
ဆရာတော်တစ်ပါးရဲ့ ကလေးကလေး အထင်မသေးနဲ့ ဆိုတဲ့ စကားလေးကိုဘဲ ကြားယောင်နေမိတယ်။ အခုခေတ်ကလေးတွေ အရမ်း အရမ်းကို ချီးကျူးစရာကောင်းတယ်။ အသက်ငယ်ငယ်နဲ့ ဒီလောက်အသံကို ပိုင်နိုင်စွာ သီဆိုနိုင်တာကို နားထောင်ပြီး ဒီလိုကလေးတွေ မြန်မာနိုင်ငံမှာ ရှိနေတာကို ဂုဏ်အရမ်းယူနေမိတယ်။ ဂီတတံခါးလေးဖွင့်ပါဦး အစီအစဉ်လေးကို အကောင်အထည်ဖော်ပေးကြတဲ့သူတွေကိုလဲ ကျေးဇူးတင်နေမိတယ်။ အခုခေတ်မှာ ဖွင့်ပေးရင် ဖောက်ထွက်လာကြမဲ့ ကလေးတွေ အများကြီးရှိတယ်ဆိုတာ ဒီကလေးလေးတွေက သက်သေပြလိုက်သလိုပါဘဲ။
ဒီလင့်ခ်လေးကို အီမေးလ်ဖော်ဝါ့ဒ်လုပ်ပေးခဲ့တဲ့ မဆွေကိုလဲ ကျေးဇူးတင်ပါတယ်။ You Tube မှာ တင်ပေးကြတဲ့ phosan555 နှင့် nyanlin1984 တို့ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ ကျနော့်ဘလော့ဂ်ပေါ်လဲ တင်ခွင့်ပြုစေချင်ပါတယ်။ ကလေးလေးတွေကို သဘောကျလို့ ခဏခဏဖွင့်ကြည့်ဖြစ်တယ်။ တကယ့်ကို အားနဲ့မာန်နဲ့ ဆိုနေတဲ့ ဟန်ပန်ကို ကြည့်ပြီး တကယ်ကို ကြည်နူးမိပါတယ်။
ဒီအင်္ဂလန်နိုင်ငံမှာတော့ တီဗီအစီအစဉ်မှာ အခုလို မီးခဲပြာဖုံးအနုပညာသမားလေးတွေကို ဖော်ထုတ်ပေးတဲ့ အစီအစဉ်လေးတွေ အတော်များများလွင့်ထုတ်ပေးလေ့ရှိပါတယ်။ X Factor တို့၊ Britain's Got Talent တို့၊ America's Got Talent တို့ စသဖြင့်ပေါ့။ နှစ်စဉ်ပြုလုပ်ကျင်းပပေးလေ့ရှိတယ်။ ကလေးလေးတွေ ၀င်ပြိုင်ကြတာ မကြာမကြာတွေ့ရတယ်။ အားပေးကြတဲ့ ပရိသတ်အရေအတွက်ကတော့ ကြောက်ခမန်းလိလိပါဘဲ။ မြန်မာနိုင်ငံမှာလဲ အခုလို အစီအစဉ်လေးတွေမျိုး မကြာမကြာပြုလုပ်ပေးရင် တကယ်တော်တဲ့ ကလေးလေးတွေ ပေါ်ပေါက်လာမှာ သေချာပါတယ်။ တကယ်လှိုက်လှိုက်လှဲလှဲ အားပေးကြမယ်ဆိုရင် နိုင်ငံရပ်ခြားမှာမှ ကလေးပါရမီရှင်လေးတွေရှိတာမဟုတ်၊ မြန်မာနိုင်ငံမှာလဲ အခုလို ကလေးပါရမီရှင်လေးတွေ အတော်များများ ရှိနေဦးမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘဲခင်များ။ ။
