Tuesday, 12 October 2010

ရှုံးပြီးသားမို့....


မပြိုင်လိုပါဘူး
အစကထဲက
ရှုံးပြီးသားမို့ပါ။

မနိုင်လိုပါဘူး
ဟဒယထဲက
မုန်းတီးသွားမှာ စိုးလို့ပါ။

အရှုံးချင်း ပြိုင်မလား
အပြုံးချင်း ပြိုင်မလား
အမုန်းချင်း ပြိုင်မလား
နှလုံးချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

အချစ်ချင်း ပြိုင်မလား
အပြစ်ချင်း ပြိုင်မလား
အသစ်ချင်း ပြိုင်မလား
အညစ်ချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

လောကချင်း ပြိုင်မလား
သောကချင်း ပြိုင်မလား
ဒေါသချင်း ပြိုင်မလား
လောဘချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

အိပ်စက်ချင်း ပြိုင်မလား
အိပ်ပျက်ချင်း ပြိုင်မလား
အိပ်ခက်ချင်း ပြိုင်မလား
အိပ်မက်ချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

အမျက်ချင်း ပြိုင်မလား
အခက်ချင်း ပြိုင်မလား
အရှက်ချင်း ပြိုင်မလား
အသွက်ချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

အတ္တချင်း ပြိုင်မလား
နှပ်ချချင်း ပြိုင်မလား
မှတ်ရချင်း ပြိုင်မလား
ဓါတ်ကျချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

အသဲချင်း ပြိုင်မလား
အကွဲချင်း ပြိုင်မလား
အကဲချင်း ပြိုင်မလား
အရဲချင်း ပြိုင်မလား
အဆဲချင်း ပြိုင်မလား
အလဲချင်း ပြိုင်မလား
ငရဲချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

ရွဲ့ ချင်း ပြိုင်မလား
ပဲ့ချင်း ပြိုင်မလား
ဒဲ့ချင်း ပြိုင်မလား
မဲ့ချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

မာနချင်း ပြိုင်မလား
ဌာနချင်း ပြိုင်မလား
ဒါနချင်း ပြိုင်မလား
လာဘချင်း ပြိုင်မလား
ကိုယ်က ရှုံးပြီးသားပါ။

မာယာချင်း ပြိုင်မလား
စွာတာချင်း ပြိုင်မလား။

အထင်သေးချင်း ပြိုင်မလား
အမြင်ဝေးချင်း ပြိုင်မလား။

ကိုယ်က ရှုံးပြီးသားပါ။

အရှုံးတွေနဲ့ နေသားကျနေတဲ့ ငါ
အမုန်းတွေနဲ့ေ၀၀ါး ကနေတဲ့ ငါ
အပြုံးတွေနဲ့ ထွေပြား ၀နေတဲ့ ငါ
တစ်ခါတစ်လေမှာတော့
ဘ၀ါဘဝေက ကောင်းမှု
အကြောင်းပြုပြီး တိုင်တည်
"နိုင်ပြီ"ဆိုတဲ့ ဘ၀လေး
တွေးတွေးပြီး
ရေးရေးလေး ကြည်နူးနေချင်မိလေရဲ့။ ။

.

20 comments:

  1. ရှုံးပေမဲ့ နိုင်
    နိုင်ပေမဲ့ ရှုံး
    အနိုင် အရှုံး မသေချာ
    မရေရာတဲ့
    ဘဝပေါင်း များစွာ
    ကျော်ဖြတ်ခဲ့ရ ပန်းလေစွ


    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  2. တစ်ပုဒ်ဆိုတစ်ပုဒ်ပါပဲလား အကိုရေ ကူးယူသွားတယ်နော် အမြဲတန်း "နိုင်ပြီ" ဆိုတဲ့ ဘဝလေးများ ပိုင်ဆိုင်နိုင်ပါစေ

    ReplyDelete
  3. အံမယ်လေး သဂျီးမင်း ကဗျာ ဖတ်ပြီး ဘာပြောရမှန်းတောင် မသိတော့ဘူး။ ရှင်းတယ်လေ။ ဘာမှ မပြောပဲပြန်သွားမယ်။ ဟုတ်တယ်ဟုတ်

    ReplyDelete
  4. ငါ့အကိုတော်ဂျီး ဘီလိုဖစ်တုန်း???

    နိုင်တဲ့လူကလည်း အမြဲမနိုင်နိုင်သလို
    ရှုံးတဲ့သူကလည်း အမြဲတမ်း ရှုံးမနေနိုင်ပါဘူးလေ။ တချိန်ချိန်တော့ နိုင်မှာပေါ့ မပူပါနဲ့..........

    ReplyDelete
  5. သဂျီးရာ...လေဒီယိုဖွင့်လိုက်စမ်းပါ.....
    ဗမာနိုင်ပြီ...ဒို့ဗမာနိုင်ပြီ...ဟေ့..ဒို့ဗမာနိုင်ပြီ...
    ဘုရားစူး..မိုကြိုးပစ်..ဒို့ဗမာနိုင်ပြီ..

