Friday, 9 December 2011

အဲဒါ.. ရှင့်ကြောင့်


မသုံးတတ်သုံးတတ် ဂျီတော့ခ်သုံးရင်း ကိုရင်သာဒွန်းနှင့်မဒမ်သာဒွန်းတို့ ဆုံဖြစ်ကြသည်။ ထုံးစံအတိုင်း နေ့စဉ်ရက်ဆက် တွေ့ပါများတော့ သံယောဇဉ်ကြိုးတွေက ရစ်ပတ်ချည်နှောင်လို့။ တစ်ရက်နေလို့မှ တစ်ခါ မတော့ခ်ရရင် တစ်ရက် လူဖြစ်ရကျိုး မနပ်ဖူးလို့ ဥပါဒါန်စွဲနေကြလေပြီ။ အဖြူလား အမဲလား မသဲကွဲခင်မှာ အသဲစွဲအောင် ကိုရင်နှင့်မဒမ် ချစ်ခင် စုံမက်သွားကြလေ၏။ ကံကောင်းတယ် ဆိုရမှာပ။ နှစ်ယောက်လုံးက ရွက်ကြမ်းရည်ကျို အဆင့်လောက် ရုပ်ရည် ရှိကြပေလို့။ သို့ပေမဲ့ ကိုရင်က ဖြူတုတ်တုတ် မဒမ်က ညိုမဲမဲ။ ဒါပေမဲ့လဲ အသဲကွဲအောင် ချစ်လိုက်ကြတာ မိုးမမြင်လေမမြင်။

နှစ်ယောက်သား အပြင်မှာ စဆုံတွေ့တဲ့နေ့ကစပြီး ကိုရင်နှင့်မဒမ် လင်မယား အရာမြှောက်ကြလေတော့၏။ မြန်လိုက်သည့် ဖြစ်ခြင်း။ ဒုံးပျံခေတ်ပေကိုး။ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ ပိုကြတော့ သ၀န်တိုတာတွေက ပါလာရော။ အွန်လိုင်းမှာ ဘယ်သူ ဘယ်ဝါနဲ့ ချတ်တင်ရိုက်နေတာ မဟုတ်လား ဘာညာ သာရကာဖြင့် အချင်းချင်း စကားနာထိုးကြသည်မှာ နေ့စဉ်။ သို့ဂလိုကြောင့် ကိုရင်နှင့်မဒမ်တို့နှစ်ယောက် အကွက်ချတိုင်ပင်ပြီး အီးမေးလ်အင်တာနက် လုံးဝမရရှိနိုင်သည့် တောကြီးမျက်မဲထဲက ရွာလေးတစ်ရွာသို့ ပြောင်းရွှေ့ပြီး ချစ်ခင်ကြင်နာစွာ ဘ၀ခရီး အတူတူ လျှောက်လှမ်းကြလေတော့၏။ သံသယကင်းကင်း အချစ်ပြင်းပြင်းပေါ့။

ဒီလိုနဲ့....

အိမ်ထောင်ကျပြီး ၁၀ လ လောက်ကြာတဲ့အခါမှာ မဒမ်တစ်ယောက် ဗိုက်နာလာပါလေရော။ ဗိုက်နာလာလိုက်သမှ သဲသဲမည်းမည်း။ ကွမ်းသီးလုံးခန့် ချွေးသီးချွေးပေါက်များ မဒမ့်ခန္ဓာကိုယ်မှ တစ်လှိမ့်လှိမ့် စီးဆင်းလာရသည်ထိ နာကျင်လေသည်။ ကိုရင်တစ်ယောက်လဲ တစ်ခါမှ အတွေ့အကြုံမရှိဖူးလေတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဗိုက်အရမ်းနာသည်က တစ်ကြောင်း ကိုရင်ရဲ့ မလုပ်တတ် မကိုင်တတ် အေးတိအေးစက် အမူအယာကို မြင်နေရသည်က တစ်ကြောင်းတို့ကြောင့် မဒမ်တစ်ယောက် ဒေါသထွက်မှန်းမသိ ထွက်နေလေသည်။ ထို့ကြောင့် ကိုရင့်အနားကပ်ကာ ကိုရင်ရဲ့ ရင်ဘတ်ကြီးကို တဘုန်းဘုန်း ထုပြီး "အခုလို ဗိုက်နာရတာ ရှင့်ကြောင့် ရှင့်ကြောင့် အီးဟီးဟီး" ဟူ၍ ကြွက်မနိုင် ကျီမီးရှို့လုပ်ပြီး ကိုရင့်ကိုသာ မဲနေလေတော့၏။

