Tuesday, 14 September 2010

ရှေ့ သို့သာ...


တင်းထား တင်းထား
ပျင်းမသွားနဲ့
အငြင်းမပွါးဖို့အတွက်။

တော်ထား တော်ထား
ပျော်မပါးနဲ့
မော်ကြွားနိုင်ဖို့အတွက်။

ခဲထား ခဲထား
လဲမသွားနဲ့
အမြဲ သွားနိုင်ဖို့အတွက်။

လုပ်ထား လုပ်ထား
ငုပ်မသွားနဲ့
လှုပ်ရှားနိုင်ဖို့အတွက်။

တွေးထား ရေးထား
ငေးမသွားနဲ့
ပြေးလွှားနိုင်ဖို့အတွက်။

ကြိတ်ထား ကြိတ်ထား
အိပ်မသွားနဲ့
ထိပ်ဖျားရောက်ဖို့အတွက်။

လှမ်းထား လှမ်းထား
လမ်းမမှားနဲ့
ပန်းများပွင့်ဖို့အတွက်။
...


ခြေတစ်လှမ်းအလို
မပြိုစေနဲ့။

လက်တစ်ကမ်းအရောက်
မမှောက်စေနဲ့။

မပြို မမှောက်၊ မှန်မှန်လျောက်က
တောင်မြောက်ခရီး၊ အလွန်နီး၍
ခရီး ရှေ့ နောက်၊ အမြန်ရောက်လိမ့်
အခေါက်မှန်စွာ၊ ရှေ့ သို့သာလျှင်
ချီကာဆက်၍ တက်ပါလေ။

.

24 comments:

  1. ကဗျာလေးက အရမ်းကို ထိမိပါလား သယ်ရင်းရေ ဖတ်လို့ကောင်းတယ်..
    ခဲထား ခဲထား
    လဲမသွားနဲ့
    အမြဲ ညားဖို့အတွက်။

    ဟီး ရီရတယ်..

    ReplyDelete
  2. ကဗျာအရေး အတော်တော်တဲ့ တဂျီး.....။ဒါထက်စကားစပ်
    လို့ အမြဲညားဖို့ ဘာခဲရမလဲဗျ....း)

    ReplyDelete
  3. ကျွန်မကတော့

    ခဲရုံပဲခဲထားတယ်။
    တင်းထားဘို့ လည်းမလွယ်ဘူး။
    .....
    ...
    ကဗျာလေးဖတ်ပြီး အားတက်လာတယ်။

    ReplyDelete
  4. အယ်.. သူကြီးမင်း.. ဒီကဗျာလေး တယ်ကောင်းပါလား.. မိုက်တယ်...း)))...

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  5. တယ်ဟုတ်ပါလားးးတဂျီးး။ ကဗျာကိုတော့ ကြိုက်သွားပြီး
    ဒါနဲ့  ............
    ခဲထား ခဲထား
    လဲမသွားနဲ့
    အမြဲ ညားဖို့အတွက်။
    ဆိုတဲ့ နေရာ သိပ်နားမလည်ဘူးးး။

    ခင်တဲ့
    ယွန်း

    ReplyDelete
  6. ပန်းကဗျာ... မောင်လေး (ရှောင်ပြေးး)) ) မမကောင်းမွန်ဝင်း.. မောင်နေ၀သန်.. ယွန်း...
    လာအားပေးတဲ့အတွက် အားလုံးကို အထူး (အထူး)ကျေးဇူးတင်ပါတယ်။

    ဟုတ်တယ်နော်။

    ခဲထား ခဲထား
    လဲမသွားနဲ့
    အမြဲ ညားဖို့အတွက်။

    အဲဒီအပိုဒ်က သိပ်မနှိပ်သလိုဘဲ။ ကလေးဆန်နေသလိုကြီး။ အဟီး။း))))

