Thursday, 14 February 2013
အလွမ်းဖျော်ရည်
တွန့်လူးနဒီ၊ မှုန်နေခြည်ဝယ်
ရစ်သီသံပေး၊ ဖော်ကွာဝေးသူ
ငွေလှိုင်းဖြူတို့၊ ကမ်းမူပုတ်ခတ်
ကမ်းပင်ပြတ်စေ၊ လှမ်းယပ်နေဘိ
လွမ်းလှ၏ရှင့်။
အရုဏ်ဆည်းဆာ၊ နီစွေးဖြာဝေ
တိမ်ပြာတိမ်နက်၊ တိမ်ပေါင်းယှက်လဲ
တိမ်ဝှက်ကလျာ၊ ကျိတ်အထာဖြင့်
ကျိတ် မှာတမ်းရေး၊ ကျိတ်ဆွေးဆွေးရ
ကျိတ် လွမ်းလှရှင့်။
ဝသုန်မြည်ဟီး၊ ရင်ဘတ်တီးမျှ
မြေကြီးမလှုပ်၊ မြေပေါ်လှုပ်၍
ကြိုးတုတ်ရစ်ပတ်၊ ကာရန်ညှပ်ပြီး
တွန်းအပ်ခန္ဓာ၊ သံသရာထဲ
တ၀ဲဝဲရှင့်။
ဖေဖော်ဆယ့်လေး၊ ခပ်ရေးရေးဖြင့်
ဟိုဆွေးဒီလွမ်း၊ ဟိုဘက်ကမ်းက
လက်လှမ်းခေါ်၏၊ မခေါ်၏ဟု
ငါ၏စိတ်စဉ်၊ စိတ်လွင်ပြင်ဝယ်
ကင်းမျှင်ရစ်ပတ်၊ ဘုံကြိုးပြတ်သို့
မွန်းကြပ်ရစ်မူး၊ စိတ်အကြူးဖြင့်
စိတ်ကူးကူးရှင့်။
အော်..
 နဒီ တိမ်စု၊ သိလာထုပင်
ခုမြင်ခုပျောက်၊ တစ္ဆေခြောက်သို့
ထက်အောက် ပူဆွေး၊ ဖော်ကွာဝေးလဲ
ဆယ့်လေးဖေဖော်၊ လွမ်းတွေ ဖျော်၍
ရည်မျှော်ကာတွေး၊ လွမ်း တိုက်ကျွေးမည်
လွမ်းဆွေးဗျာပါ ကင်းစေသတည်း။
.
27 comments:
  1. အော်.... ကဗျာလေးဖတ်ပြီး အဖော်မဲ့ တစ်ကိုယ်တည်း လူပျိုကြီးကို သနားသွားပြီး)
    နောင်နှစ်မှာ တူစုံလက်တွဲ ပျော်ဝင်နွှဲတဲ့ ကဗျာလေး ရင့်ကျူးနိုင်ပါစေလို့-
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  2. တစ်ဆယ့်လေး ဖေဖော်
    များတကာတို့ ပျော်ရာသီကျူး
    ကညုကညင် ချစ်တုန့်ငင်လျှက်
    ရှိပါသော်လည်း ဖော်မပါတည်း
    တစ်ကိုယ်ထီးထီး သကြီးမင်းသည်
    တိမ်လည်းပါ၏ နဒီမလွတ်
    အာရုဏ်ဆည်းဆာ ၀သုန်ရောပြွန်း
    မြေကြီးပါထည့် ကဗျာထဲဝယ်
    ဟိုဆွေး ဒီဆွေး တစ်ဆွေးဆွေးဖြင့်
    မည်သူမည်ဝှာ တမ်းတမျှော်မှန်း လွမ်းရမည်
    ထက်အောက်ပူဆွေး ဘယ်ညာဆွေး၍
    ရှစ်ခွင်ပတ်လည် မြင်မြင်ရာလွမ်း
    တုန်းဖလားသခင် သဂျီးရှင်ကို
    မြန်မကြာမှန် သစ္စာတည်ပင်
    ချစ်သူစစ်နှင့် တွေ့ပါစေကြောင်း ဆုမွန်ကောင်း
    ReplyDelete
  3. အလို.....တဂျီး.....ဒါမျိုးလေးလည်း တယ်ဖတ်ကောင်း
    တာပါပဲလားဗျ...၊အိမ်း...ဖေဖော်ဆယ့်လေး ခပ်ရေးရေး
    ဖြင့် တွေးမဆွေးချင်၊ကြင်ဖော်ငင်လော့ တဂျီးမင်း.....:)))
    ReplyDelete
  4. ကူးကူးလှိုင်Thursday, 14 February 2013 at 03:56:00 GMT
    ကျိတ်အထာဖြင့်
    ကျိတ် မှာတမ်းရေး၊ ကျိတ်ဆွေးဆွေးရ
    ကျိတ် လွမ်းလှရှင့်။
    ကျိတ် လွမ်းစရာရှိ တော်ရောပေါ့ တဂျီးမင်းရယ်...