"မိန်းမရာ.. စိတ်ထိန်းစမ်းပါဦးဟ။ အိမ်နီးနားချင်းတွေ ကြားသွားရင် ရှက်စရာကြီး။ ပြီးတော့ ငါ့ကိုချည်း အပြစ်ပုံမချပါနဲ့။ အခုဟာက နှစ်ယောက်လုံးကြောင့် ဖြစ်ရတာပါ။ ငါလဲ အခု ဘာလုပ်ရမလဲ စဉ်းစားနေတာပါ"

"အမလေးးးလေးးးးး... အခုထက်ထိ ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေတုန်းဘဲလား။ ဒီမှာ နာလွန်းလို့ သေတော့မယ်။ ပူလဲ အရမ်းပူတာဘဲ။ သွား...ရွာမြောက်ပိုင်းက အရီးမြကို သွားခေါ်ချေ။ အမလေးနော်... နာလိုက်တာ... အမေရေ... အီးဟီးဟီး။ အမေ့သမီး လင်ယူစောခဲ့လို့ အခု ၀ဋ်ခံနေရပြီ... ရှီးး ဖူးးးးးး ကျွတ်.. ကျွတ်.. ကျွတ်.."

မဒမ်ပြောမှ ကိုရင်တစ်ယောက် အရီးမြကို ပြေးသတိရမိလေသည်။ အရီးမြက ဒီလိုမျိုး ဗိုက်နာတာကို ဖြေရှင်းပေးတဲ့ နေရာမှာ နာမည်ကြီးသည်။ ထို့ကြောင့် ရွာမြောက်ပိုင်းကို အမြန်ပြေးပြီး အရီးမြကို သွားခေါ်ခဲ့လေသည်။ အိမ်ရောက်တော့ အရီးမြက မဒမ့်ဗိုက်ကို ဟိုစမ်း ဒီစမ်း ကိုင်စမ်းကြည့်လေသည်။ ကိုရင်ရော မဒမ်ပါ အားကိုးတကြီးနဲ့ အရီးမြမျက်နှာကို အကဲခတ်နေလေသည်။ သို့သော်..

"အင်း.. ပြောရမှာ စိတ်မကောင်းလိုက်တာ။ ငါလဲ အခုလိုမျိုး လူနာကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါကြောင့် ငါလဲ ဘာမှ မလုပ်တတ်ဘူး။ အကောင်းဆုံး အကြံပေးချင်တာကတော့ ချက်ချင်း မြို့တက်ပြီး အထူးကုဆေးခန်းကို သွားတာ အကောင်းဆုံးပါဘဲ"

အရီးမြလက်လျော့လိုက်ပြီ ဖြစ်သောကြောင့် ကိုရင်နှင့်မဒမ် ကားကြုံဖြင့် မြို့တက်ပြီး အထူးကုဆေးခန်း တစ်ခန်းသို့ သွားရလေ၏။ ဆေးခန်းသို့ ရောက်သောအခါ မဒမ့်ကို အရမ်းသနားလှသောကြောင့် ဆရာဝန်မအား "ဆရာမရယ်.. ကျနော့် မိန်းမကို အပ်ထရာဆောင်း ရိုက်ပေးပါဗျာ။ ဗိုက်ထဲမှာ ဘာရှိလဲ သိချင်လို့ပါ" ဟု အသနားခံ အကူအညီတောင်းလေ၏။ ဆရာဝန်မလဲ လူနာကုတင်နားလာပြီး မဒမ့်ဗိုက်ကို လက်နဲ့စမ်းကြည့်လေ၏။ ထို့နောက် နားကြပ်ဖြင့် မဒမ့်ဗိုက်တစ်လျှောက် စမ်းသပ်နားထောင်လေ၏။

