဲ ကြိုက်တယ်...
    အဲလိုရေးတတ်တာကို နာလိုဘူးးးးးးးးးးးး
    အသစ်တွေ့ရင်လဲ မလာပဲ မနေနိုင်ဘူးးးးးးးးးးး
    ပြီးတော့ ဘာကျန်သေးလဲ
    ဟင့်အင်း ဘာမှကျန်တော့ဘူးးးးးးး ဒါဗြဲ :)

    ReplyDelete
  7. ကဗျာလေးက ချစ်စရာလေး..ပန်းမာလ်တွတ်တိုး၊ တိတ်တခိုးဖြင့်..မာလ်လို့  သုံးထားတာ ထူးခြားတယ်..ကိုညိမ်းနိုင် အမေးကို လင်းပါးဦး တဂျီးမင်း...း)

    ReplyDelete
  8. မိုးနတ်က ရိုးရိုးသရုပ်ဆောင်ကနေ အငြိမ့်မင်းသမီး ဖြစ်သွားလေသလား မသိ ဟိ ဟိ ဟိ။ (မှတ်ချက် ဟိ ဟိ သည် ကာရန်ကိုက်အောင် ယူထားခြင်းမျှသာ ဖြစ်သည်)

    ရာသီသုံပါး သရုပ်များကို
    ရွှန်းစိုလှပ ၀ါကျများသုံး
    သီကုံးရေးစပ် ဖတ်သူ့ရင်မှာ
    ပီတိဖြာလျက် လွန်နှစ်သက်ရှင့်...
    (ဘာကဗျာလည်း မသိ ဟိ၊ မှတ်ချက် ရှင့်သည် Miss Juice ကဗျာမှ ယူသုံးသည်)




    ReplyDelete
  9. မောင်ဘကြိုင်။
    လူပြိုကြီးဖြစ်သွားပြီဆိုတော့ ဘလော့အလည် ကျဲသွားပြီပေါ့။ ဒါပေမဲ့ အနုအရွတော့ ခံစားတတ်သေးသား။း)

    ကမောင်လေး (ခ)ကညိမ်းနိုင်။
    ငြမ်းဆင့်ပြီးရင်တော့ ကမ်းလင့်ရုံဘဲပေါ့။ လွမ်းချင့်စရာကြီးနော်။ ဒါပေမဲ့ သူကြီးမင်းက ဘုရားပြီးလဲ ငြမ်းမဖျက်တတ်ဘူး ဆိုတဲ့ အကြောင်း။း)

    ရွှေအိမ်စည်။
    "ထိုငြမ်းဆင့်တုံ့ မဆင့်တုံ့" ကို ပြုံးသွားတယ်ဆိုတော့ ဘယ်လို ဘာသာပြန်သွားလဲ မသိ။း)

    စံပယ်ချို။
    ကြောင်စမင်းကလဲ မြန်မာစာနဲ့ ရေးတော့ မြန်မာ ကဗျာပေါ့။ မဟုတ်လား။း)
    ကြောင်စမင်းရေးတာလဲ မြန်မာကဗျာဘဲလေ။ ဖတ်လို့ ကောင်းမှကောင်း။

    အနောနိမတ်စ်။
    ကျေးဇူးအထူးတင်ပါတယ်။ လာ အားပေးတာ။

    မိုးနတ်ကြယ်စင်။
    အသဲယားသွားရင် ပင့်ကူအရှင်တစ်ကောင် မျိုချလိုက်။ ဗိုက်ထဲရောက်ရင် အယားပြေအောင် ကုတ်ပေးလိမ့်မယ်။ သူကြီးမင်းက အဲဒါဘဲ ကူညီနိုင်တာ။း)
    သူ့ကွန်မင့်ဖတ်ရတာလဲ အပြေးသမားတွေ အပြေးပြိုင်ပွဲမှာ သေနတ်မဖောက်ခင် ပြေးရတော့မလို မပြေးဘဲ နေရတော့မလိုလို ခံစားမှုမျိုး။း)

    စန်းထွန်း။
    ပန်းမာလ်လို့ သုံးထားတာက မာလာဆိုတဲ့ ပါဠိပုဒ်က လာတာမို့လေ။ (မာလာ=မာလ်= ပန်း)။ ပန်းမာန်လို့ရေးရင် (မာန=မာန်)လို့ ဖြစ်နေမှာမို့။
    ကညိန်းအမေးကို ဖြေထားပြီးကြောင်း။း)