    ReplyDelete
  5. Wowwwww အရမ်းမိုက်တယ် Share ပြီ ခိခိ :D
    ReplyDelete
  6. ဒွယံဒွယသမာပတ်ဖျော်ရည်ကား romantic & realisticပေတည်း။ လွမ်းမောဖွယ်...။
    ReplyDelete
  7. ဟမ်... စောစောက ကွန်မန့် ဘယ်ပျောက်သွားလဲမသိ... တဂျီးဖို့ ကဗျာ စပ်ထားတာ.... တော်ဘီ ထပ်မစပ်တော့ဘူး.... ချစ်သောသူနှင့် မြန်မကြာ ဆုံတွေ့နိုင်ပါစေဗျား......
    ReplyDelete
  8. ဖေဖော်ဆယ့်လေး၊ ခပ်ရေးရေးဖြင့်
    ဟိုဆွေးဒီလွမ်း၊ ဟိုဘက်ကမ်းက
    လက်လှမ်းခေါ်၏၊ မခေါ်၏ဟု
    ငါ၏စိတ်စဉ်၊ စိတ်လွင်ပြင်ဝယ်
    ကင်းမျှင်ရစ်ပတ်၊ ဘုံကြိုးပြတ်သို့
    မွန်းကြပ်ရစ်မူး၊ စိတ်အကြူးဖြင့်-----
    သာဂျီးမင်းကလူပျိုကြီးဆိုတော့ကာ ၁၄ မှာ ခပ်ရေးရေး
    ဟိုဆွေးဒီလွမ်းဖြစ်တော့မပေါ့နော်
    ၂၀၁၄ ကျရင်အဲလိုမဖြစ်ရလေအောင် ဘလော့ဂါမောင်နှမများအားလုံး သာဂျီးမင်းအားကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါ၏
    ReplyDelete
  9. တီတင့် အောင်ထွတ်၊
    ညိမ်းနိုင် ညွတ်၍၊
    ဆွတ်ဆွတ် ဖြူဖွေး
    ကူးလှိုင်လေး။
    ကန်ဒီပိစိ၊
    လာရောက်ကြည့်၍၊
    နတ္ထိ စံပယ်၊
    သုံးရောင်ခြယ်။
    အောင်ထွတ်ကွန်မင့်၊
    ထင်တိုင်းတင့်၍၊
    တစ်ဆင့် စပမ်
    ခုမှထုတ်ဖော်၊
    ဆွဲကုတ်ခေါ်၍၊
    ဘလော့ပေါ်ဝယ်၊
    ခန့်ခန့်ထယ်။
    လာရောက်ကြသူ၊
    များဗိုလ်လူအား၊
    ကြည်ဖြူ ခပင်း၊
    သူကြီးမင်း။း)
    ReplyDelete
  10. သူကြီးရေ
    နောက်နှစ်မှာတော့ဖျော်ရည်အသစ်
    ထပ်ဖျော်နိုင်ပါစေရှင်
    ReplyDelete
  11. ဟားဟားဟား သာဂျီးမင်းတို့လက်သံကတော့
    ok နေတာပဲ လူကသာ လူပျိုကြီး ။
    အောက်က ကဗျာလာရောက်ဖတ်နေတာပါ
    အမှတ်မထင်ဝင်ကြည့်မိပြီးရုတ်တရက်ဖတ်လိုက်ရလို့ ကံကောင်းတယ် ဆိုရမလားပဲနော်
    ReplyDelete
  12. ဟေး ဟေး ဘုန်းနှစ်တောက်ရောက်လာပြီနော်။ ကော်မန့်ထဲက ကဗျာလေး ထပ်ဖြည့်ပေး။ ဒါဘဲ။ ဖဘထဲမှာ ဖတ်ပြီးသားကို ထပ်လာဖတ်တာ။ ဖဘက ပိစိရဲ့ မျက်နှာပေါ်မှာလေ။ စာမျက်နှာကို ပြောပါတယ်။
    လွမ်းလှ၏ရှင့်...