"ကိုရင့် မဒမ်က အပ်ထရာဆောင်း ရိုက်ဖို့ မလိုပါဘူး။ ကျေးလက်ဆေးပေးခန်းတင် ကိစ္စပြီးပါတယ်။ ကျမတို့က မလိုအပ်ရင် ဘယ်လူနာကိုမှ အပ်ထရာဆောင်းရိုက်မပေးပါဘူး"

"ဒါဖြင့် ကျနော်တို့ လာခဲ့ရကျိုး မနပ်ဖူးပေါ့"

"အဲဒီလိုတော့ မဟုတ်ပါဘူး။ အခု သောက်ဆေး ပေးလိုက်မယ်။ အဲဒါလေး သောက်လိုက်ရင် သက်သာ သွားမှာပါ။ နောက်တစ်ခါ နာရင်လဲ အခုလို ဆေးမျိုးကိုဘဲ ကျေးလက်ဆေးပေးခန်းမှာ ၀ယ်သောက်ပေါ့၊ ရှောရှောရှူရှူ ဖြစ်သွားမှာပါ"

"တော်တော် အကြင်နာတရားမရှိတဲ့ ဆရာဝန်မဘဲ" ဟု စိတ်ထဲက ရေရွတ်ရင်း ဆရာဝန်မ ပေးသည့် စားဆေးကိုသာ ယူပြီး ပြန်ခဲ့ရလေသည်။ ဆေးစားစားချင်းတော့ ဗိုက်နာသက်သာသည်ဟု မဒမ်ကပြောသည်။ တော်ပါသေးရဲ့။ ဗိုက်နာ နဲနဲသက်သာသည်ဆိုလျှင် ငွေကုန်လူပန်းရကျိုး နပ်ပေပြီဘဲ။

သို့သော် မြို့မှနေပြီး ရွာသို့ အပြန် လမ်းခရီး၌ မဒမ့်ဗိုက်အနာ ပြန်ပေါ်လာလေ၏။ ရိုးရိုးဗိုက်နာတာ မဟုတ်တော့လဲ ဆရာဝန်မဆေးက မစွမ်းတော့ဘူး ထင်ပါရဲ့။ မဒမ်တစ်ယောက်လဲ ဗိုက်ဖောင်းဖောင်းလေးအား သူ့လက်ကလေးဖြင့် သက်သာလို သက်သာငြား ပွတ်ပွတ်နေလေ၏။ အိမ်ထောင်ရှင်မ ဒုက္ခကလဲ မသေးပါလားနော်။ ကိုရင်လဲ ဘာမှ မလုပ်ပေးတတ်လေတော့ မဒမ့်ဗိုက်ကလေးအား မဒမ်နည်းတူ ဟိုကိုင်ဒီကိုင်ဖြင့် ပွတ်သပ်ပေးနေမိလေ၏။

"မဒမ်ရေ.. ဗိုက်ထဲမှာ လှုပ်စိ လှုပ်စိနဲ့ပါလား"

"အဲဒါကြောင့် ဗိုက်နာနေတာ။ အဲဒါ ရှင့်ကြောင့် ရှင့်ကြောင့်.. အမလေး.... ရှီးးးးးးး နာလိုက်တာနော်"

ထိုအပြန်ကားကြုံဖြင့်ပင် ရွာထဲမှ အပျိုကြီးမိသိန်းကြည်လဲ စီးနင်းလိုက်ပါလာလေ၏။ မိသိန်းကြည်သည် မြို့မှ ကုန်မျိုးစုံအား ၀ယ်ယူပြီး ရွာထဲမှာ လက်လီပြန်ရောင်းနေသူဖြစ်၏။ ကလေးကစားစရာမှစပြီး အင်္ဂလိပ်ဆေး မြန်မာပရဆေးအထိ သူ့ဆိုင်မှာ ရနိုင်လေ၏။ မိသိန်းကြည်တစ်ယောက် မဒမ်ဗိုက်နာနေသည်ကို ကြည့်ပြီး ကိုရင်အား မေးမြန်းလေ၏။