    ဘုန်းနှစ်တောက်။
    ဒီတစ်ခါ မှတ်ချက်တွေ အတော်များတယ်။ ကာရန်ကိုက်အောင် " ဖြစ်သွားလေသလားမသိ ဟိ ဟိ ဟိ" လို့ ရေးရင် "လွန်နှစ်သက်၏ရှင့် ဟင့် ဟင့် ဟင့်" လို့လဲ လုပ်ဦးမှပေါ့။း)

    ဘုန်းနှစ်တောက်လဲ ကဗျာလေးတွေ ဖြစ်တယ်နော်။ စမ်းကြည့်ပါလား။ လေး သုံး နှစ် (သို့မဟုတ်) လေး သုံး တစ်။ ရေးကြည့်ရင်းနဲ့ လွယ်ကူလာလိမ့်မယ်။

    ဥပမာ။
    တောက်ပကြယ်စင်
    စာပေသင်၍
    ပြုံးရွှင်ပီတိ
    ပျော်ရွှင်မိသည်
    အဟိ ရယ်မော တသောသော။
    (လေး သုံး နှစ်)

    ဘုန်းတောက်ထေရ်ရှင်
    ကဗျာမြင်၍
    ရွှင်ကြည်မျက်နှာ
    ပြုံးရိပ်ဖြာသည်
    မာပါစေကြောင်း သာစေကြောင်း။
    (လေး သုံး တစ်)

    စသဖြင့် စသဖြင့်ပေါ့ ဘုရား။ အဲဒီ အစဉ်အတိုင်းသာ ကြိုက်သလောက် လှိမ့်ပေတော့။ သံစဉ်ကိုက်သွားလိမ့်မပေါ့ ဘုရား။

    ဟာ ဟ။ ပညာရှင်ကို ဆရာလုပ်မိသွားပြီလား မသိ။း)
    ..

    ReplyDelete
  10. ပိစိကို အားကျလို့ ကဗျာလေး မ-သွားဘီ
    ကျေးကျေးပါ သူကြီးမင်းရယ်...နော်။ ဟုတ်လား

    ReplyDelete
  11. ဥတုသုံးလီ ကဗျာစီ၍
    ရာသီအလှ သဘာဝကို
    ခွန်းစဆိုညည်း တို့သူကြီးတွက်
    မငြီးချစ်ဖွယ် ထိုသောမယ်သည်
    ဘယ်ဝယ်ဌာန ရှိပါစဟု
    စိတ်ကရည်မှန်း ရင်ဝယ်နွမ်းမိ
    ထိုစန်းမြင့်တုံ မမြင့်တုံ...။ ။

    ( ဟဲ ဟဲ ... အဖြည့်ခံရတု မဟုတ်သော်ငြားလည်း တစ်ပိုဒ်ထပ်ဖြည့်ပေးလိုက်တယ်...အချီပိုဒ်တွေ နဘေယူမထားတော့ သံပေါက်စပ်နည်းပဲ သုံးထားတယ်ထင်ပါရဲ့...ဟုတ်စ...ဘယ်လိုပဲဖြစ်ဖြစ် လူပြိုကြီး အပြိုကြီးတွေ ရေးသမျှကဗျာတွေကတော့ အဖြည့်ခံရတုချည်းမှတ်ရမှာပဲ...)

    ကိုဘကြိုင်တို့ ကိုညီလင်းသစ်တို့တော့ ကျွတ်ကုန်ပြီနော သူကြီးမင်း...ဒီတစ်ခါ မကျွတ်သေးတာ ခါးပတ်ခိုင်ခိုင် ပတ်ထားလို့ထင်ရဲ့...ဟုတ်စး)

    ReplyDelete
  12. သုံးရာသီကဗျာ နုနုရွရွလေး
    အခုမှလာဖတ်ဖြစ်တော့တယ် သူကြီးမင်းရယ်။
    ကဗျာလေးတွေတင်မကဘူး သူကြီးမင်းဆွဲသမျှ
    ပန်းချီလေးတွေကို အသေအချာစုဆောင်းထားနော်။
    တစ်ချိန်ချိန်မှာ ကမ္ဘာမကျော်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။
    ကဗျာဆရာနဲ့အတူ ကွန်မန့်တွေကလည်း ဖတ်လို့ကောင်းမှကောင်းး) စကားမစပ် ပြောခဲ့ပါရစေ။
    ကျွတ်ကုန်တာ မောင်ဘကြိုင်နဲ့ မောင်ညီရဲသစ်ပါ ဦးဟန်ကြည်ရဲ့ မောင်ညီလင်းသစ်က စွန်တာကြာပေါ့း)တဂျီးမင်းလည်း ခါးပတ်လျှော့တော့
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  13. ကူးကူးလှိုင်Sunday, 3 March 2013 at 03:06:00 GMT

