Monday, 16 July 2012
ဗျာသပ် ရှုမော ငြိမ်းအေးခြင်း
ကပိုကရို  
နေညိုညိုမှာ
ရေစို သင်းပျံ့
ကြော့ ရှင်း သန့်ပြီး
ခင်းဖြန့်သွယ်ကျစ်
ဝတ်မှုံရစ်နဲ့
ထုဆစ်သောလား
သူ့အပါးသို့
ဖြတ်သွား လျှောက်မိစဉ်။ ။
ပုတီးမနိုင်
ဈာန်မခိုင်ဘဲ
မထိုင်တရား
ဥာဏ်မပွါးအား
ကစားစိတ်မိုက်
စိတ်လိုလိုက်ပြီး
စိတ်ကြိုက်သီကုံး
သူ့နှလုံးမှာ
ဗျာထုံး နှောင်ရစ်ငင်။ ။
ယိမ်းသွားစိတ်နုပ်
ပြန်သိမ်းရုပ်ပြီး
အပုပ်ခန္ဓာ
အဋ္ဌိကာ ဟု
ရိုးစု အမြင်
သူ ဆင်ခြင်၍
မြင်မြင်သမျှ
သင်္ခါရ ဟု
ကျားမ မရွေး
သူ စိတ်တွေးသည်
ငြိမ်းအေး ပန်းသို့သွင်။
.
13 comments:
  1. ကပိုကရို
    နေညိုညိုမှာ
    ရေစို သင်းပျံ့
    ကြော့ ရှင်း သန့်ပြီး
    ခင်းဖြန့်သွယ်ကျစ်
    ထုဆစ်သောလား
    သူ့အပါးသို့ အပုဒ်မှာ ရင်ထဲလှုပ်ရှားသွားရတယ် သယ်ဂျီးရဲ့ မေပျိုတစ်ယောက်ကိုမျက်စိထဲကွင်းကွက်မြင်သကိုးဗျာ့
    မြင်မြင်သမျှ
    သင်္ခါရ ဟု
    ကျားမ မရွေး
    သူ စိတ်တွေးသည် ဆိုမှ သြော်ဆိုပြီး ကိုယ်ပါ သင်္ခါရသဘောကို တွေးရှုသင့်ပါလားလို့
    ဈာန်မခိုင်သူ
    မောင်ဘကြိုင်
    ReplyDelete
  2. မောရဇာတ်မှာ 'ပညာရှိဖြစ်သော်လည်း မနှင့်မျှားလျှင် သတိလက်လွတ် ဖြစ်တတ်သည်' တဲ့ တဂျီးမင်းရေ။
    ရဟန်းတစ်ပါးတောင် စွဲလန်းစိတ်ကြောင့် သာသနာတော်ကို ငြီးငွေ့သွားတဲ့ဇာတ်လေးသတိရတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  3. အင်း ငြိမ်းအေးလား မငြိမ်အေးလားတော့ မသိဘူး..ကဗျာရဲ့ ပထမပိုဒ်နဲ့ ဒုတိယပိုဒ်ကို ချည်း ၄ ခေါက်လောက် ပြန်ဖတ်ပစ်လိုက်တယ် တတိယအပိုဒ်က ကိုယ်တွေနဲ့ မသတ်ဆိုင်သလိုလိုမျိုး။ အန်းနီးဝေး ကကမ ရဲ့ စုတ်ချက်လေးနဲ့ ပုံလေးကိုတော့ တယ်သဘောကျလှ သဗျား။ နောင်တစ်ချိန်မှာ လေလံပစ်လို့ရလောက်ရဲ့ တဂျီး :P
    ReplyDelete
  4. wow... ကဗျာလေးက အဓိပ္ပာယ်ရှိလိုက်တာ...
    စပ်ထားတဲ့ ပုံစံလေးကိုလည်း သဘောကျတယ် တဂျင်းမီး..
    ဒီနေ့ ဖေ့ဘွတ်မှာရှယ်ဖို့ ကဗျာရဘီ ဟိဟိဟိ
    ReplyDelete
  5. ပုတီးမနိုင်
    ဈာန်မခိုင်ဘဲ
    မထိုင်တရား
    ဥာဏ်မပွါးအား
    ကစားစိတ်မိုက်
    စိတ်လိုလိုက်ပြီး
    စိတ်ကြိုက်သီကုံး
    သူ့နှလုံးမှာ
    ဗျာထုံး နှောင်ရစ်ငင်။...............
