Wednesday, 20 October 2010

၂၀၁၀၂၀၁၀

Today is special day of 20102010
Double match.
It happens only once in a lifetime. Wish today be a very wounderful day.
All the best luck and be happy the whole life with your family and your best friends.

နှမငယ်တစ်ယောက်ပို့ခဲ့တဲ့ အီးမေးလ်ထဲက မက်ဆေ့ခ်ျလေးတစ်ခုပါ။ ၂၀၁၀ နှစ်ခုထပ်လို့ အမှတ်တရ ပို့လိုက်တာနေမှာ။ ကျေးဇူးပါ နှမငယ်။
၁၀၁၀၁၀ တုန်းကလဲ တစ်ဆယ်သုံးခု ဆုံတောင့်ဆုံခဲမို့ အားကြိုးမာန်တက် အမှတ်တရ မရှိရှိအောင် ကြံဖန်ပြီး နေခဲ့ရတယ်။ ပြီးတော့ အောက်တိုဘာလမှာ သောကြာ စနေ တနင်္ဂနွေတွေ ၅ ရက်တိတိစီရှိမယ်ဆိုပြန်တော့လဲ ဒါဟာ ကံကောင်းခြင်းဘဲလို့ သတ်မှတ်ပြီး တစ်ခုခုလုပ်တိုင်း အကျိုးတစ်ခုခုကို မျှော်ကိုးခဲ့မိတယ်။ အခု လာပြန်ပြီ။ ၂၀၁၀၂၀၁၀ တဲ့။ ၂၀၁၀ နှစ်ခု ထပ်ပြန်ပြီတဲ့။ အမှတ်တရ နေ့တွေကလဲ များမှများဘဲ။ နှစ်ခု ထပ်လို့ကတော့ မြတ်ပြီလို့သာ မှတ်ပေတော့ဗျို့ ။

ဘလော့ဂါမလေးမေဓာဝီသာ ဒီနှစ်ခုထပ်ရခြင်းအကြောင်းကို သိရင် အဘိဓမ္မာတရားတွေထဲက ဘယ်အရာတွေနဲ့ တင်စားပြန်ဦးမလဲ မသိဘူး။ ပညာတတ်ပီပီ ၁၀၊၁၀၊၁၀၊ တုန်းကလဲ...
နစ်နေရင် ဆယ်
ညစ်နေရင် ပယ်
တဆယ်သုံးခု
အကျိုးပြု စေရမယ် ...။
ဆိုတဲ့ တဘောင်လိုလို နှစ်ပေါင်လိုလိုနဲ့ :D ပုညကြိယာဝတ္ထု ၁၀ ပါး၊ သုစရိုက် ၁၀ ပါး၊ ပါရမီဆယ်ပါးတို့ကို တစ်ဆယ်သုံးခုအနေနဲ့ ကောက်နှုတ်တင်ပြခဲ့လေရဲ့။

ကျနော်ရှာကြည့်သလောက်တော့ အဘိဓမ္မာတွေထဲမှာ ၁၀ ဂဏန်းအတွက် ရည်ညွန်းစရာ နံပါတ်တွေ အများ
အပြားရှိပေမဲ့ ၂၀ ဂဏန်းအတွက်တော့ အတော်လေးရှားပါးနေတယ်။ သေချာရှာကြည့်လိုက်တော့မှ ကြိယာစိတ် ၂၀ ဆိုတာကိုတွေ့ရယ်။ အဲဒီ ကြိယာစိတ် ၂၀ ဆိုတာကလဲ မှတ်သားထားရလောက်အောင် လက်တွေ့ဆန်တဲ့သဘောမဟုတ်လေတော့ ရည်ညွန်းရတော့ ခပ်ခက်ခက်ပါဘဲ။
အဘိဓမ္မာတရားတော်ဆိုပြန်တော့လဲ တတ်တဲ့သူ မှတ်သားထားတဲ့သူတွေ ရှင်းပြတာဘဲ ကောင်းပါတယ်လေ။

