
ဖြူစင်မှုတွေ မိုးခေါင်နေချိန်မှာ
နှင်းဖြူဖြူလေးတွေ ခုန်ဆင်းလာတယ်
လောကကြီး ဖြူဆွတ်သွားရော။
မနှင်းဖြူရယ်
လောကီရင်တွင်းထိ ဖုံးအုပ်ပေးစမ်းပါ
နှလုံးသားတွေ ညစ်ပေနေလို့။
နှင်းဖြူဖြူလေးတွေ ခုန်ဆင်းလာတယ်
လောကကြီး ဖြူဆွတ်သွားရော။
မနှင်းဖြူရယ်
လောကီရင်တွင်းထိ ဖုံးအုပ်ပေးစမ်းပါ
နှလုံးသားတွေ ညစ်ပေနေလို့။
.
အကိုရေ ပို့စ်တင်တာမြင်လိုက်လို့ ဝင်ဖတ်သွားပြီ လောကီလူသားတိုင်း နှလုံးသားတွေ ဖြူစင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ReplyDeleteကဗျာလေးတိုတိုလေးနဲ့ကောင်း၏
ReplyDelete***မနှင်းဖြူရယ်
လောကီရင်တွင်းထိ ဖုံးအုပ်ပေးစမ်းပါ
နှလုံးသားတွေ ညစ်ပေနေလို့။***
သာယာချမ်းမြေ့ပါစေရှင်း
မိုး
ကဗျာတိုတိုလေးနဲ့ ထိမိပါတယ် ကိုကိုမောင်...
ReplyDeleteနှလုံးသားတွေအမြန်ဆုံးဖြူစင်လာပါစေ..။
ReplyDeleteခင်မင်စွာ
သဒ္ဓါ
အမယ်
ReplyDeleteပေါ်လာပြီပေါ့လေ....
အိပ်ပျော်နေတဲ့ကိုကုမောင်
နှင်းတွေတွေ့မှ ပြန်နိုးလာပုံရတယ်...
နှင်းနဲ့မာယာ
ပျောက်နေလိုက်တာ သူကြီးရယ်...
ReplyDeleteပေါ်လာပြန်တော့လဲ ဒီဇင်ဘာမှာ နှင်းတွေနဲ့ အတူတူပါလား ...
ဖြူစင်မှုတွေ မိုးခေါင်နေချိန်မှာ
နှင်းဖြူဖြူလေးတွေ ခုန်ဆင်းလာတယ်
ဆိုတဲ့အတိုင်း ဆောင်းကုန်မှာကိုတော့ စိုးရိမ်မိပါတယ် သူကြီးရေ ....
နှင်း ...
သူဂျီး ကဗျာလေးကောင်းပေမယ့်
ReplyDeleteအခုရန်ကုန်ဆောင်းက နှင်းပျောက်နေတယ် သူဂျီးရေ..
ပီးတော့ အေးလဲအေးဖူး အဲဒါ သူဂျီးကိုလာတိုင်သွားတယ် သူဂျီ
မောင်ဘကြိုင်
မအားပေမယ့်
ReplyDeleteရောက်ပါတယ် :( ဖတ်ပါတယ် မန့်ပါတယ် :(
(ps: အားနာလို့မဟုတ်ပါ)
လုံဒုံမှာဟိုနေ့က နှင်းကျတယ်ဆို... သူများရေးထားတာတွေ့လို့ပါ။
ဒီမှာတော့ ကျသေးဘူးအေ။
မအားပေမယ့်
ReplyDeleteရောက်ပါတယ် :( ဖတ်ပါတယ် မန့်ပါတယ် :(
(ps: အားနာလို့မဟုတ်ပါ)
လုံဒုံမှာဟိုနေ့က နှင်းကျတယ်ဆို... သူများရေးထားတာတွေ့လို့ပါ။
ဒီမှာတော့ ကျသေးဘူးအေ။
နှင်းဖြူဖြူလေးတွေ ဖုံးလွှမ်းနေပါလား။
ReplyDeleteလှလိုက်တာ. .
