Wednesday, 10 August 2011

သူကြီးမင်း တစ်နှစ် ထပ် ဟိုင်းရပြန်ပြီ

ပြောနေကြပြီ။ ဘာတဲ့။ မွေးနေ့ဆိုလားဘဲ။ ဟုတ်ပါ့။ ဘိလပ်မှာ ဒီလောက် ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေရတဲ့အထဲ မွေးနေ့က လာတိုက်ဆိုင်နေသေးတယ်။ ဒါကြောင့် တိုးတိုးတိတ်တိတ် ကလေး နေမလို့ဟာ။ သိတဲ့သူတွေက သိနေကြတော့ ငြိမ်နေလို့ မရတော့ဘူး။ တုံးဖလားသူကြီးမင်း မွေးနေ့တဲ့ဗျား။ ဘယ်နှစ်နှစ်ပြည့်လဲဆိုတာ မေးလို့လဲ မရဘူး။ ပြောမပြဘူးတဲ့။း))) ဘယ်လိုစစ်စစ် မပြောဘူး ဆိုတာချည်းဘဲ။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ။ အားနာပါးနာလေးတော့ ဆုတောင်း ပေးလိုက်ကြပါဦး။ သူ့ခမျာ သနားစရာ။ စိတ်ပါလက်ပါ ဆုတောင်းပေးမဲ့ သူက မရှိသလောက်ဆိုတော့။

ဘာကျွေးမှာလဲတဲ့။ ဘာမှတော့ ထူးထူးထွေထွေ ကျွေးစရာ မရှိဘူးဖြစ်နေတယ်။ တိုးတိုးတိတ်တိတ်ဆိုတော့ နတ်သမီးလေးဆီလဲ အကြောင်းမကြားလိုက်တော့ဘူး။ သူ့ဆီ ကြိုတင် အကြောင်းကြားထားရင်တော့ သူက အကျွေးအမွေးဝါသနာ အပါသား။ ဒါပေမဲ့ ရှိစေတော့။ လူတွေ ခဏခဏ တစ်နှစ်တစ်နှစ် အသက်ကြီးကြီးလာတာနဲ့ သူခမျာလဲ ပင်ပန်းရှာလှပြီ။ ဒီတော့ ဒီနေရာလေးမှာဘဲ သွားပြီး စားချင်တာ သွားစားကြပေတော့ဗျို့။ ဟာ ဟ။ စော်ကားတာတော့ မဟုတ်ဘူးနော်။ စေတနာပိုသွားတာ။း)))

မနက်စောစော ဘုရားမှာ ပန်းနှင့် သစ်သီးဆွမ်းလေးတော့ ကပ်လှူဖြစ်ပါတယ်။ ပြီးတော့ အပြင်မှာ သူငယ်ချင်းတွေနဲ့ ဘူဖေးသွားစားကြတယ်။ စတိန်းလမ်းပေါ်က ရှန်ဟိုင်းဘူးဖေးဆိုင်မှာ သွားစားကြတာ။ စုစုပေါင်း လေးယောက်။ ထင်ကြမှာ ထင်ကြမှာ သေချာတယ်။ သူကြီးမင်းက ဘူဖေး ဒကာလို့။ လုံးဝ မဟုတ်ရပါဘူးဗျာ။ မောင်သူရဆိုတဲ့ သူငယ်ချင်း တစ်ယောက်က သူကြီးမင်းရဲ့ ကုသိုလ်ကို အတင်းအဓမ္မဓါးမြတိုက်ယူသွားတယ်။ သူဘဲ စီလီဘရေးရှင်း လုပ်ပေးချင်လို့တဲ့။ အဟမ်းးး ရှိစေတော့ ရှိစေတော့။ လုပ်ခွင့်ပေးလိုက်တယ်။ သူတစ်ပါး စေတနာဆိုတာ ဖျက်ဆီးကောင်းတာ မဟုတ်ဘူးလေ။ သူ့ကားနဲ့သွားတယ်။ သူ့ကားနဲ့ဘဲ ပြန်လာတယ်။ ကားပါကင်အတွက် သူဘဲပေးတယ်။ အစားအသောက်အတွက် သူဘဲပေးတယ်။ ဆိုင်ဝန်ထမ်းအတွက် တစ်ပ်မန်းနီးကို သူဘဲပေးတယ်။ ပေါင် လေးဆယ် ငါးဆယ်လောက်ကြီး သူ ကုသိုလ်ရသွားတယ်။ သူကြီးမင်းက သူနှင့် မပြိုင်လိုလို့ သူက ပြိုင်ဘက်မရှိ ကုသိုလ်တုံးကြီး ပိုက်ထွေးခွင့် ရသွားတယ်။

