Friday, 13 January 2012
လင်းလက်မုဒိတာ
 တူညီမှုတွေ
မတူညီခဲ့လို့
ညှီစီစီ သံသရာထဲ
ကြေကွဲမှုတွေကို မြှုပ်နှံလို့။
အလင်းကွက် တစ်စက်မြင်ရရင်
ဗျာဒိတ်မြွက် ခံရသလိုလို
ဘ၀အဆက်ဆက်အတွက် 
မျှော်လင့်ချက်တွေနဲ့။
လိုက်ကာ တွင်းပြင် ကွာပေမဲ့
ဇာတ်တလင်းပြင်မှာတော့
ကကွက်ချင်းလဲ တူ
ဘ၀ ချင်ခြင်းလဲ တူခဲ့ကြ။
ပါရမီဖြည့်ဖက်ချင်း အတူတူ
ဇာတ်မူပေါင်းခန်းရောက်မှ
ဘယ်သူ့ကိုမှ
အပါယ်မကျစေချင်ပါဘူး
မြိုင်ထလို မြူးမြူးကြွကြွလေးဘဲပေါ့။
ခုလို...
ယုတ္တိတွေ ချပြတဲ့
ဝိမုတ္တိ နန်းခံပွဲမှာ
နိရုတ္တိနည်းတွေ မဖွဲ့တတ်ပေမဲ့
ဝိသုဒ္ဓိ စည်းကျဖို့တော့ လိုတယ်။
သိတယ်မဟုတ်လား။
ခုဆို...
ဝိမုတ္တိအရသာကို ခံစားရင်း
ငါတို့ရဲ့ ရင်တွင်းမှာလဲ
မုဒိတာတွေ လင်းလက်လို့။
ကိုကိုမောင်(ပန်းရနံ့)
(၁၃.၁.၂၀၁၂၊ သောကြာ ၁၄း၄၈နာရီ)
.
10 comments:
  1. သဂျီးရဲ့ သပြေညိုက အတိတ်ကောင်း နိမိတ်ကောင်းတွေ သယ်ဆောင်လာသလိုပဲနော်။
    အခုကဗျာလေးလဲ မိုက်တယ်။
    ဒါပေမဲ့ တချို့ စာလုံးတွေ နားမလည်လို့ ခက်ဆစ် အနက်လေး ဖွင့်ပါအုံး သဂျီးမင်းရဲ့။
    ReplyDelete
  2. အလင်းကွက်တွေကတော့ အချက်ကျကျပါပဲ.....
    အမှောင်ထဲက ထထတောက်နေလေရဲ့....
    ဒါပေမယ် စုန်းပျူးတွေကတော့ ဟိုတစ်ဒေါင့် ဒီတစ်ဒေါင့်....
    သူတို့ပါ လေကောင်းလေသန့် တစ်ဝကြီးရှုလို့....
    စည်းချက်ညီညီနဲ့ပေါ့.....
    ReplyDelete
  3. ဘုန်းဘုန်းတို့ရဲ့ ရင်တွင်းမှာလည်း မုဒိတာတွေ လင်းလက်လို့...(ကဗျာရေးချင်စိတ်တောင် ပေါက်လာပြီ...)
    ReplyDelete
  4. အရမ်းအရမ်းမြင့်သွားဘီ... လိုက်မမှီတော့ဘူး (ပါးစပ်အဟောင်းသားနှင့် ပြောသည်.)
    တချို့ဟာတွေ နားမလည်ဘူး...
    အပြီးသတ်ဆိုလိုရင်းကိုတော့ သိသလိုလို မသိသလိုလို.. >.<
    ReplyDelete
  5. သူများလည်း
    သိပ်နားမလည်ဘူး
    ဘာကိုဆိုလိုချင်မှန်း သိသလိုလို
    မသိသလိုလိုနဲ့
    ဂျယ်ရီဝက်တို့ကစစစအတတ်တွေသာ
    တော်သာ...
    အဲလိုအနုပညာစာပေတွေ
ွသိပ်နားမလည်ဘူး
    ReplyDelete
  6. သိတယ်မဟုတ်လား။
    ခုဆို...
    ငါတို့ရဲ့ ရင်တွင်းမှာလဲ
    မုဒိတာတွေ လင်းလက်လို့-------
    လုံးဝမသိပါသဂျီးရေ
    အဲတာကိုတော့သိပါ၏
    (ငါတို့ရဲ့ ရင်တွင်းမှာလဲ
    မုဒိတာတွေ လင်းလက်လို့-)
    ReplyDelete
  7. အရင်ဆိုခတ်ဆစ်လေးတွေပါ ဖွင့်တက်တဲ့အကို ဒီတစ်ခေါက် မေ့သွားတယ် ထင်ပ ...:):)
    ReplyDelete
  8. သူဂျီးတို့ကတော့ ပါဠိတွေ အတော်လည်း ကျွမ်းကျင်သကိုး...
    တော်လိုက်တာ
    ကဗျာတောင် ပါဠိစာတွေ တစ်ထောကြီးနဲ့ ရေးဖွဲ့နိုင်တယ်. ချီးကျူးပါတယ်။။ တကယ်
    ReplyDelete
  9. ဝိမုတ္တိအရသာကိုခံစားရင်း
    မုဒိတာတွေ လူသားအားလုံးအတွက်
    အမြဲတန်းလင်းလက်နိုင်ပါစေလို့
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။