"မဒမ် ဗိုက်နာနေတာ ကြာပြီလား"

"ဒီနေ့မနက်ကစပြီး ပြင်းပြင်းထန်ထန် နာလာတာလေ။ အရီးမြကို ပြကြည့်တော့လဲ မြို့တက်ပြီး အထူးကုဆေးခန်းကို သွားခိုင်းတယ်။ အထူးကုဆေးခန်းရောက်တော့လဲ ကျေးလက်ဆေးပေးခန်းကို ထပ်လွှဲပေးတယ်။ ကျနော်လဲ ဘာမှ မသိတော့ဘူး။ ဟိုဘက်တစ်ရွာကျော်က ကျေးလက်ဆေးပေးခန်းကိုဘဲ သွားရုံပေါ့"

ဟူ၍ ဖြစ်ကြောင်းကုန်စင် ဇာတ်ကြောင်း လှန်ပြရလေတော့၏။

"ကျမကို ယုံကြည်ရင် ကျမဆိုင်မှာ ဆေးတွေ ရှိပါတယ်။ ကျေးလက်ဆေးပေးခန်း သွားစရာ မလိုပါဘူး။ ရွာရောက်ရင် ဆိုင်လိုက်ပြီး ယူပေါ့။ မဒမ်ကို ဆေးတိုက်ပြီး စောစောသာ အိပ်ခိုင်းလိုက်။ မနက်မိုးလင်းရင် ကောင်းသွားလိမ့်မယ်၊ အားလုံး ချောချောမောမော ဖြစ်သွားမှာပါ"

ကိုရင်တစ်ယောက် ရွာပြန်ရောက်တော့ မိသိန်းကြည်ဆိုင်သွားပြီး ဆေးတစ်ထုပ် သွားဝယ်လေ၏။ မိသိန်းကြည်ရဲ့ အညွှန်းအတိုင်း ဆေးနှစ်လုံးတိတိ မဒမ့်အား တိုက်လိုက်ပြီး စောစော အိပ်ခိုင်းလိုက်လေ၏။ မဒမ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်ရမှ ကိုရင်တစ်ယောက် စိတ်သက်သာရာ ရလေ၏။ အပျိုကြီး မိသိန်းကြည်ဆေးက စွမ်းပေသားဘဲ။ အတွေ့အကြုံရှိတဲ့ အပျိုကြီးထင်ပါ့။

မနက်ဝေလီဝေလင်း အချိန်၌ မဒမ်တစ်ယောက် အိပ်ရာမှ စောစောထ ကိုယ်လက်သန့်စင်ပြီး ရွာဦးကျောင်းဆွမ်းပို့ဖို့ ဆွမ်းဟင်းဆွမ်းထမင်း ချက်ပြုတ်နေလေ၏။ ပါးစပ်မှလဲ ဘ၀သံသရာသီချင်းလေးအား တိုးတိုးညှင်းညှင်း သီကျူးနေလေ၏။ ဒါဆို သေချာပြီ မဒမ် ဗိုက်နာ သက်သာသွားပြီ။ ကိုရင်လဲ အိပ်ရာထက်မှ လူးလဲထပြီး မျက်နှာသစ်ဖို့ ရေအိုးထားရာ အိမ်ကပြင်သို့ ထွက်ခွါလာစဉ် မဒမ်က ဆီးကြိုပြီး "ကိုရင်.. အခု ဗိုက်နာတာတွေ ယူပစ်လိုက်သလို သက်သာသွားပြီ။ အိမ်သာတော့ နှစ်ခါ သုံးခါ တက်လိုက်ရတယ်။ ဒါနဲ့ မိသိန်းကြည်က ဘာဆေးပေးခဲ့တာလဲ" ဟု မေးခွန်းတစ်ခု မေးလေတော့၏။ "သူကတော့ ပြောခဲ့တာဘဲ။ ဂြိုဟ်တု ၀မ်းပုပ်ချဆေးတဲ့။ မအိပ်ခင် နှစ်လုံးလောက် သောက်လိုက်ရင် မနက်လင်းတာနဲ့ တစ်ခါထဲ ရှင်းသွားစေရမယ်" တဲ့။ ။ (Select and see the blank below) :)