တဂျီး...ဘိလပ်မှာ နှင်းကျ ပြီလား...။လွမ်းရတဲ့ အထဲမှာ
ReplyDeleteဆောင်းရာသီလည်းပါတယ်...။အိပ်ကောင်းလို့ ဟိ..။
ဖြူစင်တဲ့ နှင်းတွေကြောင့် ညစ်နွမ်းနေပါတယ်ဆိုတဲ့ လောကီနှလုံးသားတွေ အမြန်ဆုံး ဖြူစင်လာပါစေ သူကြီးရေ...
ReplyDeleteနေကောင်းကျန်းမာရှိတယ်ဟုတ်...
နှင်းတွေကို ချစ်တယ်.. နှလုံးသားတွေ နှင်းလို ဖြူတာ ကောင်းပါတယ်.. နှင်းလို အေးစက်နေတာလည်း ကောင်းပါတယ်.. :D
ReplyDeleteသူကြီးနေကောင်းလား..
ReplyDeleteအစစအဆင်ပြေ အေးချမ်းပါစေ
ကဗျာလေးက တိုတိုလေးပေမယ့် မိုက်လှချည်လား။
ReplyDeleteသကြီး
ReplyDeleteပျောက်လှချီလားဗျ အလုပ်များနေလား
နှင်းတွေ က တော့ တော်တော်လှ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အစွန်း အ ထင်း များ
ReplyDeleteမတွေ့တာကြာပြီနော် သဂျီး...
ReplyDeleteတွေ့တော့လဲ စိတ်ချမ်းသာရပါတယ်..
မင်္ဂလာပါသူကြီး---ရေ
ReplyDeleteကဗျာကလေးကစွမ်းလှခြေလားဗျာ-
ကြိုက်သွားပြန်ပြီဗျို့ ----
တိုတိုလေးနဲ့ထိသွားတယ်
ReplyDelete:))
လောကကြီးတခုလုံး
ReplyDeleteအဖြူရောင်တွေဖုံးလို့
ကြည့်ပါအုံးလေ ...
နှင်းတွေ ဝေနေတယ်
နှင်းတွေ ကြွေနေတယ်
နှင်းတွေ စွေနေတယ် ... ။
ညစ်ပေနေတဲ့ နှလုံးသား
နှင်းနဲ့ ကုစားမလို့လား
ရလိုရငြား
ကြိုးစားကြည့်ပေါ့လေ ... ။
ဖြူစင်မှုကို မြတ်နိုးသူအတွက်
ဖြူဖြူဖွေးဖွေး
နှင်းနတ်သမီးလေးက
ရင်ကိုထွင်းခတ်
နှင်းစက်တွေဖြန့်ကြဲ
နှလုံးသားထဲ ရွာချလိုက်တဲ့ အဆုံး
နှလုံးသားတခုလုံးလဲ
အေးခဲသွားတော့သတဲ့ ... ။
========================
ဖြစ်ချင်တာ ... အဲဒါပဲ မဟုတ်လားး)
နှင်းတွေကျမှပဲ သူကြီးလည်း မြင်ရတော့တယ်။
ReplyDeleteသူကြီးလဲပျောက်တာကြာပေါ့
ReplyDeleteတော်သေးတယ်..နှင်းတွေနဲ့အတူပြန်ပေါ်လာလို့
ကဗျာလေးကတိုတိုလေးနဲ့ကောင်းတယ်ဗျို့
မျက်စိလည်ပြီး ရောက်ခဲ့ပါတယ်..
ReplyDeleteမြန်မြန်ဖုံးအုပ်ပေးလိုက်ပါ မနှင်းဖြူရေ...:)
လေးစားသွာဖြင့်
သားဆိုး
အား.. မိုက်လှချည်လား သူကြီးရေ.. တိုတိုလေးနဲ့ ထိမိတဲ့ အရေးအသားပေပဲ...း)))
ReplyDeleteခင်မင်တဲ့
နေ၀သန်