Saturday, 9 June 2012

ရာသီနုချိန်



လွန့်လူး ခင်းပြန့်
ရနံ့ သင်းလှိုင်
ထွာစိုင် နုထွေး
လေသွေး လှုပ်ခါ
ဘယ်ညာ ရစ်ငင်
သွင်သွင် စီးဆင်း
စီးချင်း ထိုးနေ။

မျှော်ရည် လွမ်းဖွဲ့
သွဲ့သွဲ့ သုန်သုန်
နိမ့်တုံ မြင့်လှည့်
ညှာနွဲ့ သက်လယ်
ဘယ်ဝယ် ညာဆီ
တီတီ တာတာ
သံသာ ဟန်ပေး
ဟစ်ကြွေး ဆိုနေ။

ပ်ိဳေမ ညွိဳးလ်
ကာဠ ရက္ခိတ်
ထိတ်ထိတ် လောင်ဆူ 
ဆောင်ယူ ခဏ
ဧက စတု
စတု  ထုတ်ပြ
မမ အရေး
အတွေး ပွါးနေ။

မသွေ မကွာ
ပ၀ါ အပါး
ကြက်သား စွန်းထင်း
ချစ်ခင်း စစ်ခင်း
မြင်ချင်း ရောထွေး
မျှော်တွေး ရစ်ပေ
အိုးဝေ မောရ
တွန်စ ချိန်ခါ
သာယာ စေကြောင်း
ဆုတောင်း ရစ်နေ။

မျက်တွေ မျောပစ်
အသစ် တည်ပြု
ယခု အချိန်
တိုးရှိန် သစ်ဝေ
ဆောင်းနွေ မိုးတို့
မခို့ တရို့
မပို့ မဆန်း
ရွှေပန်း စီရီ
ရာသီ နုချိန်
ချင့်ချိန်ကာနေ။ 



အပျင်းပြေ ၀ဲရိုက် ၀ဲသွင်းလေး စမ်းကြည့်လိုက်တာ။း)

.

13 comments:

  1. သူကြီး..
    ကဗျာလေးကောင်းတယ်။
    ပါဋိတွေပါတယ်
    အနက်ရေးပေးပါး)

    ReplyDelete
  2. အဟုတ်ပါ့ သူကြီးရေ..
    ရာသီနုချိန်၊ အမှားမခံချိန်မှ ပြဿနာတွေ ဖြစ်လာတာ တော်တော်ဆိုးပါတယ်။
    ကဗျာလေး သဘောကျတယ်။

    ReplyDelete
  3. အမှန်ကိုဝန်ခံပါတယ် အဲလိုကဗျာလုံးဝမရေးတတ်ပါ
    သဂျီးရေးထားလို့ဖတ်ခဲ့ရတယ်
    မြေပုံကိုကြည့်ပြီး ပထ၀ီတော့အတော်ကိုတော်ပုံရတယ်

    ReplyDelete
  4. သကြီးမင်း...
    ရွာတွင်းမှာ ဘယ့်ဂလိုဖြစ်နေတာလဲ
    ဆေးတံကြီးခဲ့ပြီး မခင်သုန် အနားမှာချည်းဘဲ ၀ဲမနေနဲ့ဦး။

    ကျုပ်တို့တော့ မနု နိုင်တော့ဘူး ကြမ်းနေတာတွေ နည်းနည်းများနေတယ်။

    သူကြီးမင်း ကဗျာတွေက တော်တော်ကောင်းတယ် စကားစုတွေ ကြွယ်သလို ရသ လည်းကြွယ်ပါ့ဗျာ။

    ReplyDelete
  5. ကဗျာလေးအရမ်းကောင်းတယ် သူကြီးမင်းရေ

    ReplyDelete
  6. ဟုတ်၏ မှန်၏ ရေးချက်ကတော့
    ဝဲရိုက်တယ်သာပြောတယ် လန်းချက်ဗျာ

    ReplyDelete
  7. ဆရာကြီးဒေါင်းနွယ်ဆွေရဲ့ကဗျာ ဖတ်နေရသလိုပဲ..။
    နှစ်သက်မိကြောင်းပါ..။

    ReplyDelete
  8. မလည်တလည်နဲ့ မျက်လုံးလေး ကလည်ကလည်လုပ်ပြီး ဖတ်သွားတယ်.. လိုရင်းတော့ နားလည်သလိုလိုရှိတယ်.. တဂျင်းမီး ကဗျာက မြင့်တာကို >.<

    ReplyDelete
  9. မမအရေးကိုတော့ ရွရွထွေးပြီး လှလှလေးဖြစ်စေချင်သပ သူကြီးရယ်... ခက်တာက... ခက်တာကိုးဗျ...

    အိုးဝေခမျာလည်း မောရရှာလွန်းလို့ အတောင်တွေတောင် ကျွတ်ချင်နေရှာပြီ ထင်ပါရဲ့...မြင်သမျှကလည်း ဘ၀င်မကျ...ကြားသမျှကလည်း နားဝမှာ မချိုပြန်တော့ သူကြီးရေ...အွန်လိုင်းပေါ်တက်ရမှာတောင် ခပ်လန့်လန့် ဖြစ်လာပြန်ရော...

    တစ်ခုတော့ ရှိသဗျာ...သူကြီးက နောက်ဆုံးပိုဒ်ကျမှ ရွှေပန်းစီရီလို့ လုပ်ထည့်လိုက်တော့ ဟဲ ဟဲး)

    ReplyDelete
  10. ကဗျာတွေဖြစ်လှချည်လားတဂျီမင်း
    အခုတလော ကဗျာအရေးများနေသလိုပဲနော်
    တထုထုပဲထင်ဒယ် တထုထုပဲနော်း)း)

    သယ်ဂျီးမင်းတို့များ ကဗျာရေးရင် စကားလုံးမရှားဖူးနော် ခက်တယ်ဗျာ့ ဒီလိုရေးရတာ



    မောင်ဘကြိုင်

    ReplyDelete
  11. ရာသီနုချိန်တဲ့လား အကို ..တင်စာပုံလေး လှလိုက်တာ..

    ReplyDelete
  12. ဌာနေပြန်ရောက်လို့ စာကြွေးတွေ ဘက်ဂီယာထိုးပြီး ဖတ်သွားတယ် တဂျီးရေ။ ရင်တွင်းကဗျာတွေချည်း ရုပ်လုံးဖော်နေပါလားး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  13. important democratic traditions, especially when the time of elections comes. At the custom essays writing online

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။