ကျနော်ကတော့ ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘူး။ လပ်ကီးကောင်းမဲ့ အချိန်ဆို ထီထိုးပြီးသားပါဘဲ။ ဒီနိုင်ငံက ထီပေါက်ရင် ဘ၀တစ်ခုလုံး ပြောင်းလွဲသွားပြီပေါ့။ နေ့ချင်း ညချင်း ကမ္ဘာကျော် သူဋ္ဌေးကြီးဖြစ်သွားမှာလေ။ ထိုးထားတဲ့ ဂဏန်းထွက်ပြီး ဂျက်ပေါ့ဆုကြီးပေါက်ရင်တော့ ဒီပို့စ်ကိုလာဖတ်သူတွေရဲ့ ဌာနေကို မရောက်အရောက်လာပြီး ဧည့်ခံကျွေးမွေးမယ်ဗျို့ ။ တကယ်ပြောတာ။ မလိမ္ဘူး။ စောစောစီးစီး ရောက်အောင်သာ လာခဲ့ကြနော်။ ကြိုဆိုနေမယ်။ အဲ... ဘော်ဒါတို့လဲ ကံစမ်းဖို့ မမေ့နဲ့ဦးနော်။ တိုက်ဆိုင်ရင် ပေါက်တတ်တယ်။ ထီ။

ဘာမှမဟုတ်ဘူး။ သိပ်မအားတာနဲ့ ဆားချက်ကြည့်တာ။း))

အားလုံးကျန်းမာထီပေါက်နိဗ္ဗာန်ရောက်ကြပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

.

24 comments:

  1. သဂျီးတို့ကတော့ တမျိုးပြီးတမျိုး မရိုးရဘူးနော်..

    ReplyDelete
  2. အဟီးဟီး
    ကိုကိုမောင်ကို အပေါ်က ဘကျောက် ရဲ့ ကော်မန့်လိုပဲပြောချင်တယ်။

    ကျွန်မကတော့ အရမ်းထီပေါက်ချင်တာ။ ဂျပန်ရောက်ပြီး ထီသေးသေးထိုးတာ၊ ကျန်တစ်သိန်းလောက်ရှိမယ့် ဆုတော့ ၅ခါပေါက်ဘူးတယ်။
    ကျပ်၃ထောင်လောက်ကတော့ နှစ်လတစ်ခါလောက်ပေါက်ပါတယ်။

    အရင်အပတ်ကတော့ ဆုကြီးကိုမျှော်ပြီး ထီအကြီးထိုးခဲ့တယ်။

    ဒီမှာတော့ ဂျမ်ဘိုထီပါ။
    ပေါက်ရင်လုပ်စရာတွေက များတယ်။

    ကိုကိုမောင်က ဒီအထိတောင်
    လာပြီးကျွေးမယ်ဆိုတော့ စောင့်နေမယ်။ ပေါက်ပါစေ။

    ပေးတဲ့ ဆုနဲ့ပြည့်ပါစေ။

    ReplyDelete
  3. အဟဲ.ကိုကိုမောင်ကတော့ လုပ်ချလိုက်ပြန်ပေါ့။
    ထီက မနေ့ကပဲ ထွက်သွားပြီ။ တကယ်ကို အံ့သြစရာဗျို့။ 9999 တဲ့ ပထမဆုက။ ဒါပေမဲ့ မပေါက်ပါဘူး ထိုးမှ မထိုးတာ။

    ဒါပေမဲ့ ဒီလထဲတော့ ဆက်ပြီး စမ်းလိုက်ဦးမယ်ဗျာ။ ကိုကိုမောင်လည်း ထီပေါက်ပါစေ။ များများလည်း လိုအပ်တဲ့ နေရာတွေကို လှူနိုင်ပါစေ။

