Thursday, 7 June 2012

စိတ်သွေမှော်


မိုးသက်ငွေ့ရည်
သွန်းနဒီဝယ်
ဥကြည်လှိမ့်ဆင်း
နွမ်းလျ သင်းစွာ
ငိုခြင်း ရယ်ခြင်း
သူ ဖန်ဆင်းလို့။

လေမြူးသွေ့ခုန်
မျက်ရည်မှုန်ကြား
ယမုံအိပ်မက်
ညဉ့်နက်နက်သို့
သွေဖျက် ခြေသွက်
သူ နှုတ်ဆက်လို့။

အော်...
ဖန်ဆင်း နှုတ်ဆက်
နှုတ်ဆက် ဖန်ဆင်း
ရွှေယမင်းဆင်
သူ့ရုပ်သွင်ကား
ရွှေစင်လားသို့
ငါ့အား တွေးတော
ပင်လယ်ကြောမှာ
မျော မြော့ရုံပင် ရှိလေတကား။

.

(((ဘာမှ မဟုတ်ဘူး။ ကြီးပေါလောနဲ့ ထပ် နုကြည့်မိပြန်တာ။း)))

.

14 comments:

  1. မြော့မြော့လေးပဲကျန်တော့တယ် နုချက်လှချက်က
    အဲလိုကဗျာလေးတွေကို ကြိုက်တယ်ဗျာ သယ်ဂျီး
    တယ်လာပါလားဗျာ ဂွတ်ထ် သို့ပင်သော်ငြားလည်း ဘယ်လိုပင်နုနု ရွရွ လူပြိုကြီးပဲဖြစ်မှာမို့ စိတ်များတော့ မကောင်းပါဘုဟု မောင်ဘကြိုင်ဆိုခဲ့လေသတည်း

း)း)

    ပုံ
    မောင်ဘကြိုင်

    ReplyDelete
  2. အဲဒီလိုနဲ့ မဂျက်လဲပဲ
    ဖန်ဆင်း နှုတ်ဆက်
    နှုတ်ဆက် ဖန်ဆင်း-----
    နှုတ်ဆက် ဖတ်ရင်း ဖတ်ဖြစ်ခဲ့ရပါတယ်
    အင်း------မင်းဧရာသူငယ်ချင်းတွေဆိုတော့လဲ
    ဒီလိုပါပဲလေ
    နုတာ နုနေကြတာ
    ဘာပဲဖြစ်ဖြစ်နုတာ ကောင်းပါတယ်

    ReplyDelete
  3. အချိန်များစွာရင်းပြီး ကဗျာကောင်းတစ်ပုဒ် ဖန်တီးခဲ့တဲ့ တဂျီးမင်းရေ လာရောက်အားပေး ဖတ်ရှု မှတ်သား သွားပါတယ်ကွယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အဲဟဲ ဒါမှ သူကြီးမင်းကွ..
    ကောင်းတယ်ဗျာ ဖတ်ရတာ သိပ်အရသာ ရှိတယ်
    နောက်ထပ်နုစမ်းပါဦး သူကြီးမင်းရာ
    ဘလောဒ့်လည်ရ ပျင်းစရာကြီးဖြစ်နေတာကြာပေါ့။

    ReplyDelete
  5. သူ့ ကွန်သက်ဆင်း
    သူ့ ကျော့ကွင်းမှာ
    သူ့ မာယာတော
    သူ ရယ်မောလို့

    မောင် သာ အက်ကွဲ
    မောင့် အသဲတွင်
    တံလျှပ်ထင်ကာ
    သူ့ မာယာတော
    မောင် သက်ဆင်းမိ

    အို ဘယ် ရွှေစင်
    တံလျှပ် ထင်မိ
    လိုက်မိ မှားမှန်း
    လွန်ခါမှသိ
    ရှိပါစေတော့.. ရှိစေတော့...

    မုန်းပင် ချစ်ပျိုး
    မုန်း၍မဟူ
    မောင်သာလျှင်ပင်
    မောင့်မိုက်ပြစ်နှင့်
    မောင် ဘ၀သာ ရှိရော့တည်း......

    မှားမယ်နော်.. သဂျီး... မှားမယ်.. :P

    ReplyDelete
  6. ကိုမောင်မောင်ရေ ကဗျာလေးခံစားသွားပါတယ်.

    ReplyDelete
  7. ဘယ်လိုဘဲ နုနုပါ သကြီးရယ်..
    ကဗျာလေးကတော့
    တကယ်ကိုကောင်းပါတယ်..

    ReplyDelete
  8. နုနေတဲ့ကြီးဘောလောကြီးကို ဟိုအားထောင်ကလာမြောက်ပေးသွားပြန်ဒယ် သူ့လိုအရိုက်ခံချင်လို့ ဟစ် ဟစ်း))


    ငဂျာရစ်

    ReplyDelete
  9. ကြီးပေါလောနဲ့ နုထားတာပေမဲ့ ဖတ်လို့ကောင်းတယ် သူကြီးရေ..
    မျောတဲ့အပြင် မြော့တောင် မြော့နေရသေးတယ်နော်
    တော်တော်ဆိုးပါ့ :P

    ReplyDelete
  10. သူကြီးမင်း ကဗျာအရမ်းကောင်းတယ်.သင်ပေးအုံး ရေးပုံရေးနည်း ခံစားပုံ ခံစားနည်းလေး။

    ReplyDelete
  11. အမ်း..ချစ်သူကိုမေ့မရပေမယ့် ၇င်မှာတော့ထိသဗျ

    ReplyDelete
  12. ကြီးပေါလောနဲ့  နုကြည့်တာတောင် ကဗျာကောင်း ထွက်တာပဲ..များများနုပါဂျာ...

    ReplyDelete
  13. war, which has already taken so many lives of friends of mine, who were ordinary cheap custom writing essay

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။