Tuesday, 24 July 2012
မျက်ရည်လွယ်သူများ မကြည့်ရ
  "ငိုပွဲ"
 ခေါင်းစဉ်အမျိုးမျိုးနဲ့ လူတွေ ငိုနေကြတယ်။ 
ကြည်နူးရင်လဲ ငိုကြတယ်။
ကြေကွဲရင်လဲ ငိုကြတယ်။
ကျေနပ်ရင်လဲ ငိုကြတယ်။
မကျေနပ်ရင်လဲ ငိုကြတယ်။
ဝမ်းသာရင်လဲ ငိုကြတယ်။
ကြင်နာရင်လဲ ငိုကြတယ်။
နာကျင်ရင်လဲ ငိုကြတယ်။
လွမ်းရင်လဲ ငိုကြတယ်။
ဆွေးရင်လဲ ငိုကြတယ်။ 
စိတ်ဆိုးရင်လဲ ငိုကြတယ်။
စိတ်ညစ်ရင်လဲ ငိုကြတယ်။
ခွဲခွါရင်လဲ ငိုကြတယ်။
ပြန်ဆုံရင်လဲ ငိုကြတယ်။
သတိရရင်လဲ ငိုကြတယ်။
တမ်းတမိရင်လဲ ငိုကြတယ်။
ရှက်ရင်လဲ ငိုကြတယ်။
ကြောက်ရင်လဲ ငိုကြတယ်။
ခံစားမှု များလာရင်လဲ ငိုကြတယ်။
စံစားမှု များလာရင်လဲ ငိုကြတယ်။
ဘာမသိ ညာမသိ ငိုချင်လို့လဲ ငိုကြတယ်။
ဟိုဟာသိ ဒီဟာသိ မငိုချင်ဘဲနဲ့လဲ ငိုကြတယ်။
မွေးကထဲက အူဝဲ အူဝဲ ဆိုပြီး ငိုခဲ့ကြတယ်။
ဒီလိုနဲ့.
 လူတွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငိုခဲ့ကြတယ်။
ဒီလိုနဲ့..
လူတွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငိုနေကြတယ်။
ဒီလိုနဲ့ဘဲ....
လူတွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငိုကြရဦးမယ်။
 .
ကြည်နူးစွာ ပြင်းပြင်းထန်ထန် ငိုကြွေးခြင်း
လူကြီးကို ငိုအောင်လုပ်တယ်
လူတွေကို ငိုစေသူလေး
. .
20 comments:
  1. လောကလူသားတိုင်း ဘဝတစ်လျှောက် မျက်ရည်ကျပြီး ဘဝကိုစခဲ့ရသလို မျက်ရည်ကျပြီး ဘဝကို အဆုံးသတ်ရတယ် တဂျီးရေ။ ကဗျာလေးကမှန်ပါ့။ တင်ထားတဲ့ ဗီဒီယိုဖိုင်လေးတွေ ကြည့်ဘို့ ကွန်နက်ရှင်ကို စောင့်နေတုန်း ကွန်မန့်အရင်ရေးတာ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  2. သကြီးမင်း ရေ
    မငိုချင်လို့ မကြည့်တော့ဘူးနေတာ အခု လာစပ်စုတာ
    သကြီးမင်း ပျော်ရွှင်ပါစေ
    ခင်မင်တဲ့
    ရွှေစင်ဦး
    ReplyDelete
  3. မှန်လိုက်တာ သူဂျီးမင်း ။
    ခံစားမှု့တိုင်းမှာငိုနေလိုက်တာ လူတွေပါလားနော် ။
    ReplyDelete
  4. တဂျီး ပြောမှ စဉ်းစားမိတော့တယ်.. လူတွေပဲ မဲ့ကာ၊ ရွဲ့ကာနဲ့ အတော် အငိုသန်ကြသဗျ နော့်.. ကျန်တဲ့ ခွေးတွေ၊ ကြောင်တွေ၊ ကြွက်တွေ မဲ့ရွဲ့ပြီး ငိုတာ မမြင်ဖူးဘူးနော့...
    ReplyDelete
  5. ငိုချင်ရက်လက်တို့လုပ်တယ် ဟင့်
    ~ Kk ~
    ReplyDelete
  6. jas တိုကလဲမျက်ရည်မလွယ်ဘူးလို့ ထင်ထားတာ
    အရမ်းကိုမှာတာပဲ အဲဒီမျက်ရည်ဆိုတာကြီးက
    (တဂျီးရော ဘယ်နဲ့လဲ ငိုဖူးလားငယ်ငယ်ကငိုတာကို
    ပြောတာဟုတ်ဖူးနော်)
    ခေါင်းစဉ်အမျိုးမျိုးနဲ့ ငိုနေကြတဲ့ထဲက
    jasmine
    ReplyDelete
  7. မွေးတဲ့က ငိုပါဘူး တဂျီမင်းရ .....လူဂျီးတွေရိုက်မှ ငိုတယ်ပြောတယ် ......
    အခုတော့ ငိုတတ်ပြီ တဂျီးရေ....အဟဲ တဂျီးရော ခဏခဏငိုနေတာလားးးးးးးးးး
    မိုးရွာလဲ ငို နေပူလဲငို လေတိုက်လဲငို .....ငိုအစ ....ငိုအလည်....ငိုအဆုံး.....အကြိမ်ကြိမ်ငိုရင်းနဲ့...မျက်ရည်တွေလဲကုန်ပေါ့....