    ReplyDelete
  4. သကြီးမင်းရေ

    ဆုတောင်း ရတာများ တဲ့ အထဲ တခု တိုးပြန်ပြီဗျာ
    သကြီးမင်း မမေ့နဲ့နော် သကြီးမင်း နဲ့ ရွှေစင်ဦး တို့က ဘော်ဘော် တွေ များများလေး ကျွေးမွေးသွားပါ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  5. ဟုတ်ပ.. ၂၀၁၀၂၀၁၀ တိုက်တိုက်ဆိုင်ဆိုင်၊ သူကြီး ကိုကိုမောင် ပြောမှပဲ သတိထားမိတော့တယ်။ ထီကြီးပေါက်လို့ကတော့ ကတိအတိုင်း ကျွေးရမယ်နော်။ ထီကြီး ပေါက်ပါစေလို့လဲ ဆုပေးလိုက်တယ်နော်။ ၁၀၁၀၁၀ တုန်းကတော့ မှတ်မှတ်ရရကို အိမ်မှာ Anniversary မို့သူငယ်ချင်းတွေ ဖိတ်ကျွေးပြီ ကျင်းပဖြစ်တယ်။ ၂၀၁၀၂၀၁၀တော့ ဆုပဲ တောင်းတော့မယ်နော်.. ကျေးဇူပါ... :)

    ReplyDelete
  6. ဟယ်...ဟုတ်ပ သတိမထားလိုက်မိဘူး....အခုတော့ကျော်သွားပြီ။

    ReplyDelete
  7. သူကြီးရေ.. ကိုယ့်ဟာကို ဖုန်ခါပြီး အလည်လာတယ်...း))))... ၂၀၁၀၂၀၁၀ အထိန်းအမှတ်ပေါ့...


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  8. ခုချိန်မှာ ကျမ်းမာတဲ့ထီတကယ်ပေါက်ချင်မိပါတယ်။
    စိတ်နဲ့သာရပ်တည်နေရတာ
    လူကရိုင်နေပြီလေ

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  9. မအားပေလို့သာဘဲ....
    ဟိုဟာဆိုလဲ ကောက်ရေး ဒီဟာဆိုလဲ ကောက်ရေးနဲ့များ။

    ခွန်လဲတစ်လတခါ မွေးနေ့ရက်ပိုင်းလောက် ထီထိုးတယ်။ ခုထိတော့ ကြီးကြီးမရသေးဘူး။ အရင်းကျေတာမျိုးလေးတွေဘဲ ရတယ် ;(

    အကိုတော်ထီပေါက်ရင် သာမီးကိုလဲ မမေ့နဲ့နော်..... ;)

    ReplyDelete
  10. သတိမထားမိဘူး...ထီပေါက်ပါစေ..
    အားပေးလျက်

    ReplyDelete
  11. ထီပေါက်ပြီး စုတ်ရောလာဒ်ရော ၀င်ပါစေး)
    ဘလော်ဂါတို့ရဲ့ ကိုကိုမောင် ဘိလပ်က ထီ နှစ်ထပ်ကွမ်းပေါက်ပြီး
    မိတ်ဆွေဘလော်ဂါအပေါင်းကို ကျွေးနိုင်မွေးနိုင်ပါစေကြောင့် ဆုမွန်ကောင်း တောင်းပေးလိုက်ပါကြောင်းရှင်။

    ReplyDelete
  12. ထီပေါက်ပါစေ.. နောက်ပြီး..
    အဲ... အပေါ်က ကွန်မန့်အတိုင်းပဲးD

    ReplyDelete
  13. ထီပေါက်ရင် ဘလော့ဂ်ဂါနဲ့အဏ္ဏဝါ ထဲကလို ခရီးထွက်ကြမယ်။ မကောင်းဘူးလား။

    ReplyDelete
  14. နှမငယ် နှမငယ်နဲ့ ဆိုတော့...
    ပုဂံခေတ်ရောက်သွားသလိုပဲ တဂျီးရဲ့..