"မှန်လိုက်တာ ကိုရင်။ ရှင်စီမံတဲ့ ရခိုင်မုန့်တီ လက်သုပ်ကို အားရပါးရ စားလိုက်မိလို့ အခုလို ဗိုက်အကြီးအကျယ်နာရတာ အခုမှ နေထိထိုင်သာ ဖြစ်သွားတော့တယ်"

"အာ.. မိန်းမကလဲ။ မိန်းမဘဲလေ ငရုပ်သီးမုန့်တွေ နင်းကန်ထည့်လိုက်တာ။ ဒါကြောင့် ငါ့မိန်းမ ခံရတာ။ အင်းလေ... အမှန်ကတော့ ဒို့နှစ်ယောက် ပေါင်းလုပ်ကြလို့ အခုလို ငါ့မိန်းမ ဗိုက်နာရတာ မဟုတ်လား"

မဒမ် လေချုပ်ဝမ်းချုပ်နေသည်ကတစ်ကြောင်း၊ မုန့်တီဖတ်ကိုယ်တိုင်က အပုပ်စာ ဖြစ်နေသည်က တစ်ကြောင်း၊ ငရုပ်သီး အစိမ်းမှုန့်တွေ အများအပြား ထည့်လိုက်သည်က တစ်ကြောင်း၊ ထိုသို့သော အကြောင်း အမျိုးမျိုးကြောင့် လေထိုးလေအောင့်ဖြစ်ကာ ပစ္စလက္ခနာသော မဒမ့်ဗိုက်နာခြင်းဝေဒနာသည် မိသိန်းကြည်၏ ဂြိုဟ်တု ၀မ်းပုပ်ချဆေးနဲ့ တွေ့လိုက်သောအခါမှသာ ဗိုက်ထဲရှိ အပုပ်အစပ်များ အားလုံး သွန်ထုတ်ပစ်လိုက်ပြီး လုံးဝ နေကောင်း စားကောင်း ထိုင်ကောင်း အိပ်ကောင်း ပြောကောင်း ဆိုကောင်း သွားကောင်း လာကောင်း အားလုံးအကောင်း ဖြစ်နေလေတော့သတည်း။ ။ ပြီးပြီ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.

34 comments:

  1. အင်းးး
    ဟင်းဟင်းဟင်း..
    ဒါလိမ်လည်မှုပဲ..စောစောက မရှိဘူး..

    အင်း..ဟင်းဟင်း
    မပြောတော့ပါဘူးလေ..

    ReplyDelete
  2. အွန် ..စောင်းများပြောသလားကိုရင်ရေ ဒီလူကြီးတော့း)

    ReplyDelete
  3. သူကြီးမင်း ပိုစ့်လေးအတွက်ရော
    ကိုရင် နဲ့ မဒမ်ကိုး ကွန်မန့်ကြောင့်ရော
    ပြုံးမိသွားတယ်ဗျာ။

    ReplyDelete
  4. နာမည်လေးတွေတာနဲ့ သဘောကျတယ်၊ ခုက ကိုရင်တို့ မဒမ်တို့ ခေတ်ပေကိုး။။။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  5. အကဲခတ်ကာပြန်သွား၏။

    ReplyDelete
  6. အဲဒီလိုကြီးလား...ကိုရင်နဲ့မဒမ်ကို သေသေချာ ချာမေးကြည့်ဦးမှ...