    ကျိတ်လွမ်းလှရှင့်...
    တ၀ဲဝဲရှင့်...
    စိတ်ကူးကူးရှင့်...
    လာဖတ်မိ၍ နှစ်သက်၏ရှင့်...(အပို)
    ReplyDelete
  13. တစ်နှစ်ကူးတိုင်း ဗယ်လင်တိုင်းသည်
    တိုင်းသူများကို တမ်းစေ၏ရှင့် . . .
    တစ်နှစ်ကူးတိုင်း ဗယ်လင်တိုင်းသည်
    ဟိုင်းသူများကို ဆွေးစေ၏ရှင့် . . .
    တိုင်းကြသူမှာ တိုင်းကြပါလည်း
    တိုင်းရာနတ္ထိ ဟိုင်းရဘိသည်
    ဟိုင်းသည့်သူ့မှာ တိုင်းစရာဝေး
    တိုင်းမည်တွေးရင်း ချာချာလည်ရှင့် . . .
    ဟိုင်းသူ တိုင်းသူ နှစ်ပါးလူတွင်
    အသူသာ၍ မိုက်သည်ထင့် . . .း)
    သူကြီးမင်း အားကျလို့ တရှင့်ထဲရှင့်လိုက်မိတာ လုံးရာကတောင် ပြားချင်စိတ်ပေါက်သွားပါရောလားး) မိန်းမဟူဘိ ထိုဣတ္ထိကား မရှိမကောင်း ရှိမကောင်းတည့် မပေါင်းလည်းခက် ပေါင်းလည်းခက်၏တဲ့ သူကြီးမင်း...စိတ်လျှော့ စိတ်လျှော့း)
    ( ဣတစ်လုံးရိုက်တာ ငါးမိနစ်လောက် အချိန်ယူရသဗျာ...ခက်ပါ့ )
    ReplyDelete
  14. ချောကလက်မစားရတော့ ဖျော်ရည်သောက်နေတယ်ပေါ့ ဂွတ် :P
    ~ Kk ~
    ReplyDelete
  15. ဖေဖေါ်ဝါဆယ့်လေး
    ကမ်းစပ်ကိုငေးပြီး
    နီဆွေးဆွေးနေဝန်းလို
    တစ်ကိုယ်တည်းတွေးရင်း
    ချစ်ခြင်းသံစဉ်လေး
    နာဆင်ခံစားသွားပါတယ်နော်
    ReplyDelete
  16. ကိုမောင်ကြီး ....
    မိုးနတ်စွာကျယ်လေး မသိလို့
    မေးချင်တာတစ်ခုရှိတယ်....ခုထိ
    ဘာလို့ လူပျိုကြီးဖြစ်နေရတာလဲဟင် ?