    နွေ မိုး ဆောင်း ရာသီအလိုက် ကဗျာလေး အားပေးသွားပါတယ် ... ( ဘုန်းတောက်အတွက် ကဗျာဖတ်ပြီး အတော်ရီလိုက်ရတယ် )

    ReplyDelete
  14. သဇင်တွေမွှေး၊ နှင်းတွေဖွေးပြီး
    ဖြူသွေးကမ္ဗလာ၊ ဆောင်းဟေမာဝယ်
    ဒေ၀ါသနား၊ ချမ်းစိမ့်အားကြောင့်
    သွေးသား ရွှင်လန်း၊ ပျို လက်ကမ်းသည်
    ထိုစမ်း ခွင့်တုံ့ မခွင့်တုံ့။
    ထိုကမ်း ချင့်တုံ့ မချင့်တုံ့။
    ထိုငြမ်း ဆင့်တုံ့ မဆင့်တုံ့။
    တီလေးကဗျာလာဖတ်တာနောက်ကျသွားတယ်
    တဂျီးမင်းပြောကုန်ကြပြီမခံချင်စိတ်နဲ.ခါးပတ်ဖြုတ်လိုက်တော.ဘုန်တောက်အတွက်ကဗျာရေးပေးတာသဘောကျတာခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  15. ကဗျာအဖွဲ့လှပစွာဖွဲ့တတ်တဲ့ သူကြီးမင်းကို ဂုဏ်ယူမိပါရဲ့.
    ချမ်းမြေ့ပါစေ..
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  16. ဟဲ...ဟဲ....
    သည်ကဗျာကို တင် တင်ခြင်းဖတ်သွားတာပေါ့ဗျာ
    သို့ပေသိ ကွန်မင့်ရေးဖို့ မပြောနဲ့ ကဗျာကို နောက်တစ်ခေါက်ဖတ်ချင်တာတောင် တစ်ခေါက်တည်း ဖတ်ယုံနဲ့ အားရမှာမဟုတ်တဲ့ အတွက်ကို စာရွက်ထဲမှာကူးယူသွားပြီး တစိမ့်စိမ့်ဖတ်နေလိုက် အဲလောက်ကို ကောင်းတဲ့ ကဗျာ။

    ကြွကြွရွရွလေးနဲ့ နုအိနေလိုက်တာများ သိပ်ကောင်းတယ်
    ငတ်ငတ်ပျက်ပျက်နဲ့ ထမင်းကို ဟင်းကောင်းကောင်းနဲ့ စားလိုက်ရသလိုမျိုး ''ရသ''တွေက ရင်တွင်းကို ရစ်ဆင်းသွားတာ။

    ကွန်ပျူတာ ပျက်နေလို့ သူတပါးစက်နဲ့ ငှားသုံးနေတုန်း သူကြီးမင်း ကဗျာက ဗြုန်းဆိုတတ်လာတော့ ထပ်ခါထပ်ခါ ဖတ်ချင်နေသောစိတ်ကို မျိုသိပ်မရအတူတူ စာရွက်ထဲမှာ ကူးယူပြီး ဖတ်မိပါကြောင်းဗျာ။

    ReplyDelete
  17. ဘုန်းနှစ်တောက်။
    ကဗျာလေးကို.. မ သွားတယ်ဆိုတော့.. မ ရုံဘဲ မ သွားပါဘုရား။ လွှတ်တော့ မချလိုက်ပါနဲ့။း)