    ပုံ
    အငိုမသန်သူ
    ReplyDelete
  8. ငိုချင်မှ လာပြန်ကြည့်မယ်..
    လောလောဆယ် ကဗျာဖတ်သွားတယ်
    ပုံ
    ပိကျိ :P
    ReplyDelete
  9. ဟုတ်တယ်နော် ခေါင်းစဉ်အမျိုးမျိုးနဲ့ ငိုနေကြတယ်။ မနေ့ညတုန်းက ဗွီအိုအေထဲ ကြည့်လိုက်ရတယ်။ ဂျတ်စ်ထင်ဘီဘာလေးက သြစတေးလျဆိုလား၊ သြစတီးရီးယားဆိုလား အဲဒီနှစ်နိုင်ငံ အမြဲတမ်းမှားတယ်။ အဲဒီနိုင်ငံကို သွားပြီး သီချင်းဆိုတယ်ပေါ့နော်။ သိန်းသန်းချီတဲ့ သူ့ပရိသတ်တွေက ငိုနေကြတာကို တွေ့ရတယ်။
    တကယ်တော့ ငိုတယ်ဆိုတာ ငိုတယ်ပေါ့နော်။
    ReplyDelete
  10. ဘာပြောကောင်းမလဲသူကြီးမင်းရယ်
    ဘူးသီးလုံးလောက်ပေါ့း))
    ReplyDelete
  11. တခါတရံ မငိုပေမယ့် အလိုလိုမျက်ရည်ကျလာတာက ဘာကြောင့်လဲ သူကြီးမင်းရေ။။ အဲဒါလည်း ခေါင်းစဉ်တစ်ခုလေပဲလားး။
    ချမ်းမြေ့ပါစေ။
    ခင်မင်လျက်
    သဒ္ဓါ
    ReplyDelete
  12. နှုတ်မဆက်နဲ့ ငိုချင်တယ်း)
    လူပျိုကြီး ငိုတတ်သလားး)
    ReplyDelete
  13. Video Clipတွေ ကြည့်ဖို့ အတော်စောင့်လိုက်ရလို့ ငိုပြီးပြန်သွားရပါတယ် သဂျီးမင်းရေ..
    ReplyDelete
  14. အောက်ဆုံးဗီဒိုထဲကလူတွေနဲ့အတူလိုက်ငိုသွားတယ်
    တဂျီးရေ......၊တစ်လုံးမှတော့ နားမလည်လိုက်ဘူး...:)))
    ReplyDelete
  15. ခုချိန်ထိ ငိုနေတာလည်း ရပ်လို့ မရသေးဘူးအကို... နောက်ထပ်လည်း ငိုမိနေအုံးမယ် ထင်ပါရဲ့..:)))
    ReplyDelete
  16. ခေါင်းစဉ်ကြည့်ပြီး အရင် လန့်သွားသေးတယ်။ ပြီးတော့မှ စိုးရိမ်လိုက်မိသလိုတွေ မဟုတ်လို့။ ဒုတိယဗွီဒယို ကလစ်လေးကို အရင်ကြည့်သွားတယ်။ ကျန်တဲ့ နှစ်ခုကို ညမှ ဆက်ကြည့်တော့မယ် နော်။
    ReplyDelete
  17. မျက်ရည်လွယ်တာတော့မပြောပါနဲ့တော့ တုံးဖလားရွာသားကြီးရယ်။ ဘလော့ဂ်ဖတ်လို့ ဝမ်းနည်းစရာပါရင် မျက်ရည်ကထွက်ချင်နေပြီ။ ဟို..မမြသွေးနီအဆိုးဆုံးပဲ။ သူ့စာတွေဖတ်ရင် ငိုချင်သလို ဖြစ်ဖြစ်သွားလို့။ သူကြီးမင်းကြီးရဲ့ ငိုဋိကာကိုဖတ်ရတာ ငိုနည်းစုံလင် ငိုလိုက်ချင်တော့တာပါပဲကွယ်တို့။
    ReplyDelete
  18. မျက်ရည်လွယ်သူများ မကြည့်ရ ဆိုပေမယ့် မျက်ရည်လွယ်သူက ကြည့်သွားတယ် တဂျီးမင်းရေ...
    ReplyDelete
  19. သူများက မျက်ရည်လွယ်တော့
    ဘာမှကိုမကြည့်ဘဲပြန်သွားတယ်
    သူကြီးရေ..
    ကောမက်ဘဲေ၇းခဲ့တယ်..အဟီးး
    ReplyDelete
  20. ဟုတ်တယ် သူကြီးမင်းရာ..
    လူသားတွေဟာ ငိုခြင်းနဲ့စပြီး ငိုချင်းနဲ့ဘဲ အဆုံးသတ်ရမှာ မဟုတ်လား
    တရားသဘောတွေရဲ့ အနားကိုမနီးသမျှ အဲသည်လိုဘဲ ငိုညဉ်းရဦးမှာပါဘဲဗျာ။
    ဒါနဲ့..
    ပိုစ့်တွေတောင် မဖတ်ရတာ ကြာပြီဗျာ။
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။