    :PPPPPPPPPPPPPPPPPP
    ReplyDelete
  17. အိမ်ထောင်မကျသေးလို့ ခုထက်ထိ လူပျိုကြီး ဖြစ်နေရတာပေါ့ စွာကျယ်လေးရယ်။း)
    ReplyDelete
  18. ဘလက်နှင်းဆီ
    စံပယ်သီ၍
    ရွှင်ကြည်ဘုန်းတောက်
    ဟန်ကြည်ရောက်သည်။
    ထို့နောက်တဖန်
    အိမ်ချစ်စံနှင့်
    အမှန်ရင်ခုန်
    မိုးနတ်ဘုံက
    ကြယ်စင်ခ၏။
    ပို့သမေတ္တာ
    သွန်းလိုက်ပါသည်
    လူ့ရွာအပေါင်း
    အေးစေကြောင်းတည်း။ ။
    .
    ReplyDelete
  19. ဖတ်ရတာ သိပ်ကို အရသာရှိလှတယ် သူကြီးရ...
    ဟိုနေ့ကတည်းက သကြားလုံး မ လာလို့ fb မှာဖတ်လိုက်ရတယ်။
    အင်းပေါ့လေ သည်ရက်တွေက
    တွေးစရာ ဆွေးစရာပေါ့ အဲလိုနဲ့ အလွမ်းဖျော်ရည်တွေ မော့လာလိုက်တာ ကုန်ခါနီးပြီ သူကြီးရေ....။
    ReplyDelete
  20. candy လိုပဲ မပြီး ရှယ်သွားလိုက်တယ်..
    အရောက်နောက်ကျလို့ အလွမ်းဖျော်ရည်တောင် တစ်ဝက်ပဲကျန်တယ်..
    နောက်တစ်ခါ မှ အဝသောက်မယ်..
    လေးလုံးစပ် ကဗျာလေးတွေ တအားကြိုက်တယ်..ဘယ်လောက်ဖတ်ဖတ် မဝဘူး..
    ReplyDelete
  21. သဂျီးမင်းရေ
    အလာနောက်ကျ
    ဘိတ်ဆုံးမှမန်.ရ
    အလွမ်းဖျော်ရည်
    ကျန်၏မကျန်၏မသိ
    သောက်သွားပါ၏။
    ခင်တဲးအန်တီလေးမေခင်
    ReplyDelete
  22. အကို တစ်ယောက်ထဲ မလွမ်းနဲ့လေ.... အဖော်လေးနဲ့ လွမ်းတာမဟုတ်ဘူး...:D
    ReplyDelete
  23. မရောက်တာကြာလို့ အရောက်လာင်္ပြိး သူဂျီးမင်းရဲ့ အလွမ်းဖျော်ရည် သောက်သွားကြောင်းပါ..
    ReplyDelete
  24. တဂျီးမင်း၊ ဘုန်းဘုန်းတောက်၊ ဆြာဟန်၊ ကူးကူး ကဗျာတွေက ဖတ်လို့ ကောင်း..း) နောင်နှစ်တွေမှာ ချောကလက်ကို ဖျော်ရည်သောက်နိုင်ပါစေ...း)
    ReplyDelete
  25. နွေတေးရှင် ငှက်
    တောင်ပံယှက်၍
    အိပ်မက်စေရာ
    မေခင် လာ၏
    တစ်ဖြာ အိန်ဂျယ်
    မြသွေး မယ်နဲ့
    ခင်ဖွယ် စန်းထွန်း
    ကွန်မင့် သွန်းသည်
    မလွမ်းမည်သို့ ရှိမည်နည်း။ ။
    ReplyDelete
  26. သူဂှီးကဗျာရေး
    ကွန်မင့်ကဗျာတွေရော ကောင်းမှကောင်းပဲဗျာာာ
    ReplyDelete
  27. တဂျီးမင်းရေ ရှေ့ကို မဆက်နိုင်ဖြစ်ဖြစ်နေတယ် သူတစ်ပြန်ကိုယ်တစ်ပြန်နဲ့ ခွန်းတုန့်စာလေးတွေက ရင်ကိုထိစေတာမို့ ဘက်ဂီယာပဲထိုးနေရတယ်ကွယ်း)))
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။