    ReplyDelete
  6. အရှုံးတွေ ဒီလောက်များပြီးတဲ့နောက် နိုင်ရမယ့် အလှည့်လေးလဲ တစ်နေ့တော့ရောက်လာဦးမှာပါ ...

    ReplyDelete
  7. `နိုင်ပြီ´ ဆိုတဲ့ဘ၀လေးကိုကြုံတွေ့ရမှာပါ။

    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  8. အဲလောက်တောင်အရှုံးများရသလေားကိုမောင်ရဲ့
    သဘောကောင်းလွန်းပုံပဲ

    ReplyDelete
  9. အနိုင် နဲ့ အရှုံး ဆိုတာ ခံယူချက်ခြင်းနဲ့လည်း ဆိုင်မယ် ထင်တယ်။ ပြီးတော့ အချိန်ကာလလေး တစ်ခုလောက်တော့လည်း ခြားနေလိမ့်မယ်။ ဘာပဲပြောပြော ကမ္ဘာတခြမ်းမှာ နေသာနေချိန်မှာ တစ်ဘက်မှာ မှောင်နေလိမ့်မယ်လေ။

    ReplyDelete
  10. ကဗျာက အရမ်းကောင်းတာ ပဲ သယ်ရင်း ကာရံလည်း ညီတယ် ခံစားချက်လေးကို အရမ်းကြိုက် :P

    ReplyDelete
  11. တဂျီး...အရမ်းဂွတ်သဗျာ...ကဗျာလေးက..။

    ReplyDelete
  12. နိုင်ပါစေ.............................



    လာအော်သွားသည်။
း)

    ReplyDelete
  13. ကိုကိုမောင်ရယ်
    သိပ်ကို ကောင်းတဲ့ကဗျာလေးပါလားနော်။
    အရှုံးအနိုင်ထက် အေးဆေးတဲ့ ဘ၀ လေးတစ်ခုကို ပိုင်ဆိုင်ရတာအကောင်းဆုံးပါ။
    ကျွန်မကတော့
    “စကားလုံးတွေနဲ့ လေထွားဝနေတဲ့ ငါ”
    ပါ။
    ခင်မင်စွာဖြင့်

    ReplyDelete
  14. ခေါင်းစဉ်ဖတ်ပြီးတော့ ငွေတိုးချထားတာတွေ ရှုံးသွားလို့ ပိုစ့်တင်တယ် ထင်နေတာ။
    စိတ်မကောင်းတောင် ဖြစ်လိုက်မိတယ် ဘယ်လောက်များ ပါသွားပါလိမ့်လို့..........
    ရှုံးပြီးရင် အနိုင်လာဦးမှာပါ
    စိတ်မညစ်ပါနဲ့

    ReplyDelete
  15. အမြဲတမ်းမနိုင် နိုင်သလို.... အမြဲတမ်းလည်း မရှုံးနိုင်ပါဘူး...အရှုံး အနိုင်ဆိုတာ ဒွန်တွဲနေတာမို့... တစ်နေ့နေ့တော့ အနိုင်ရမှာပါ...
    swe

    ReplyDelete
  16. အရှုံးသမားသူကြီးမင်းပေါ့...
    ဟုတ်လားအကိုမောင်

    ReplyDelete
  17. ဝေါဟာရ တော်တော်ကြွယ်ဝပါပေတယ် ကိုကိုမောင်....

    ReplyDelete
  18. Good Attitude.. cause' you are lost in the negative things.. မာနချင်း ပြိုင်မလား
    ဌာနချင်း ပြိုင်မလား
    ဒါနချင်း ပြိုင်မလား
    လာဘချင်း ပြိုင်မလား
    ကိုယ်က ရှုံးပြီးသားပါ။
    ..
    These things are not good to win over other people anyway..

    ReplyDelete
  19. မပြိုင်ပေမဲ့
    နိုင်နေတဲ့သူပါ။

    အမုန်းတေးမဆို
    အပြုံးလေးချိုချိုနဲ့
    အရှုံးပေးတယ်လို့ မဆိုပါနဲ့။

    ကြင်လည်ရာဘ၀တကွေ့မှာ
    ခင်တွယ်စရာ ခဏတွေ့တုန်း
    အပျော်တွေဖုံး အပြုံးတွေခြယ်
    အမုန်းတွေကို ဖယ်ထား
    နှလုံးသား ဆိုတာ
    အရှုံးအနိုင်
    ယှဉ်ပြိုင်ကာနွှဲ
    ကစားပွဲမှမဟုတ်ဘဲ။

    အဲဒါကြောင့်
    ပြိုင်ပွဲမမှတ်
    ဒိုင်ပွဲရပ်နဲ့
    အနိုင်ပဲ အပ်လိုက်ပါတယ်
    ကျေနပ်ပါကွယ်…။

    ReplyDelete
  20. ကဗျာလေးကောင်းလိုက်တာ
    စိတ်မချမ်းမြေ့နိုင်တဲ့အနိုင်ရခြင်းထက် အရှုံးပေးခြင်းရဲ့နောက်ကွယ်မှာ အေးချမ်းမှုတွေများကြီးပါ။
    ရေးရေးလေးတွေထက်လက်တွေ့ဖြစ်နိုင်ပါစေရှင်း

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။