မြန်မာမှာ နေစဉ်တုန်းက ဂျပန်မိတ်ဆွေ တစ်ယောက်ရှိခဲ့ဖူးတယ်။ သူက သူ့မွေးနေ့ဆို မြန်မာစတိုင်လ်နဲ့ ကျင်းပတယ်။ သူကြီးမင်းမွေးနေ့ဆိုရင်တော့ ဂျပန်စတိုင်လ်လို ကျင်းပပေးတယ်။ မြန်မာစတိုင်လ်ဆိုရင် မွေးနေ့ရှင်က သူငယ်ချင်းတွေကို ပြုစုရတာ မဟုတ်လား။ ဂျပန်စတိုလ်ဆိုရင်တော့ သူငယ်ချင်းတွေက မွေးနေ့ရှင်ကို စီလီဘရေးရှင်းလုပ်ပြီး ပြုစုပေးကြတာတဲ့။ သူ ပြောပြတာပါ။ ဒါကြောင့် သူကြီးမင်းကတော့ အဲဒီဂျပန်နဲ့ ဟန်အရမ်းကျခဲ့တယ်။း)) အခုလဲ သူငယ်ချင်း မောင်သူရက သူဘဲ ပြုစုချင်တယ်တဲ့။ သူကြီးမင်းက အရမ်းအားနာတတ်တော့ မငြင်းလိုက်တော့ဘူး။ သူပြုစုတာကိုဘဲ ၀ိုင်းဝန်းအားပေးလိုက်ကြတာပေါ့။

(ပန်းအလှူ)
ပန်းလိုလှပ၊ ဘ၀ရုပ်ရည်
ခန္ဓာကိုယ်တွင်း၊ သန့်ရှင်းစေသည်
နံစော်ကင်းလို့၊ ခံတွင်းမွေးကြည်
ပန်းလှူကျိုး၊ သုံးမျိုးရနိုင်သည်။
(ကဗျာရှင် အမည်မသိ)

သစ်သီးအလှူ



ဘူဖေးသွားစားတဲ့ စတိန်းဟိုက်စထရိ(တ်) ။ လူတွေ အေးအေးဆေးဆေး သွားသွားလာလာပါဘဲ။ ဘာမှ ရုတ်ရုတ်သဲသဲ မရှိပါဘူး။ ဒါပေမဲ့ ညဘက်ဆိုရင်တော့ နဲနဲတော့ သတိထားနေရမယ်ထင်တယ်။

သူငယ်ချင်းမောင်သူရ ကျွေးတဲ့ ဘူဖေး။ ကြိုက်သလောက်စား။ အကောင်းစားတွေချည်းဘဲ။
အဲဒီပုံစံမျိုး နှစ်ပွဲတိတိ သူငယ်ချင်းအလှူကို အားပေးလိုက်တယ်။း)))

ဟင်းရည်သောက်ချင်ရင်လဲ ကြိုက်သလောက် သောက်ဘဲ။

ဒါပေမဲ့ အားလုံးရှင်းလိုက်တော့။

မောင်သူရတစ်ယောက်ကတော့ ၀မ်းသာသွားမလား နောင်တရသွားမလား မသိဘူး။ အဟီးးး။ ပြီးတော့ အဲဒီ ပန်းကန်ပြားထဲမှာ တစ်(ပ်) ချန်ထားခဲ့ရသေးတယ်။ ဒါပေမဲ့ ပြောရဲတာကတော့ သူ တော်တော်လေး ကုသိုလ် ရသွားမှာ အသေအချာဘဲ။ စားသောက်ပြီး မထနိုင်ဖြစ်တော့မလို့။ သိတဲ့အတိုင်း တုံးဖလားသားလေ။ တန်အောင် စားခဲ့တယ်။ ဟာ ဟ။ ဦးလေး အဒေါ် အကို ညီ အမ ညီမ တူ တူမများလဲ ရှိတာလေး စားသွားလိုက်ကြပါဦး။ ပြောကြမှာတော့ သေချာတယ်။ သူကြီးမင်း ကပ်စေးနှဲကြီးလို့။ ။

...