    တဂျီးမလဲ လောဘ တယ်မသေးဘူးနော်.. တချက်ခုတ် ၃ချက်ပြတ်

    ၁။ ထီပေါက်
    ၂။ကမ္ဘာပတ်
    ၃။ မုန့်လာကျွေးတာပါဆိုပီး နာမည်ကောင်းလက်မှတ်ယူ

    တဂျီးလို့ မပြောရဘူး..တော်ချက်တော်...

    ReplyDelete
  15. ပေါက်ပါစေဗျာ...ထီထိုးသူတွေအားလုံး...။
    ကျွန်တော်တော့ ထိုးဘူးဗျ...။ဘာသာသိနေတယ်လေ...။
    ဘဝမှာ ဘယ်တုန်းကမှ လွယ်လွယ်နဲ့ဘာကိုမှ မရခဲ့လေ
    တော့ကံလည်း အဲ့လောက်မကောင်းနိုင်ခဲ့လေတော့..
    ထိုးတော့ဘူးဗျ...။ထိုးတဲ့သူတွေ မုန့်လာကျွေးမှာပဲ အထိုင်
    ကစောင့်တော့မယ်...း)

    ReplyDelete
  16. သြော် ... သဂျီး သဂျီး ... ငယ်သေးတယ်ပြောတော့လဲ မကြိုက်ဖူး။
    ၂၀ ကို ခက်ခက်ခဲခဲ ရှာနေလိုက်ရတာ။
    ကြိယာစိတ် မဟုတ်တဲ့ တခြား ၂၀ တွေလဲ အဘိဓမ္မာထဲမှာ ရှိပါသေးတယ်။
    ဗြဟ္မာ့ဘုံ ၂၀ (ရူပ ၁၆ ဘုံ၊ အရူပ ၄ ဘုံ) လဲ ရှိတာပဲ။
    နောက်ပြီး မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ပဋိစ္စသမုပ္ပါဒ် လင်္ကာထဲက "ခြင်းရာ ၂၀" ... (အတိတ်အကြောင်း အခြင်းအရာ ၅ပါး၊ ပစ္စုပ္ပန်အကျိုး အခြင်းအရာ ၅ပါး၊ ပစ္စုပ္ပန်အကြောင်း အခြင်းအရာ ၅ပါး၊ အနာဂတ် အကျိုး အခြင်းအရာ ၅ပါး) ကိုလဲ ပြောလို့ရတာပဲ။
    အဘိဓမ္မာထဲက မဟုတ်တဲ့ နောက်ထပ် ၂၀ တွေလဲ ရှိပါသေးတယ်။ ဥပမာ - အုပ်ထိမ်းခြင်းရှိသော မိန်းမ ၂၀ တို့ ဘာတို့။း)
    ဒါကြောင့် ငယ်သေးတယ်ပြောတာ။ (အသက်ကို မဆိုလိုပါဘူး။ ဟဲဟဲ)

    တကယ်တော့ ဗုဒ္ဓရဲ့ အဘိဓမ္မာဆိုတာ လူတိုင်း သိသင့် လေ့လာသင့်တဲ့ ပညာရပ်တခုမို့ မတတ်တဲ့သူကိုလဲ ရှင်းပြကောင်းပါတယ်။

    အင်း ... ထီဆိုလို့ ကျွန်တော်မျိုးမကတော့ "ထီ" ကို “ဌီ” လောက် စိတ်မ၀င်စားဘူး။ ထီထိုးတာ လုံးဝ ၀ါသနာမပါဘူး။ ထိုးလဲ မထိုးဘူး။ သူများတကာ ထီပေါက်လို့ ကျွေးမွေးမှာကိုလဲ မစားရ အညှော်မခံချင်ပါဘူး။ ဒါကြောင့် ကံလဲ မစမ်းတော့ပါဘူး သဂျီးမင်းရေ ။