    ဆရာဟန်။
    ဆရာဟန်တို့ကတော့ ကဗျာလေးတွေလုပ်လဲ အဆင်ပြေတာပါဘဲ။ ကဗျာနုနုလေးတွေ ညှစ်ထုတ်ပါဦး။ လူပြိုကြီးတွေရဲ့ အနုအလှ သမုဒယလေးတွေကို ခံစားကြည့်ချင်လို့။ ဟုတ်ပါ့။ ဆရာဟန်ပြောသလို လူပျိုကြီးတွေ အပျိုကြီးတွေ ရေးသမျှကဗျာတွေကတော့ ဘာကဗျာဖြစ်ဖြစ် အဖြည့်ခံရတုတွေချည်းဘဲပေါ့။
    သူကြီးမင်းကတော့ ခါးပတ်ကောင်းကောင်း ပတ်ထားတယ်ဗျို့။ တော်ရုံတန်ရုံနဲ့တော့ ကျွတ်ကျမဲ့ပုံ မပေါ်တော့ဘူး။း)

    အန်တီတင့်။
    ဟုတ်တယ်နော်။ သူကြီးမင်းရဲ့ လက်ရာပန်းချီလေးတွေ စုဆောင်းထားမှ။ အနောက်တိုင်းမှာ ဘာမှန်းမသိတဲ့ ပန်းချီကားတွေ သန်းချီပြီး ဈေးကြီးနေကြတာ။း)
    တီတင့်ရေ... သူကြီးမင်းကတော့ ဒီဘ၀ဒီမျှနဲ့ဘဲ ရှိပါစေတော့။ မောင်ဘကြိုင်တို့လို သတ္တိမရှိဘူး။း)

    ကူးကူးလှိုင်။
    အမြဲတမ်းလာရောက်အားပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ တကယ်ပါ။

    အန်တီလေးမေခင်။
    တီလေးခင်ရေ..တီလေးတို့လာဖတ်ကြတော့ သူကြီးမင်း အရမ်းကို အားတက်မိပါတယ်။ အဲဒီလို တွန်းပေးတဲ့သူရှိရင် အတော်လေး လှိမ့်ချင်နေတာလေ။း)

    သဒ္ဓါလှိုင်း။
    ညီမရေ...သူကြီးမင်းက လှပစွာ မဖွဲ့တတ်ပါဘူး။ ကဗျာတွေကို ရမ်းတုတ်ပြီး ရေးထားတာလေ။း)

    မင်းဧရာ။
    မောင်မင်းဧရာ.. တင်စားချက်တွေ အတော်လေးများနေပြီးနော်။ သူ့တင်စားချက်ကမှ ပို အရသာရှိသေး။ ငတ်ငတ်ပြတ်ပြတ်နဲ့ ထမင်းဟင်း ကောင်းကောင်း စားရသလိုမျိုးတဲ့။ ကဗျာဆရာပီသပါပေတယ်။
    အင်း... ကပ္ပိယကြီးကိုရင်လဲ ကွန်ပျူတာပျက်၊ မောင်မင်းဧရာလဲ ကွန်ပျူတာပျက်ဆိုတော့ မလေးကလူတွေ အတော်လေး ကွန်ပျူတာကို မစာမနာသုံးကြပုံပေါ်တယ်။ ဒီလို ကြမ်းတမ်းလို့ မောင်မင်းဧရာ တကိုယ်တည်းဖြစ်နေတာ ဖြစ်မယ်။ ဘာမှတော့ မဆိုင်။း)

    ReplyDelete
  18. ဒီကဗျာလေး အရမ်းကြိုက်တယ် :D

    ReplyDelete
  19. မြန်မာဆန်သော ကာရန်မိသော ၃ရာသီကဗျာလေး..
    နှစ်သက်စရာ..

    ReplyDelete
  20. ရေးထားတဲ့ကဗျာနဲ့တော့မဆိုင်ဘူး
    ဒါပေမဲ့မေးချင်လွန်းလို့မေးပါရစေ..
    ကိုဘကြိုင်တော့လူပျိုကြီးဂိုဏ်းချုပ်နေရာကနေ
    ထွက်သွားပြီး
    ဘယ်သူဂိုဏ်းချုပ်လုပ်မှာတုန်း..
    သူကြီးလား...

    ReplyDelete

  21. ချစ်စရာကဗျာလေးရေးတတ်တဲ့
    သူဂျီမင်းကို အားကျထှာ ။

    ReplyDelete
  22. I have loaded your site in 4 totally different web browsers and I must say your blog loads a lot quicker then most.
    Would you mind e-mailing me the company name of your web hosting company?
    My personal email is: wesleycruz@gmail.com. I'll even sign up through your own affiliate link if you would like. Thank you

    Here is my blog - dubstep

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။