30 comments:

  1. Happy Birthday ပါ သူကြီးမင်း ဦးကိုကိုမောင်း) မွေးနေ့သာမက နေ့ရက်တိုင်းမှာ ပျော်ရွှင် ချမ်းမြေ့ပါစေရှင်။

    ReplyDelete
  2. HAPPY BIRTHDAY.. ပါ ကိုမောင်ရေ...
    ဘာမှလည်းကြိုမပြောဘူးရော..
    အလုပ်သွားခါနီး ဝင်ကြည့်လိုက်လို့တွေ့တာ..
    မွေးနေ့မှ“စ”..နှစ်တရာတိုင် အနာရောဂါကင်းရှင်းပြီး လိုအင်ဆန္ဒတွေပြည့်ဝနိုင်ပါစေရှင်..

    ReplyDelete
  3. မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွင်ချမ်းမြေ့
    ပါစေ တဂျီးမင်းရေ...၊ဒါနဲ့စကားမစပ် ကြောင်ဖမ်းဆရာ
    တော်လည်းမေ့သလောက်ဖြစ်နေပြီ သူကြီးရဲ့.....:)))

    ReplyDelete
  4. happy birthday သူကြီးမင်း........
    ဒီနေ့ကစပြီး သူများမျက်စောင်းထိုးခြင်းကင်းပါစေ
    ( လူပျိုကြီးစာရင်းဝင် နေပြီဆိုတော့ အနည်းဆုံး ငှက်ပျောပင်ကတော့ မျက်စောင်းထိုးမှာပဲ}}}}:)
    သတိလေးတော့ထားဗျာ့နော်
    ကိုယ့်လုပ်စာ ကိုယ်စားပြီး နေရင်းထိုင်ရင်းက ငှက်ပျောပင်
    မျက်စောင်းထိုးခံရတာတော့မကောင်းဘူး ဟီးဟီး။

    ReplyDelete
  5. သူကြီးမင်း ရယ် ..
    သူကြီးမင်းကို လည်း အဲ့လို
    ကုသိုလ် အရမ်းရစေချင်တာပဲ ..
    အဲ့ဒါကြောင့် အဲ့လို ကုသိုလ်
    လုပ်ချင်စိတ် များ ရှိရင်
    ဒီကို ကြွမြန်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ..
    ဟဲဟဲ ..=))
    ကဲ မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ် ..
    မွေးနေ့မှာ သူများကို ကုသိုလ်ပေးရင်း
    ကိုယ်တိုင်လည်း ထိုကဲ့သို့သော
    ကုသိုလ် ယူနိုင်ပါစေလို့ ... xDxD

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  6. ကပ်စီးနည်းကြီးလို့ မပြောပါဘူးလေ. .

    ပျော်ရွှင်စွာ မွေးနေ့လေးတွေကို အကြိမ်ပေါင်းများစွာ ကျင်းပနိုင်ပါစေလို့ပဲ ဆုတောင်းပေးသွားပါတယ် :D

    ReplyDelete
  7. Happy Birthday ပါ။ သူကြီးမင်းရေ။ ခုရောက်ဆဲ အသက်......မှသည် နောင်နှစ်ပေါင်းများတိုင်အောင် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပြီးသကာလ ဟာသပိုစ်များကိုလည်း ခဏခဏတင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကွယ်။ (ဘုန်းဘုန်းမွေးနေ့တုန်းက မောင်သူရလို ပုဂ္ဂိုလ်မျိုးနဲ့ မတွေ့လိုက်ရတာ နာတာပဲ)

    ReplyDelete
  8. သူဂျီးမင်းမပြောပေမဲ့ သိတယ် သိတယ်
    အသက် ၄၅နှစ်ပြည့်မဟုတ်လား
    ဆံပင်ဖြူတာ လူသိမှာစိုးလို့ အသက်မပြောတာများ ဟင်းဟင်း
    မွေးနေ့မှသည် သက်တော်ရာကျော်ရှည်ပါစေ..
    ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ဆန္ဒအားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ..