    တဂျီးရေ
    ပုတီးတောင်မနိုင်တော့ဘူးလားဗျို့
    အရေးအသားကောင်းလိုက်တာ
    ReplyDelete
  6. ကပိုကရို
    နေညိုညိုမှာ
    ရေစိုမှိုတက်
    အောင့်သက်သက်နံ
    အော့အန်ပျို့ မိ
    ဖွေရှာကြည့်သော်
    သြော် ... သူတောင်းစား
    ခွေးကျားကိုတွဲ
    ခွက်ကိုဆွဲ၍
    တရွေ့ရွေ့သွား
    ငါ့အပါးမှ ...
    ဖြတ်သွားလျှောက်သည့် ပုံအသွင်။
    သူ၏ဂန္ဓ
    နှာဝကိုသီ
    မသတီဖွယ်
    အီလယ်လယ်ကို
    ငါစိတ်တိုပြီး
    ပုတီးကိုချ
    ဒေါသဖြစ်ခိုက်
    စိတ်ဆိုးမိုက်များ
    နှလုံးသားမှာ
    ထင်ရှားရစ်ပတ် ချည်နှောင်စဉ်။
    ယိမ်းသွားစိတ်ပုပ်
    ပြန်သိမ်းရုပ်ပြီး
    အပုပ်ခန္ဓာ
    အဋ္ဌိကာတည်း
    သူချည်းမဟုတ်
    ငါလည်း ပုပ်၏၊
    ပုပ်ပုပ်ပွပွ
    ငါ့ခန္ဓလျှင်
    နေ့စဉ်ဆေးကြော
    လူတောတိုးသည်
    မကြောမဆေး
    ရေနှင့်ဝေးသော်
    နံစော်ပုပ်မှာ
    အသေချာပင်
    ငါလျှင်တွေးတောကာဆင်ခြင် ... ။
    :)))
    ReplyDelete
  7. တော်လှသဗျာ...
    သူကြီးမင်းရဲ့ ကဗျာရော
    မမေဓါရဲ့ ကဗျာရော
    သိပ်ကို သဘောကြမိတယ်
    သို့ပေမင့် သူကြီမင်းရေ...
    ဈန်မခိုင်ဘဲနဲ့တော့ ရေချိုးဆိပ်မှာ မထိုင်ပါနဲ့း)။
    ReplyDelete
  8. သူကြီးတော်ချက်ကတော့ အားကျတယ်ဗျို့
    ReplyDelete
  9. သူဂျီးရဲ့ ကဗျာလေးလည်း ကောင်းသလို မမေရဲ့ ကဗျာလေးကလည်း ကောင်းမှကောင်း
    သံဝေဂ ရစရာတွေပါလား.. ကဗျာတွေဖတ်ပြီး အသိတရား ရလာတယ်။ ပုတီးစိတ်ဦးမှ
    ခုလောလောဆည်တော့ ပုတီးလေးချပြီး အငမ်းထွက်လိုက်ဦးမှ.. ပြန်လာမှ ဆက်စိတ်မယ်။း))
    ReplyDelete
  10. ကပိုကရို
    နေညိုညိုမှာ
    ရေစို သင်းပျံ့
    ကြော့ ရှင်း သန့်ပြီး
    ခင်းဖြန့်သွယ်ကျစ်
    ထုဆစ်သောလား
    သူ့အပါးသို့
    ဖြတ်သွား လျှောက်မိစဉ်။ ။
    အကို ကဗျာ...ရေးဟန်ကို သဘောကျတယ်..
    မရေးတက်ဘူး...:):)
    ReplyDelete
  11. တဂျီးမင်းနဲ့  မမမေ ကဗျာလေးက ကောင်းလိုက်တာ..ရေးတတ်ဘူး..အားကျချက်..
    ReplyDelete
  12. တဂျီးမင်းရဲ့ကဗျာကမြင့်လွန်းတော့
    ကျုပ်တို့ ရွာသားတွေလိုက်မမှီဘူး
    ကဗျာများများဖတ်ပြီးကျုပ်တို့ ရွာ
    ကပျိုမဒီကိုရွတ်ပြချင်ပေမဲ့လည်း
    ReplyDelete
  13. တဂျီးမင်းရဲ့ကဗျာကမြင့်လွန်းတော့
    ကျုပ်တို့ ရွာသားတွေလိုက်မမှီဘူး
    ကဗျာများများဖတ်ပြီးကျုပ်တို့ ရွာ
    ကပျိုမဒီကိုရွတ်ပြချင်ပေမဲ့လည်း
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။