Monday, 31 January 2011
အမြင်မှန်ဖို့
အမြင်မှန်ဖို့အတွက်
အမှန်မြင်ဖို့ဘဲလိုတယ်။
ကာလာမသုတ်ကြီးကို
အပိုင်းပိုင်းမျိုချထားပြီး
ဆွံ့အတဲ့ သံစဉ်တွေ
ယိုစီးနေဦးမယ်ဆိုရင်...
သစ္စာလေးပါးလုံး
သိုမှီးသိမ်းဆည်းထားပြီး
မုသာဝါဒရေအလျဉ်နောက်
တကောက်ကောက် စီးဆင်းနေဦးမယ်ဆိုရင်...
ဓမ္မာဒါသကို
အိတ်ဆောင်နာရီလို
တစိမ့်စိမ့်ကြည့်နေပြီး
အတွေးအမြင်တွေ
ဝိုးဝါးနေဦးမယ်ဆိုရင်...
ကာလာမလက်မဲ့
သစ္စာလက်မဲ့
ဓမ္မာဒါသလက်မဲ့
သူတို့တစ်တွေအားလုံးအတွက်
ငါတို့ ဘာဆက်ပြောကြဦးမလဲ။
အမှန်ဆို
အမြင်မှန်ဖို့အတွက်
အမှန်မြင်ဖို့ဘဲလိုတယ်။
.
13 comments:
  1. ဟုတ်မှာပါ
    ReplyDelete
  2. ရိုက်စ် ... ဘွင်းဘွင်းနဲ့ ရှင်းရှင်း မြင်မိတယ်..
    ရှစ်ပါးသီလ ယူထားတဲ့ တရားပွဲအပြန် ဖိနပ် လဲစီးလာတာလောက် ရှက်ဖို့ကောင်းတာပေါ့။
    တစ်ကယ်ဆို အမှန်ကိုမြင်ဖို့ပဲလိုတယ်။
    ReplyDelete
  3. မှန်ပါ့ သူကြီးမင်း... အမြင်မှန်ဖို့ အမှန်မြင်ဖို့ပဲလိုပါတယ်...း)))
    ခင်မင်တဲ့
    နေ၀သန်
    ReplyDelete
  4. တိုက်ဆိုင်လိုက်လေခြင်းဗျာ။
    အခုပဲ ကျောက်တွင်းဝါဒပြိုင်ပွဲ ထပ်ဖတ်နေတာ။
    ကောင်းလေစွ ၊ ကောင်းလေစွ ၊ ကောင်းလေစွ။
    ReplyDelete
  5. အမှားမြင်သူ (စာလုံးပေါင်း)Monday, 31 January 2011 at 17:06:00 GMT
    အထက်က ကိုဇော်ဆိုသော ပုဂ္ဂိုလ် ... "ကျောက်ကွင်းဝါဒ" ပါ ကျောက်တွင်း မဟုတ်ပါဘူး။
    ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်း မသိဆိုသလိုပါလား ... ကိုယ်ဖတ်တဲ့ စာအုပ် ကွင်းမှန်း တွင်းမှန်း မသိ။ ခက်တာပဲ။
    ReplyDelete
  6. ပညာပေး ကဗျာလေးတွေက ကောင်းတယ်
    အစ်ကိုရေ အစ်ကိုကဗျာတွေကနောက်ဆို
    ဆိုဆုံးမတဲ့ကဗျာတွေဖြစ်လာနိုင်တယ် အားပေးလျက်း)
    ReplyDelete
  7. သူဂျီး
    အမြင် မမှန်ရင် အမှန်မမြင်...
    အင်း စဉ်းစားစရာပါဘဲ
    အမြင်ကို မှန်ရမှာလား
    အမှန်ကို မြင်ရမှာလား
    ဘယ်ဟာက အရင်လဲ
    စဉ်းစားရင်းခေါင်းရှုပ်သွားတယ် သူဂျီးရေ
    ဒီညတော့ အိပ်ပျက်အောင် စဉ်းစားလိုက်ဦးမယ်...
    အဆင်ပြေပါစေ သူဂျီး
    ReplyDelete
  8. သဂျီး..နေကောင်းလား ပျောက်နေလို့
    ဘကျောက်တော့ အအေးမိ ဖျားနေတယ်..ခနလာတာ
    ReplyDelete
  9. "အမှန်မြင်ဖို့ ပဲလိုတယ်"
    ကဗျာလေးကောင်းလိုက်တာ
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး
    ReplyDelete
  10. သူကြီး ဘယ်တွေပျောက်လို့ ဘယ်တွေရောက် :)
    ReplyDelete
  11. အမှန်ကိုမြင်ဘို့
    အမြင်မှန်အောင်ကြိုးစားပါ့မယ်။
    အမြင်မှန်အောင်လို့
    အမှန်ကိုမြင်အောင်လည်းကြိုးစားပါ့မယ်။
    ငါတို့ ဆက်ပြောမယ့်အရာမှန်သမျှမှာ
    ကိုကိုမောင်ရေ
    တွေးစရာလေးတွေပေးလို့
    ရတာလေးကိုပြန်ရေးမိတယ်။
    ခင်မင်စွာဖြင့်
    ReplyDelete
  12. သူကြီးရေ
    တခါတခါ ကိုယ်တိုင် အမှန်မြင်နေတယ်လို့ ထင်မိပေမယ့်
    အမြင်မှန်နေရဲ့လား လို့ ဖြစ်နေတာလေးတွေ ရှိတာပေါ့...
    ပုထုဇဉ်ကိုးးးးးးးး( ဆိုင်လားမသိဘူး)
    ကြည်ကြည်
    ReplyDelete
  13. အမြင်မှန်ဖို့ အမှန်မြင်ဖို့လိုတယ်။
    အမှန်မြင်ဖို့တော့ မျက်မှန်ဆောင်ရမယ်...:)
    စတာနော်တဂျီး.....:)
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။