    ReplyDelete
  9. Happy Birthday ပါအကိုရေ ပျော်ရွင်ဖွယ်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်သော မိသားစုနဲ့ ပျော်ရွင်ပါစေလို့....လူပျိုးကြိးဘဝ ကလဲ မြန်ဆုံး ကျွတ်လွတ်ပါစေလို့...:P အဟီးးးးး မချောပြောတယ် မှန်တယ်မလားအကို ၄၅ နှစ်တဲ့ ဟိဟိ..:)

    ReplyDelete
  10. သူကြီးကိုကိုမောင်...
    ပျော်ရွှင်စရာမွေးနေ့လေးဖြစ်မယ်လို့ ထင်ပါတယ်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအပ်သောဆန္ဒတွေကို လက်တွေ့လုပ်ကိုင်နိုင်ပြီး အောင်မြင်ပါစေ။ မိဘကိုလုပ်ကျွေးပြုစုနိုင်သော သားကောင်းလေးတယောက်ဖြစ်ပါစေ။
    ခင်မင်လျက်
    သဒ္ဓါ

    ReplyDelete
  11. တုံးဖလားရွာကို အပိုင်စားရတော်မူပေထသော သဂျီးမင်း၏ အသက် ၈၀ ပြည့် မွေးနေ့မှသည် အသက်ရာကျော်ရှည်၍ ရပ်ကျိုး ရွာကျိုး ဘာသာ သာသနာအကျိုး စွမ်းစွမ်းတမံ သယ်ပိုးရွက်ဆောင်နိုင်ပါစေ ... ။

    သြော် ဒါနဲ့ နောက်တခါ ပန်းသီးဘုရားကပ်ရင် တံဆိပ်တော့ ခွါပါ သဂျီးရယ်။ မြတ်စွာဘုရား ဘုဉ်းပေးတဲ့တခါ တံဆိပ်ကြီး ပါသွားပါအုံးမယ်။

    ReplyDelete
  12. သူဂျီး (HAPPY BIRTHDAY)
    အခုမှ အသက်၁၂၀တိုင် ဘေးဘယာကင်းကွာပြီး ဆက်လက် (ဘယာကြော်စား အဲ ဘလော့ကာများကြား ဘလော့လည် ဘလော့ဖတ် ဘလော့ရေးရင်း) စိတ်နှလုံးချမ်းမြေ့ ရွှင်လန်းပါစေလို့..

    ReplyDelete
  13. ဟီးဟီး.. ဆွမ်းတော်ကပ်တာ ပန်းသီးမှ ပါပါ့မလားလို့.. ဟားဟား.. ဟက်ပီးဘတ်ဒေးပါ... သွားကြီးရေ.... ဒီမွေးနေ့အလွန်မှာ စွံပါစေ.... :D


    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  14. Happy Birthday ပါ သူကြီးမင်း...

    ReplyDelete
  15. မောင်ဘကြိုင်တို့ကတော့ နောက်ကျမြဲ
    နောက်ကျနေတာပဲ သယ်ဂျီးမင်းရယ်
    တုံးဖလားမွေးနေ့ပွဲအခုမှလာနွှဲနိုင်တော့တယ်
း) သယ်ဂျီးပျော်ရွှင်ပါစေဗျာ
    မိန်းမလေးငါးယောက်နဲ့ကလေးတပြွတ်နဲ့ ရွာလည်နေပါစေ