    ReplyDelete
  7. ပြောပြန်ရင်လဲ မိဂျက်တို့အလွန်ဖြစ်မှာပဲ
    ဘာပဲဖြစ်ဖြစ် သူကြီးမင်းကတော့ ဘယ်လိုလုပ်ပြီးကိုယ်ချင်းစာမလဲနော်
    ကိုတွေကသိတယ် ကိုယ်ချင်းစာတယ်
    အော် အချစ်မရှိတဲ့သူတွေများ သနားလိုက်တာ
    တစ်ခုတော့ကျေးဇူးတင်ပါတယ် သူတို့အကြောင်းလေး ကမ္ဘာကသိသွားတာပေါ့ သူကြီးမင်းကျေးဇူးနဲ့
    သူကြီးမင်းကိုသေသေချာချာခင်တဲ့ jasmine

    ReplyDelete
  8. တိန်.......... ကိုရင်နဲ့  မဒမ် ဟိုမှာ ထရိုက်ကုန်ကြပြီ ကိုရင်တဂျီးမင်း။ :P

    ReplyDelete
  9. ဟိဟိဟိ.. ကိုရင်နဲ့ မဒမ် သူကြီးမင်းလုပ်ပေးလိုက်မှ မင်းသားနဲ့မင်းသမီး ဖြစ်တော့တယ် အဟိ :P :P

    ReplyDelete
  10. ဟဟဟ..
    သြော်.ဒုံးပျံ..ဒုံးပျံး))

    ReplyDelete
  11. တဂျီး......ဘယ်ကကိုရင်နဲ့ မဒမ်လဲဗျ...၊ကျွန်တော်တို့သိ
    တဲ့ ဟိုကိုရင်နဲ့ မဒမ်တို့များလား....:P

    ReplyDelete
  12. အော် အဲတာမဒိုးကန်တို့ဇာတ်လမ်းပေါ့နော်

    ReplyDelete
  13. တဂျီးတယောက်ကတော့လေ..
    ရေးလိုက်ရင်လေ..
    တကယ်ပါဘဲ..ဟာားဟား
    သူများအကြောင်းတော့လာမရေးနဲ့နော်..ဒါဘဲ

    ReplyDelete
  14. အင်းး မဟုတ်မှ လွဲရော .. ဂြိုလ်ထုနဲ့ သူကြီး တခုခုတော့ ပတ်သတ်ရမယ် .. :P

    ReplyDelete
  15. မဒမ်ခမျာ သားဦးကိုယ်ဝန်ဆိုတော့လည်း ဘုမသိဘမသိနဲ့ အတော်အနေခက်ပေမပေါ့...ဗိုက်နာတာကိုတောင် မခွဲတတ်ရှာတော့ဘူးကိုး...မွေးချင်လို့၊ ကလေးဆောင့်လို့နာတာက တစ်မျိုးလေ...အင်အင်းပါချင်လို့နာတာက ရစ်ပြီးနာတာနဲ့ ထိုးပြီးနာတာကိုး...

    ဂြိုလ်တုနဲ့တွေ့လိုက်မှပဲ အဆင်ပြေတယ်ဆိုတာလေး မှတ်ထားဦးမှ...လူနာလာရင် ပြောရအောင် ဟာသလေး တစ်ခုတော့ ရပြီ...ဒါပေမယ့် ခက်တာက ဆေးခန်းမှာ သောက်တဲ့ဂြိုလ်တုမရှိဘဲ...ဟိုဒင်းထဲထည့်တဲ့ ဂြိုလ်တုလေးတွေပဲ ရှိတာ ခက်သပေါ့ သူကြီးရယ်...

    ReplyDelete
  16. တဂျင်းမီးကတော့ လုပ်ချလိုက်ပြန်ပြီ..:)

    ReplyDelete
  17. ဒီပိုစ့်ဖတ်ပြီး ဟိုအတွဲကို သတိရလိုက်တယ်
    သူတို့ကိုများ စောင်းရေးသလားလို့လေ :P :P
    သူဂျီးတို့များ ရေးလိုက်ရင် ရွှင်စရာ ပြုံးစရာတွေနဲ့
    ဖတ်လို့လည်း ကောင်းပါ့

    ReplyDelete
  18. အော် ဒီတဂျင်းမီးကလူပြိုဂျီးမို့ထင်တယ် ဖိုမကိစ္စ သံဝါသတွေ မပါရင် စာမရေးတတ်တော့ဘူးလား။ သူများကိုအားကျရင်လဲ မိန်းမယူလိုက်ပေါ့။ ခုတလော တွေ့နေရတာ >.<