    ဒါကြောင့် "ညားဖို့"ဆိုတဲ့ စကားလုံးအစား "သွားနိုင်ဖို့" လို့ ပြန်ပြင်လိုက်တယ်။

    စာလာဖတ်သူ၊ များဗိုလ်လူကို၊
    တူညီမေတ္တာ၊ ပေးဝေပါသည်၊
    ကမ္ဘာတည်သရွေ့ ၊ လွန်ပျော်မွေ့ပြီး၊
    ဆွေ့ဆွေ့ကြည်ဖြူ၊ ပျော်တော်မူနိုင်စေသတည်း။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  7. ကမ္ဘာတည်သရွေ့ လွန်ပျော်မွေ့ပြီး
    ဆွေ့ဆွေ့ကြည်ဖြူ ပျော်တော်မူလဲ
    ငြူစူသူက ကိုကိုမောင်..........

    ကဗျာမစပ် စာမတတ်လျှင်
    မျက်နှာငယ်ရ ဘလော်ဂါဘ၀မို့
    အများနည်းတူ အတုယူ၍
    ကဗျာတစ်ပုဒ် ဖွင့်ဟထုတ်သည်
    သူဂျီးမျက်နှာ ပန်းရွှေကြာနှယ်
    လန်းဖြာစေကြောင်း ဆုမွန်တောင်း၏
    သောင်းသောင်းဖြဖြ ကြိုဆိုကြစေ
    နေနှယ်လင်း၍ လနှယ် ၀င်းကာ
    စာရေးပျင်းသော အကျင့်ဆိုးတို့ ပျောက်စေသော်................။ :)

    ReplyDelete
  8. တွေးထား ရေးထားပါတယ် အဲ..ပြေးလွှားနိုင်မှာတော့ ဟုတ်ဖူးနော်း)))
    ကိုကိုမောင်ရေ အလည်ရောက်ပါတယ်.. အဆင်ပြေပျော်ရွှင်ပါစေ...။

    ReplyDelete
  9. တင်းထား..တင်းထား...
    ဟုတ်ကဲ့ သဂျီးမင်း..
    ကျနော် တော်တော် တင်းနေပါတယ်...
    ဘာဆက်လုပ်ရမလဲခညာ...

    ReplyDelete
  10. ကိုမောင့်ကဗျာလေးဖတ်ပြီး မချောရဲ့မန့်နဲ့ ကိုကိုကျောက် မန့်ဖတ်ရယ်သွားတယ်ဗျား)

း)

    ReplyDelete
  11. အဘောက်ကျ က တင်းနေတယ်တဲ့ မာဆက် သွားခိုင်းလိုက်နော် သချီးမင်း ဟိဟိ

    ကဗျာ လာဖတ်တယ် လူဂျီးနေ ကောင်းလား တာ့တာ

    ReplyDelete
  12. ကိုကိုမောင်ရေ...
    ကျနော့်ကို အားပေးနေသလိုပါပဲလား။
    ကျနော်လည်း မအားလို့ အရင်လိုတောင်မှ သိပ်မရေးဖြစ်ဘူး။
    ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် တင်းထားပါတယ်။
    တစ်နေ့နေ့ ရောက်ရမည် ပေါ့ဗျာ။

    ကဗျာလေး အတွက် ကျေးဇူးပဲ။

    ReplyDelete
  13. တင်းရလွန်းလို့ ပင်ပန်းလှပြီ တဂျီးရဲ့

    ReplyDelete
  14. အဓိပါယ်အရမ်းရှိတဲ့ ကဗျာကောင်းလေးပဲ..အတိုမှောင်
    အားပေးလျက်
    swe

    ReplyDelete
  15. တဂျီးရေ..ကဗျာလေးကကောင်းလှချည်လားနော်..

