Wednesday, 19 January 2011

လပြည့်သစ္စာ


ဘ၀မှာ...
ငါ့ကြောင့် စိတ်ဆင်းရဲရသူ
ငါ့ကို စိတ်ဆင်းရဲစေသူ
ဘယ်သူနဲ့မှ မတွေ့ရစေသား။

ဘ၀မှာ...
ငါ၏ မကောင်းမှုသည်
ငါ့အားသာ သက်ရောက်မှုရှိပါစေ
အခြားသူတို့အား သက်ရောက်မှု မရှိရစေသား။

ဘ၀မှာ...
ငါ၏ စကားတို့သည်
ပျားရည်သဖွယ်မချိုမြလင့်ကစား
ဓါးသွားလို ပြတ်ရှစေမှုမှ ကင်းစေသား။

ဘ၀မှာ..
ငါ့ကိုမြင်သောသူ
ငါကမြင်သောသူ
ဘယ်သူဖြစ်ဖြစ်
အပြစ်ကင်းသော ချစ်ခြင်းဖြင့် ရင်းနှီးကြစေသား။

ဘ၀မှာ...
ငါ၏ မျက်ရည်
ငါ့ကြောင့်ကျသည့်မျက်ရည်
ဘယ်မျက်ရည်မှ
မရှိရပါစေသား။

ဘ၀မှာ...
ငါ၏ ကာယကံ ၀စီကံ မနောကံတို့ဖြင့်
လူတကာတို့၏ မီးအမျိုးမျိုးကို
ငြိမ်းပေးရနိုင်စေသား။ ။

ဘ၀မှာ...
အကယ်၍ ငါ၏ အပြုအမူတို့သည်
စိတ်ဆင်းရဲမှုတို့ကို မွေးဖွားစေငြားအံ့
ထိုစိတ်ဆင်းရဲမှုတို့သည်
ငါ့အားသာ ဖြစ်ရပါစေသား။ ။


မာ တုမှာကံ ကမ္ပနံ ဘ၀တု

စိတ်တုန်လှုပ်မှုမှ ကင်းဝေးကြပါစေ။

.

14 comments:

  1. တောင်းတဲ့ ဆုနဲ့ပြည့်ပါစေ.. သူဂျီးမင်းရယ်..

    တုန်လှုပ်ခြင်းကင်းတဲ့ ငြိမ်းချမ်းခြင်းနဲ့ ဘ၀ကို ဖြတ်သန်းနိုင်ပါစေဗျာ..

    ReplyDelete
  2. သစ္စာမရှိတဲ့ လမင်း
    ဘယ်လောက်ပဲလင်းလင်း
    ရင်တွင်းမှာ အမှောင်
    ပူလောင်ကျွမ်းမြေ့
    တငွေ့ငွေ့ ............ ။

    ReplyDelete
  3. ဘ၀မှာ...
    အကယ်၍ ငါ၏ အပြုအမူတို့သည်
    စိတ်ဆင်းရဲမှုတို့ကို မွေးဖွားစေငြားအံ့
    ထိုစိတ်ဆင်းရဲမှုတို့သည်
    ငါ့အားသာ ဖြစ်ရပါစေသား။ ။

    ဒီစာပိုဒ်လေးကောင်းတယ် သူကြီးရယ်..

    ReplyDelete
  4. လွတ်ကောင်းသဗျာ....ဖိုးလပြည့်ရဲ့ သစ္စာက.....။

    ReplyDelete
  5. ကိုယ့်ကြောင့် ဘယ်သူမှ မထိခိုက် မနစ်နာ မျက်ရည်မကျစေချင်တဲ့ သူဂျီးရဲ့ ဆန္ဒတွေ အားလုံးပြည့်ပါစေ..
    လူတိုင်းစိတ်ဆင်းရဲခြင်း ကင်းဝေးပါစေ သူဂျီးရေ...

    ReplyDelete
  6. မိေ​ရွှ​ခွ​န် :)Wednesday, 19 January 2011 at 12:58:00 GMT

ြဲ​ပ​ည့်ေ​စ​သ​တ​ည်း...
ြ​ပ​ည့်ေ​စ​သ​တ​ည်း...
    ငါ့ကို​ၾ​ကီး​ေ​တာ​င​္း​တဲ့​ဆု​ေ​တြ
    အကု​န်ြ​ပ​ည့်ေ​စ​သ​တ​ည်း... :)

    ReplyDelete
  7. “ သား ” တွေနဲ့ ဆုံးထားတော့ ဆုတောင်း မဟုတ်တော့ဘူး။ ဆုပန်တာဖြစ်သွားပြီ။
    ဒီတော့ဗျာ ကျနော်က ပန်တဲ့ ဆုနဲ့ ပြည့်ပါစေလို့ ပြောနိုင်တဲ့ လူသားတစ်ယောက် မဟုတ်တဲ့ အတွက် ဘေးကနေပဲ သာဓုကို ၃ ကြိမ်တိုင်တိုင် တမွန်တမြတ် ခေါ်ပါရစေဗျာ။

    သာဓု . . . သာဓု . . . သာဓု . .။

    ReplyDelete
  8. ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ
    သူကြီးကဒါတွေလည်းရတယ်နော်။
    တော်ပါပေတယ်ခင်ဗျာ
    သူကြီးပေးတဲ့ထီလက်မှတ်ကဂဏန်းတွေအကုန်ပါပေမဲ့
    နေရာလွဲနေလို့မပေါက်ဘူးဗျ-
    စိတ်မကုန်သေးပါ။
    ထပ်ပေးပါ။
    ထပ်ထိုးပါမည်။
    လေးစားစွာဖြင့်
    ဂျစ်တူး(မုံရွာ)

    ReplyDelete
  9. မွန်မြတ်တဲ့တောင်းဆုလေးတွေတလုံးတဝပြည့်ပါစေသား


    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  10. အခုမှရောက်တယ် သဂျီးရယ်။
    ဆုတောင်းလေးကကောင်းသလို
    ဖတ်တဲ့သူကလည်း အသည်းနုတော့
    ခိုက်သွားတယ်။

    ReplyDelete
  11. မြင့်မြတ်သူတို့ထားနိုင်တဲ့ စိတ်ထားရှိတဲ့ သူကြီးကိုကိုမောင်.
    ဆန္ဒအတိုင်း ဖြစ်နိုင်ပါစေ။
    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  12. သူကြီးရဲ့ဆန္ဒတွေအားလုံး
    ဆုတောင်းတွေအားလုံးပြည့်ဝပါစေလို့...

    ReplyDelete
  13. ဆုတောင်းများ ပြည့်စေဗျာ

    ReplyDelete
  14. ဒီကဗျာလေးလည်း အပေါ်က ကဗျာလေးလို
    ဆုံးမထားတဲ့ကဗျာကောင်းလေးပါဘဲး)

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။