Saturday, 19 March 2011

ဥယျာဉ်မှူး အဆိပ်သင့်တဲ့ နေ့

သောကြာကြယ်လေးရေ
မင်း မြေခတဲ့ ညမှာ
ငါသာ ဥယျာဉ်မှူးဆိုရင်
ရင်တွင်း ဆူနာမီ ဖြစ်ရောပေါ့။

တစ်ပင်ချင်း ပေါင်းတင်
တစ်ရစ်ချင်း မောင်းတင်
အမြစ်ကလေး ထွက်လာရင်တောင်
ဥယျာဉ်မှူး ရင်ထဲ ပန်းပွင့်ပြီလေ။

မင်းအပေါ် ပက်ဖျန်းပေးတဲ့
ပွင့်လှ သတ္တိကြွဆေးတွေ
မင်းအခြေမှာ ရစ်ခွေပေးတဲ့
မြေလွှာ အားတိုးဆေးတွေ
အဲဒါ..
ဥယျာဉ်မှူးရဲ့ သွေးတွေပေါ့။

ပန်းတိုင်းလှဖို့
သူ့ရဲ့ ခြေဖ၀ါးပြင်ကြီးနဲ့
ငြောင့် ခလုပ် သစ်ငုတ်ပေါ်
ပျော်ပျော်ကြီး တက်ခဲ့ဖူးတယ်။

ပန်းတိုင်း ၀င့်ကြွားဖို့
သူရဲ့ လက်ဖ၀ါး နုနုလေးနဲ့
ဆူးကြမ်းကြမ်းကြီးကို
ကျေကျေနပ်နပ်ကြီး ဆုပ်ကိုင်ခဲ့ဖူးတယ်။

သူ့ရဲ့ စိတ်ကူးထဲမှာ
ပန်းတွေ ပွင့်ခဲ့ဖူးမယ်
ပန်းတွေ ၀င့်ခဲ့ဖူးမယ်
လောကကြီးကို
ပန်းနှင့်အလှဆင်
သူ့အမြင်မှာ ပန်းပင်တွေကို အားရခဲ့ဖူးမယ်။

ခုအခါ
သူပေးအပ်ခဲ့တဲ့ ဆေး
သူပေးဆပ်ခဲ့တဲ့ သွေး
သူတေးမှတ်ခဲ့တဲ့ အတွေးတွေက
သူကိုယ်တိုင် မျက်စိ ခဏ အမှိတ်မှာ
အဆိပ်သင့် ခံခဲ့ရပြီကော။

.....

17 comments:

  1. ဥယျာဉ်မှူး ဖြစ်ပြီး ပန်းခူးခွင့် မရယုံတင် မက . .
    အဆိပ်ပါ သင့်တာကတော့ အတော် ဆိုးသွားပြီပဲ။

    ကဗျာ . . ကဗျာ . . . မရေးတာ အတော်ကြာပါရောလား။
    အေးလေ. . ကောင်းကောင်းမှလည်း မရေးတတ်ဘဲနဲ့ကိုး။

    ReplyDelete
  2. သောကြာကြယ် မြေခတဲ့ညမှာ
    လမင်းက အလင်းဆုံးသာခဲ့တယ်... ။

    ကမ္ဘာမြေကို ခြုံလွှမ်း
    ပက်ဖြန်းနေတဲ့ လရောင်ကြောင့်
    ငြိမ်းချမ်းသယောင်ပေါ့ ... ။

    လရောင်ရဲ့ အဝေးက
    မှိန်ပျပျ ဥယျာဉ်လေးထဲမှာတော့
    ပန်းကလေးတပွင့်က နွမ်းဝါလို့ ... ။

    မြေသြဇာ အားနည်းလို့လား ...
    အလင်းရောင် ချို့တဲ့လို့လား ...
    ရိုင်းစိုင်းတဲ့ ကြမ္မာဆိုးကြောင့်လား ...
    ပန်းပျိုးသူ ဥယျာဉ်မှူးမှာ
    ကြိုးစားပြီး ပျိုးခဲ့တာပါပဲ။

    ဒါပေမဲ့ ...
    တပွင့်ပြီး ... တပွင့်
    ပြီးတော့ နောက်တပွင့် ...
    ပန်းကလေးတွေ
    လေယူရာ လွင့်သွားလိုက်ကြတာ ...

    နောက်ဆုံး
    ပန်းကလေးတပွင့်သာ
    ဥယျာဉ်ထဲမှာ ကျန်ခဲ့
    လရောင်အောက်မှာ နွမ်းယဲ့ယဲ့ ... ။

    အိုဘယ့် ပန်းကလေး ...
    ဆန္ဒတွေကို စတေးလျက်
    ရည်မှန်းချက် ပြည့်ဖို့
    ကြိုးစားလို့ ဆက်နိုင်ပါစေ ... ။

    လေဒဏ် ရေဒဏ်
    မုန်တိုင်းဒဏ်တွေလဲ
    ပန်းကလေး တွန်းလှန်နိုင်ပါစေ ... ။

    ပန်းကလေးရဲ့ရနံ့
    လောကကို ပျံ့နှံ့ပါစေ ... ။
    ပန်းကလေးရဲ့ အလှ
    ကမ္ဘာက သိပါစေ ... ။
    ပန်းကလေးရဲ့ စွမ်းအား
    အားလုံး သိကြားစေ ... ။
    ဥယျာဉ်မှူးရဲ့ မြေမှာ
    နောက်ထပ် ပန်းတွေ ဝေပါစေ ... ..................။

    ReplyDelete
  3. ကဗျာ လာဖတ်တယ် ကိုကိုမောင်ရေ့ မရောက်တာကြာလို့ များ ကို သတိရော ရသေးရဲ့လားလို့

    ReplyDelete
  4. ကဗျာလာဖတ်ပါတယ် အဆိပ်မသင့်စေနဲ့ပေါ့ရှင်..