    ReplyDelete
  16. မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့မွေးနေ့ပါ 'ကိုကိုမောင်'။
    မွေးနေ့မှာ ဗိုလ်တထောင်ဘုရားကို သွားရောက်ဖူးခဲ့ပြီး ဗုဒ္ဓမြတ်စွာထံမှာ ကပ်လှူခဲ့တဲ့ ဆွမ်း သစ်သီး ပန်းတို့ကြောင့် လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒ အဖြာဖြာပြည့်ဝကာ ကြံတိုင်းအောင်လို့ ဆောင်တိုင်းလည်းမြောက်ပါစေကွယ်။
    သတိတရပြောခဲ့အုံးမယ် ယောက်ျားလေးတွေအတွက် ကြင်ယာရှာရင် 'ဒွေးချိုးလေးတိုး' တဲ့နော်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  17. သူကြီး ကတော့ မွေးနေ့ ကိုတောင် သူ့  သူငယ်ချင်းကို ဧည့်ခံခိုင်းတာကိုး။
    Whatever
    Happy Birthday up to 120years age !

    ReplyDelete
  18.့ Happy Birthday.ပါ သူကြီးမင်းရှင့်..
    ညီမလေးBlackroze ကနေပြီးတော့
    သူကြီးမင်းရဲ့....မွေးနေ့မှသည်..နောင်နှစ်ပေါင်း
    များစွာတိုင်တောင်..စိတ်၏ချမ်းသာခြင်း
    ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံစေကြောင်း..
    ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်....

    တူနယ်တူနယ်..တူနယ်..
    happy birthday to u..

    အဲတာကြောင့်နေမှာ..ဟိုနေ့က..အပြင်သွားတာ
    ဝါးတီးးရှိလို့ဘဲဖြစ်ရမယ်..ဟီးးဟီးးးဟိ

    ReplyDelete
  19. သြော် သူကြီးမင်းလည်း Leo ဖွားဘဲလား။ မွေးနေ့ပေါင်းများစွာ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေ။ ဘ၀မှာ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ တောင်းဆုချွေပါရစေရှင်။

    ReplyDelete
  20. အင်း...တုံးဖလား သူကြီးတို့များ ပါရမီထူးချက်ကတော့ မွေးနေ့တောင် ကိုယ့်အိတ်ထဲက ဖွတ်ကလိဒင်္ဂါး မထွက်ရှာပေပဲကိုး...အနှီလိုမွေးနေ့မျိုးကတော့ ဝေါင်ဝေါင်ရှေးပါသဗျား...ဟား ဟား...နောက်တာပါဗျာ...ဘိလပ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်ကြားတာကြောင့် စိတ်ပူနေတာ အခုလို အပြင်ထွက်ပြီး ၀ါးတီးတွေဘာတွေ ဖွင့်နေသဟာဖြင့် စိတ်ပူနည်းနည်းတော့ သက်သာသွားသဗျ...

    အစ်မမေပြောသလို ပန်းသီးလေးတွေကိုတော့ တံဆိပ်ခွာပြီးမှ ဘုရားကို ကပ်သင့်ပေသပေါ့ဗျာ...ခြံထွက်မဟုတ်ဘဲ ဆိုင်ကခူး..အဲလေ..၀ယ်လာမှန်း ဘုရားဆွမ်းတော်ကပ်ရင်း လျှောက်လိုက်ရင်လည်း ရသားနဲ့...ဟား ဟား...

    မွေးနေ့ကို နောက်ကျမှ ရောက်ပေမယ့် မွေးနေ့ဆုတောင်း ကဗျာတော့ လက်ဖွဲ့လိုက်ပါသဗျား ( ဟ...မင်္ဂလာဆောင်နဲ့မှားသွားပြီ...ဘာပဲဖြစ်ဖြစ် ရောကြိတ်လိုက်တာပေါ့ မပိုင်လား...)

    အသက်ရယ်ရှည်
    မာပါစေသား။
    (ကျန်းမာတာကို ပြောတာပါဗျာ)

    မဒီကညာ
    သိန်းထောင်ရာ ပတ်လည်ဝိုင်းလို့
    ချိန်ကြာကြာ ရွယ်မဟိုင်းဘဲ
    စိတ်တိုင်းကျစွံစေဗျား။

    မွေးနေ့နဲ့မဆိုင်ဘူးလို့တော့ မပြောကြေးဗျာ...တစ်နှစ်ထက်တစ်နှစ် အိုဖို့ပိုနီးလာတာမို့ ကြိုပြီးဆုတောင်းပေးလိုက်တာမို့ပါ...