    ReplyDelete
  16. တင်းထားတင်းထား
    ပုလင်းပြားနဲ့
    ထမင်းစား ၀င်ဖို့အတွက်။

    တော်ထား တော်ထား
    အဖော်များနဲ့
    ဂေါ်များနိုင်ဖို့အတွက်။

    ခဲထား ခဲထား
    အသဲစကားနဲ့
    ပဲများနိုင်ဖို့အတွက်။

    ငမ်းထား ငမ်းထား
    လမ်းသလားကာ
    ဇာတ်လမ်းများရှာဖို့အတွက်။

    သောက်ထား သောက်ထား
    မှောက်မသွားနဲ့
    ဖောက်ပြားနိုင်ဖို့အတွက်။

    မူးထား မူးထား
    အရူးများလို
    ထူးခြားစေဖို့အတွက်။

    ဖြီးထား ဖြီးထား
    ဂျီးမများနဲ့
    အမြည်းစားနိုင်ဖို့အတွက်။

    အမေဂျမ်းကို
    မငိုစေနဲ့။

    ကိုကြီးကျော်တယောက်
    မဟောက်စေနဲ့။

    မငို မဟောက် မှန်မှန်သောက်က
    အသည်းခြောက်ကာ ဆန်ကာလဲကျ
    သုဿန်ဝသို့ အမြန်ပို့လိမ့်
    ဆိုပိမ့်မညှာ ရှေ့သို့သာလျှင် …
    ဘီယာသောက်၍ လျှောက်ပါလေ … ။ … ။

    ReplyDelete
  17. ကဗျာလေးက တော်တော်ကောင်းတာပဲ တဂျီး။
    စိတ်ထဲမှာ ပြေးနေတဲ့ လူလိုလို စက်ရုံလိုလို သတ္တ၀ါတစ်ကောင်ကောင်ကို မြင်လာသလိုလိုပဲး))))

    ReplyDelete
  18. ခြေတစ်လှမ်းအလို
    မပြိုစေနဲ့။

    လက်တစ်ကမ်းအရောက်
    မမှောက်စေနဲ့။

    တကယ်အားတက်စေတဲ့ကဗျာလေးပါ။
    ဒူးမထောက်လက်မမြှေက်အရှုံးမပေးပဲ အသက်ရှင်နေသရွေ့ကြိုးစားရအုံးမှာပဲလေ။

    သာယာချမ်းမြေ့ပါစေရှင်းး
    မိုး

    ReplyDelete
  19. ကဗျာလေးကိုဖတ်သွားတယ်။
    ကောင်းပါ့......
    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  20. ဗျို့ သကြီးမင်း

    မောင်လေး ကမေးထားတယ်လေ အမြဲညားဖို့ ဘာခဲရမလဲတဲ့

    သွားဖို့ပြင်ပေမဲ့ ခဲ ဖို့ဘဲသိနေတယ်

    မချောပြောတဲ့
    ကဗျာမစပ် စာမတတ်လျှင်
    မျက်နှာငယ်ရ ဘလော်ဂါဘ၀မို့

    သွားပြီဗျို့

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  21. အားဖြစ်စေတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ။
    သူကြီးရေ.........
    လျှောက်နေဆဲလမ်းတွေကတော့ ခရီးမပေါက်သေးဘူးဗျာ.။

    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  22. သူကြီး - - - -
    နားမလည်ဘူးသူကြီးရဲ့ 
    အဲဒီအပိုဒ်ကို-

    ကြိတ်ထား ကြိတ်ထား
    အိပ်မသွားနဲ့
    ထိပ်ဖျားရောက်ဖို့အတွက် - - -

    သူကြီးပြန်ဖြေနော်-
    ဘွားတော်ရေးထားခဲ့တဲ့ကွန်မန့်ကိုလည်းသဘောကျ
    သွားမိပါကြောင်း - - - -

    ReplyDelete
  23. အော်..ကိုကိုမောင် ..ကိုကိုမောင်

    ReplyDelete
  24. ကဗျာလေးအရမ်းကောင်းတယ်အစ်ကို
    ကာရန်လေးလည်းကျ ပညာလေးလည်းရ
    တယ်ဗျာ . . .

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။