    ReplyDelete
  5. ကဗျာလာဖတ်ပါတယ်။ အဆိပ်သင့်ခံရခြင်းကင်းပါစေ ဥယျဉ်မှူးတွက်ဆုတောင်းပေးလိုက်ပါကြောင်း

    သာယာချမ်မြေ့ပါစေရှင်း
    မိုး

    ReplyDelete
  6. အဖြူရောင်နတ်သမီးSunday, 20 March 2011 at 09:44:00 GMT

    ကဗျာလေး ကောင်းတယ် ဥယျာဉ်မှူးကြီးရေ..
    အဲ..ကိုကိုမောင်ရေ...
    :P
    မှတ်ချက်။ ။ ခုတလော :P လို့ကောင်းနေလို့ ..း)

    ReplyDelete
  7. မင်းအပေါ် ပက်ဖျန်းပေးတဲ့
    ပွင့်လှ သတ္တိကြွဆေးတွေ
    မင်းအခြေမှာ ရစ်ခွေပေးတဲ့
    မြေလွှာ အားတိုးဆေးတွေ
    အဲဒါ..
    ဥယျာဉ်မှူးရဲ့ သွေးတွေပေါ့။..

    အကိုရေ ဥယျာဉ်မှူးကဗျာလေး ခံစားအားပေး သွားတယ်နော်။
    ကောင်းသောနေ့လေးဖြစ်ပါစေ အကို။

    ReplyDelete
  8. မြစ်ကျိုးအင်းSunday, 20 March 2011 at 14:56:00 GMT

    ဥယာဉ်မှူးက ဘာအပင်စိုက်လိုက်လို့လဲ။

    ReplyDelete
  9. ဥယျာဉ်မှူးရေ အားမငယ်ပါနဲ့ အဆိပ်သင့်တာ ဟုတ်ချင်မှဟုတ်မှာပါ။ အချစ်သင့်တာဖြစ်ပါလိမ့်မယ်။း)

    ခင်မင်လေးစားလျက်

    ReplyDelete
  10. ချော(အစိမ်းရောင်လွင်ပြင်)Sunday, 20 March 2011 at 16:12:00 GMT

    မျက်စိခဏမှိတ်တုန်းမှာ အဆိပ်သင့်သွားရတာဆိုတော့
    မျက်စိကို အမြဲဖွင့်ထားရင် အဆပ်သင့်ချင်မှ သင့်မယ်နော် သူဂျီး
    နောက်တစ်ခါ မျက်စိမမှိတ်နဲ့တော့
    ရင်ဘတ်ထဲမှာသာ ဆူနာမီဖြစ်ရင် အတော်အနေရခက်မယ်..
    ဘုရားဘုရားး)

    ReplyDelete
  11. ရုက္ခစိုးကျောက်Sunday, 20 March 2011 at 19:16:00 GMT

    သဂျီး...သစ်ပင်စိုက်နေပြီလား..
    ဥယျာဉ်ထဲမှာ အဆိပ်ဖြေပင်ရှိပါတယ်..သဂျီးရဲ့

    ReplyDelete
  12. အင်းဖတ်သွားပါတယ်ဗျာ သကြီး စာလေးတွေလည်း ရေးပါအုန်း

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  13. ဂျစ်တူး(မုံရွာ)Tuesday, 22 March 2011 at 01:38:00 GMT

    ကျန်းမာပါစေမင်္ဂလာပါ သူကြီး
    ဒါက ကဗျာနေ့အတွက်လား-
    အင်းအဆိပ်ပင်ရေသွားလောင်းလိုက်တာကိုသူကြီးရဲ့ -
    သူကြီးတဲ့နံပါတ်သွားထိုးလိုက်အုံးမယ်ဗျို့ -

    ReplyDelete
  14. မိုးယံ (လူသားအားလုံးအတွက်)Tuesday, 22 March 2011 at 04:11:00 GMT

    ပန်းတိုင်း ၀င့်ကြွားဖို့
    သူရဲ့ လက်ဖ၀ါး နုနုလေးနဲ့
    ဆူးကြမ်းကြမ်းကြီးကို
    ကျေကျေနပ်နပ်ကြီး ဆုပ်ကိုင်ခဲ့ဖူးတယ်။

    သူဂျီးမင်းက ရွာသားတွေကို ဥယျာဉ်မှူးလဲ လုပ်တယ်ထင်ပ။

    ReplyDelete
  15. ဥယျာဉ်မှုး မှေးစက်ခွင့်တောင် မရပါလား.။
    ဥယျာဉ်မှုးဆိုတာ ပေးဆပ်မှု တစ်ခုထည်းအတွက်လားဟင်။
    အကိုရေ ဖတ်သွားပါတယ်။

    ReplyDelete
  16. သူကြီးမင်းရဲ့ ကဗျာလေးက မိုက်လှချည်လား.... လန်းတယ်....

    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  17. သဂျီးကတော့
    ထုံးစံအတိုင်းကာရံ တွေ အရမ်းငြိတယ်။
    စကားလုံးတွေ စိတယ်။
    ပြောချင်တာတွေ သိတယ်။

    ကိုကိုမောင်ရေ။
    လာပေမယ့် မရေးဖြစ်ခဲ့ဘူး။
    တလူးလူးတလှုပ်လှုပ်နဲ့မို့ပါ။

    စကားမစပ် ဒီနေ့တောင် ခွန်နဲ့ ဖုန်းပြောဖြစ်တယ်။
    သဂျီးအကြောင်းလုံးဝမပြောမိပါဘူး။

    ခင်မင်လေးစားလျှက်

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။