    ReplyDelete
  21. Happy Birthday ပါ သကြီးမင်း ရေ

    ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမတ္တာပို့ရင်း နဲ့ နောက်တနှစ် မဟိုင်းပါစေကြောင်းဆုတောင်းပါတယ်

    ReplyDelete
  22. ဟက်ပီးသော ဘာ့သ်ဒေးပါ တုံးဖလားရွာသဂျီးရေ....။ မေဓါဝီ ပြောသလိုပဲ ပန်းသီးပေါ်က တံဆိပ်လေးများလည်း ခွာပါဦး။ အမတို့ ဘလော့ဂ်ဂါတွေကိုတော့ တွေ့တဲ့အခါ မြန်မာစတိုင်မွေးနေ့လေး လုပ်ပေးဖို့ အကြွေး မှတ်ထားလိုက်ပြီ ဒါပဲ...

    ReplyDelete
  23. သူဂျီးမင်းရဲ့ 18 နှစ်မြောက်မွေးနေ့မှ သည် နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြင့် ဘ၀လမ်းကို ဖြတ်သန်းနိုင်ပါစေ။ ဘိုနိုင်ငံရောက်သော်လည်း မြန်မာ့စိတ်နှင့် သာသနာ ချစ်စိတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ပါစေသတည်းးးးး။

    ReplyDelete
  24. ကျန်းမာပါစေမင်္ဂလာပါ သူကြီး-
    မွေးနေ့ မှန်းမသိပေါင်ဗျာဝလာတောင်မအော်သွားဘူး-
    တိတ်တိတ်ကလေးဘဲကျင်းပလိုက်တယ်ပေါ့-
    တော်ပါသေးဗျာ ကိုယ့်တို့ တုံးဖလားသူကြီးဘာမှမဖြစ်
    သေးလို့ ===ဟူးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  25. ဆုတောင်းနောက်ကျသွားတဲ့အတွက်ဆောရီးပါ
    ဗျိုးးး

    နောက်တစ်နှစ်တော့လဲမဟိုင်းနိုင်တော့အောင်
    ဆုတောင်းပေးပါမယ့်
    နောက်တစ်နှစ်မဟိုင်းပါစေနဲ့..း)

    ပျော်ရွှင်ဖွယ်မွေးနေ့များကိုပိုင်ဆိုင်နိုင်ပါစေ..

    ညီမငယ်
    မဒိုးကန်

    ReplyDelete
  26. သူကြီးရေ

    ဘယ်မှ မရောက်ဖြစ်လို့ မွေးနေ့ ကျော်သွားတာတောင် မသိလိုက်ဘူး။ ခုမှ ဆုတောင်းပေး ပေတာ ခွင့်လွှတ်.

    ၁၇ နှစ်သား ကိုကိုမောင် ရဲ့ မွေးနေ့မှသည် နောင်လာမည့် ဘဝလမ်းတစ်လျှောက် ကောင်မလေးတွေ ဝိုင်းဝိုင်းလည်ပြီး ရောက်လေရာ စန်းပွင့် ပါစေဗျာ။
    (တော်သေးတာပေါ့ အပေါ်က ပို့စ်ကို ဖတ်ထားမိလို့)

    ReplyDelete
  27. I was curious if you ever considered changing the
    page layout of your site? Its very well written;
    I love what youve got to say. But maybe you could a little more in the way of content so people could connect with it better.
    Youve got an awful lot of text for only having one or
    2 images. Maybe you could space it out better?

    Check out my web blog ... dance

    ReplyDelete
  28. http://andresjgdv00000.topbloghub.com/4433326/
    продвижение в топ 40


    @kkk

    ReplyDelete
  29. https://chancesydh70125.ageeksblog.com/3052116/
    Продвижение сайтов в ТОП по ключевым запросам


    @kkk

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။