Saturday, 30 June 2012

သူပန်ဆင်သည်...


သည်ပုဝါထုံး ၊ ခိုင်စွာထုံးလဲ
အထုံးကိုဖျက် ၊ မုန်းမဖက်ဘဲ
ရုန်းထွက်အားမာန် ၊ ရည်ဓိဋ္ဌာန်ဖြင့်
လေဆန်ကိုတက် ၊ တောင်ပံကျက်၍
တက်ကြွကြည်သာ ၊ သူပျံလာသည်
တို့ ယာ ရေ မြေ ၊ သာယာစေဖို့။

နေရာတစ်ခု ၊ ဒေသစုနှင့်
ရတုလီလီ ၊ လွှဲသွေဖည်ပြီး
ရာသီအပြောင်း ၊ ဒေသပြောင်းလဲ
မပြောင်းစိတ်ဓါတ် ၊ မားမားရပ်၍
ထပ်ထပ်ဖွေရှာ ၊ ရတနာကို
သေချာရမည် ၊ စိတ်ကရည်ပြီး
ယုံကြည်နှလုံး၊ သူ ရွှင်ပြုံးလို့။

မိတ်ဟောင်းမိတ်သစ် ၊ မိတ်ဆွေသစ်နှင့်
အသစ်ထပ်ကာ ၊ ရိုးသားစွာဖြင့်
တို့ရွာဋ္ဌာနေ ၊ တင့်တယ်စေရေး
မိတ်ဖွဲ့ပေးလျှက် ၊ ပန်းပန်လက်ဖြင့်
ဆူးခက်ကိုခြွေ ၊ ပြုံးပန်းဝေပြီး
ဋ္ဌာနေအ၀င် ၊ သူပန်ဆင်သည်
အောင်မြင်အလင်း ၊ ရွှေအဆင်းသို့။ ။


.

18 comments:

  1. ကဗျာလေးဖတ်ရတာ ရိုးရိုးရှင်းရှင်းလေးနဲ့ အဓိပ္ပာယ်နက်နက်လေးပါလား တဂျီးမင်းရေ။
    ရင်မှာ ကြည်နူးပီတိနဲ့အတူ အားမာန်တွေပြည့်လာတယ်
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အဲ့လို ကဗျာလေးတွေ သဘောကျတယ် :D

    သိပ်ပျောက်မနေနဲ့ တဂျင်းမီး
    ကိုယ်ယောင်လေး ဘာလေး ပြဦး >.<

    your ပိစိ :D

    ReplyDelete
  3. အဲ့လို ကဗျာလေးတွေ သဘောကျတယ် :D

    သိပ်ပျောက်မနေနဲ့ တဂျင်းမီး
    ကိုယ်ယောင်လေး ဘာလေး ပြဦး >.<

    your ပိစိ :D

    ReplyDelete
  4. ကောင်းလိုက်တဲ့ အဓိပ္ပာယ်၊ လေးနက်တဲ့ ကဗျာလေးပါလား တဂျီးရေ...

    ReplyDelete
  5. ရိုးရှင်းလေးနက်တဲ့
    အရေးနဲ့ အဓိပ္ပါယ်တွေအများကြီး
    ပေးလိုက်တဲ့ ကဗျာလေးကိုဖတ်ခဲ့တယ်

    ReplyDelete
  6. အားသစ်တွေနဲ့ ရှေ့သို့ ချီ....

    ReplyDelete
  7. သူကြီးမင်းက ကဗျာရေးတော်တော်ကောင်းတာပါလားဗျာ
    ကျွန်တော်ကောင်းကောင်းလေ့လာရဦးမယ်။

    အားလုံးအတွက် သာယာပါစေဗျာ။

    ReplyDelete
  8. တစ်ဦးဦးကိုရည်ရွယ်လေသလားဗျာ
    စိတ်ထဲမှာပုံဖော်သွားတယ် သယ်ဂျီးရေ


    မောင်ဘကြိုင်

    ReplyDelete
  9. ကဗျာလေးအတွက် ဂုဏ်ယူမိပါတယ် သူကြီး။
    ပုံရိပ်ဖေါ်ထားတဲ့ ကဗျာထဲက ရတနာတစ်ပါးကို
    ရှာဖွေခဲ့တယ်.။
    ချမ်းမြေ့ပျော်ရွှင်ပါစေ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  10. ဟုတ်တယ်နော်၊ သူကလေ တဂျီးမင်းပြောသလိုပါပဲ။

    (ဒီကဗျာကြတော့ ခက်ဆစ်လည်း မပါတော့ဘူး)

    ဘုန်းဘုန်းတောက်

    ReplyDelete
  11. ရွှေပြည် သာဖို့  လမ်းခင်းစို့  .... အဲလေ... မိုက်တယ် သဂျီး။

    ReplyDelete
  12. အိုး....တဂျီး.....၊သိပ်ဂွတ်.....၊ရိုးတယ်....ရှင်းတယ်....
    ပေါ်လွင်တယ်......၊ကြည်သပီမြတယ်.....၊လွှတ်ကောင်း
    တယ်ဗျိုးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  13. မျက်လုံးထဲမှာကို ထင်းခနဲ မြင်လာတယ်။

    ReplyDelete
  14. သူပန်ဆင်သည်၊ ပီပြင်သောပန်း
    ပြည်ရွှင်လန်းဖို့၊ မှန်းရင်းမျှော်ယောင်
    မြောက်တောင်မယိမ်း၊ ပြည်သူငြိမ်းဖို့ ကိန်းပါကို...

    အေးဗျာ...မတတ်သာလို့ ထိုင်ကြည့်နေရတဲ့ဘ၀ ရင်မောစရာကြီး...၀ိုင်းကူဖို့ကလည်း မစွမ်းပြန်ဘူး...ကိုယ့်မှာ မြင်သာမြင်ရ...ဘာမှလည်း မသိရဘူးကိုး...မနက်ဖြန်တိုင်းကလည်း ကုန်ခဲပါဘိသနဲ့...

    ReplyDelete
  15. ပန်းပန်လျှက်နှင့်

    သဘောကျသည် လွှတ်သဘောကျသွားသည်တဂျီးမင်းးးးးးးးး))


    နဂျာရစ်

    ReplyDelete
  16. သူကြီးမင်း

    ကဗျာလေး ကတော့ မိုက်တယ်

    ခင်တဲ့
    ရွှေစင်ဦး

    စကားမစပ် ခြင်တွေ နှောက်ယှက်လွန်းလို့ အရေးယူပေးပါအုန်း

    ReplyDelete
  17. တကယ်ကိုလေးနက်တဲ့ အဓိပ္ပါယ်တွေ ပြည့်နေတဲ့ ကဗျာလေးပါဘဲ..
    ဒီကဗျာလေးဖတ်ပြီး ပုဝါလေးဆင်မြန်းပြီး ပန်းတွေပန်ထားတဲ့သူတစ်ဦးကို မြင်ယောင်လိုက်မိပါရဲ့..
    ဆူးခက်ကိုလည်း ချွေနိုင်ပါစေ.. အပြုံးပန်းတွေလည်း ဝေနိုင်ပါစေ.. မြန်ပြည်ကြီးလည်း သာယာပါစေ သူဂျီးမင်းရေ..

    ReplyDelete
  18. ကဗျာလေးက လေးနက်ပြီး လှပလိုက်တာ..တဂျီးမင်းက ကဗျာလည်း ရတယ်

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။