    ReplyDelete
  19. နောင် တစ်ချိန်မှာ
    သူကြီးမင်း မိန်းမ ဗိုက်နာရင်
    အဲ့လိုပဲ ဂြိုလ်တု တိုက်လိုက်နော် .. :D

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  20. သူကြီးမိန်းမ ဘိုက်နာရင်ြ၈ိုဟ်တုမတိုက်နဲ့
    ဒုံးပျံတိုက်

    ReplyDelete
  21. ဟီဟိ
    ဒဂျင်းမီး လူဇိုးပဲ။
    ရီရတယ်။

    ReplyDelete
  22. အော် သူကြီးမင်းပျောက်လှချည်လား မှတ်တယ်။
    လက်စသတ်တော့ ကိုရင်နဲ့မဒမ်တို့အကြောင်း သွားရောက်လေ့လာပြီး မှတ်သားနေတာပါလား။
    ဆေးမြီးတို စုဆောင်းနေပုံရတယ်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  23. သူကြီးမင်းကျေးဇူးကြောင့် သူတို့တွေအကြောင်းသိသွားပြီ..:):) ...
    သူကြိးမင်းအမိန့်ကြောင့် ...ပြန်ရောက်ကြောင်းပါလို့...အကိုရေ...ကောင်းသောနေ့လေးဖြစ်ပါစေလို့...:)

    ReplyDelete
  24. ဟင်...ဟိုဗိုက်ထင်နေတာ ခုတော့ ဟိုဗိုက်ကြီးး သူကြီးလူဇိုးပဲဗျ ။

    ReplyDelete
  25. ကိုယ်တွေ့ကြုံမှ သိရတဲ့ အဖြစ်လေးတွေလည်း ရှိမှာပါ ...

    ReplyDelete
  26. အဲဒီမှာရေ ဂြိုဟ်တု ၀မ်းပုပ်ချဆေး ရှိရဲ့လား။

    ReplyDelete
  27. နာဘူးမှ သိကြမှာပါ

    ReplyDelete
  28. ရောက်တာနောက်ကျသွားလို့ သူများနောက်မှ ရယ်ရတာပေါ့။ ကွန်မန့်တွေ မဖတ်ခင်အထိ သူကြီးရဲ့ ကိုယ်တွေ့ဇာတ်လမ်း မှတ်နေတာ။ အင်းလေ...နောက်တော့လည်း ဖတ်ရဖို့ မျှော်လင့်ပါတယ်...း)

    ReplyDelete
  29. တယ်ဂျီး ကိုရင်နဲ့ ဒမ်ကိုးအကြောင်းရေးထားတာလား တိုက်ဆိုင်ထှာလား မောင်ဘကြိုင်တို့က အကောင်လိုက်ပြမှ အရိပ်မြင်ချင်တာနှော်ဗျာ
    ရှင်းရှင်းလုပ်း)း)
    ရယ်ရတယ်း)း)
    ဒါထက် ၂၀၁၂ လာတော့မယ် ဘယ်တော့လဲ
    ကိုဇော်တောင် ဖိတ်စာဝေတော့မယ်ဆိုလားပဲ ကြားနေတယ်း)း)

    ReplyDelete
  30. ဖတ်ပြီးပြုံးသွားပါတယ်။

    ReplyDelete
  31. ဪ.. ၁၀ လ အကြာ မှာမှ ဗိုက်နာ တယ် ဆို တော့..“ ကိုဝင်းကြည်”ကြောင့်လို့  ထင်နေတာ.. ခုတော့ ခုတော့...
    အထင်နဲ့ အမြင် တက်တက်စင်အောင် လွဲပါရောလားးးး))

    ReplyDelete
  32. ကိုကိုမောင် နော် စာရေးရင် စောင်းစောင်းမရေး နဲ့ တည့်တည့်ရေး

    နောက်မှ ဖတ်စရာတွေ ပြန်လာဖတ်အုန်းမယ်


    ခင်မင်စွာဖြင့်

    ReplyDelete
  33. The war is the most terrible invention of human evil genius. I guess, no human can see so much horror as I have seen during the war cheap essay custom writings

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။