    သဂျီးမင်းရဲ့ နောက်ဆုံးဆုတောင်းကလဲ နည်းနည်းတော့ လန့်စရာ ...
    ကျန်းမာ ထီပေါက် နိဗ္ဗာန်ရောက်ပါစေ ဆိုတော့ နိဗ္ဗာန်ရောက်ဖို့ရာ အရင်သေရမှာမို့ သေပါစေဆုတောင်းနေသလိုပဲ။
    ကျန်းကျန်းမာမာကြီး ရှိနေတုန်း ထီပေါက်တာနဲ့ ၀မ်းသာလုံးဆို့ပြီး ငေါက်ခနဲသေ .. နိဗ္ဗာန်ကို ဗီဇာမလိုဘဲ ရောက် ... အဲလိုပေါ့နော် ... အင်း ကောင်းတော့လဲ ကောင်းပါတယ်။ မြန်မြန်ဝဋ်ကျွတ်တာပေါ့။

    ဒီတခါချက်တဲ့ ဆားက လေးလေးပင်ပင်မရှိဘူး။ ပေါ့ရွှတ်ရွှတ်နဲ့။

    ReplyDelete
  17. 'ကံဆိုတာ အလုပ်'ဆိုတဲ့စကားပေါ့ အကိုရေ။ ထီပေါက်တဲ့ ကံကတော့ အတိတ်ကမိမိ ပြုခဲ့တဲ့အကြောင်းကြောင့် ဒီဘဝမှာ အကျိုးရရှိတဲ့သဘောလို့ ထင်တယ်။ ဒီတော့ အကိုလည်း အတိတ်ကံပေါ်တည်ပြီး ထီပေါက် မပေါက် စောင့်ကြည့်ပေါ့နော်း)

    ReplyDelete
  18. ထီထိုးထားတယ်အကိုမောင်ရ..
    ကျန်တဲ့ဆုတွေမပြည့်သေးရင်နေပါစေ..
    ထီပေါက်ပါစေဆိုတဲ့ဆုလေးပြည့်ပါစေ..လို့

    ReplyDelete
  19. သီတင်းကျွတ်မှာပျော်ရွှင်ပါစေ..။ စီဗုံးမပေါ်လို့နော်း)))
    ထီဆုကြီးကြီးပေါက်စေသားးးးးး ဆုတောင်းလျှက်
    အမ

    ReplyDelete
  20. ထီးပေါက်ရင် ဘာတွေလုပ်မယ်စိတ်ကူးထားလဲသိပါရစေ.
    အဟဲ ဆုတောင်းပေးမလို့................

    ReplyDelete
  21. သချီး အဲ သူကြီးသာထီပေါက်ရင် ကျွန်တော့်ကိုမိန်းမတောင်းပေးဗျာ (ဟိဟိ သူကိုယ်တိုင်အရင်တောင်းမယ့်ပုံ)

း) ပေါက်ပါစေဗျာ

    ReplyDelete
  22. သူကြီး----
    မင်္ဂလာပါကျန်းမာပါစေဗျာ-
    အလုပ်တွေများနေလို့ဘလော့မလည်နိုင်ဘူး-
    အခုတော့စာကြွေးတွေဆပ်သွားတယ်ဗျို့ -
    သူကြီးခေါင်းပေါင်းများပေါင်းထားသလားလို့လာကြည့်တာ-
    ဒါဘဲ---

    ReplyDelete
  23. သကြီး ရေ

    ဘယ်ပျောက်လို့ ဘယ်ရောက်နေပါလိမ့် အရှင်လပ်လပ် နိဗ္ဗါန် တော့ ရောက်လောက်ပါဘူးနော် နေကောင်းလား ပျောက်တာ ကြာနေလို့ သတင်းလာမေးတယ်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  24. တော်သလင်းလFriday, 19 November 2010 at 17:42:00 GMT

    ဘကြီးရေ..
    ဘကျောက်ကို ပြောပေးပါ ...
    အသက်ရှည်ရှည်နေပေးပါလို့..
    သူ့ကိုရော ဘကြီးတို့ကိုပါ စောင့်ပြီး ဖတ်နေလို့ပါ..
    နော်..
    နော်...

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။