ဒီလင့်ခ်လေးကို အီမေးလ်ဖော်ဝါ့ဒ်လုပ်ပေးခဲ့တဲ့ မဆွေကိုလဲ ကျေးဇူးတင်ပါတယ်။ You Tube မှာ တင်ပေးကြတဲ့ phosan555 နှင့် nyanlin1984 တို့ကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ ကျနော့်ဘလော့ဂ်ပေါ်လဲ တင်ခွင့်ပြုစေချင်ပါတယ်။ ကလေးလေးတွေကို သဘောကျလို့ ခဏခဏဖွင့်ကြည့်ဖြစ်တယ်။ တကယ့်ကို အားနဲ့မာန်နဲ့ ဆိုနေတဲ့ ဟန်ပန်ကို ကြည့်ပြီး တကယ်ကို ကြည်နူးမိပါတယ်။
ဒီအင်္ဂလန်နိုင်ငံမှာတော့ တီဗီအစီအစဉ်မှာ အခုလို မီးခဲပြာဖုံးအနုပညာသမားလေးတွေကို ဖော်ထုတ်ပေးတဲ့ အစီအစဉ်လေးတွေ အတော်များများလွင့်ထုတ်ပေးလေ့ရှိပါတယ်။ X Factor တို့၊ Britain's Got Talent တို့၊ America's Got Talent တို့ စသဖြင့်ပေါ့။ နှစ်စဉ်ပြုလုပ်ကျင်းပပေးလေ့ရှိတယ်။ ကလေးလေးတွေ ၀င်ပြိုင်ကြတာ မကြာမကြာတွေ့ရတယ်။ အားပေးကြတဲ့ ပရိသတ်အရေအတွက်ကတော့ ကြောက်ခမန်းလိလိပါဘဲ။ မြန်မာနိုင်ငံမှာလဲ အခုလို အစီအစဉ်လေးတွေမျိုး မကြာမကြာပြုလုပ်ပေးရင် တကယ်တော်တဲ့ ကလေးလေးတွေ ပေါ်ပေါက်လာမှာ သေချာပါတယ်။ တကယ်လှိုက်လှိုက်လှဲလှဲ အားပေးကြမယ်ဆိုရင် နိုင်ငံရပ်ခြားမှာမှ ကလေးပါရမီရှင်လေးတွေရှိတာမဟုတ်၊ မြန်မာနိုင်ငံမှာလဲ အခုလို ကလေးပါရမီရှင်လေးတွေ အတော်များများ ရှိနေဦးမယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘဲခင်များ။ ။
ဟိုတုန်းကလို (အယ်နီရှိုင်း) {ပထမဆုရှင်}
အဆိပ်ရိုင်း(ကြည်ဖြူခင်)
အချစ်များလက်ဆောင်(အက်စတာဒွေး)
လမ်းခွဲ(ခင်ဘုန်းပွင့်စံ)
ဘေဘီအိုင်လပ်ဖြူ(သရဖီကို)
မြန်မာနိုင်ငံမှာ ပါရမီရှင်များ များများပေါ်ထွက်နိုင်ပါစေ။
ကိုကိုမောင်(ပန်းရနံ့)
.
ဒါလေးကတော့ America's Got Talent ထဲက ကလေးလေးတစ်ယောက်ရဲ့ ဆိုဟန်လေးပါ။
Kaitlyn Maher (4 years old)
သူတို့နိုင်ငံတွေက သူတွေဟာ တကယ်တော်တဲ့ သူတွေကို လှိုက်လှိုက်လှဲလှဲ အားပေးလေ့ရှိကြတယ်။
..
ဘယ်သူတွေရသွားလဲ..
ReplyDeleteကလေးတွေ ကောင်းလိုက်တာဗျာ..တအားတော်တာပဲ
ကျနော်က အပေါ်ဆုံးကကလေးနဲ့ အောက်ဆုံးကကလေးကိုပိုကြိုက်တယ်။
တော်လိုက်ကြတာ...
မျှဝေပေးတဲ့ ဘကြီး...ကို ကျေးဇူးတင်ပါတယ်
မြတ်နိုး
ဟုတ်ပ တဂျီးရာ..တော်ရှာကြပါတယ်..ခုခေတ်ကလေးတွေ
ReplyDeleteတဂျီးကိုတောင် ရှာကြည့်သေးတယ်...ဝင်မပြိုင်ဘူးလားး)
သူကြီးမင်းရေ
ReplyDeleteကိုးနတ်ရှင် မကြည်ဖြူလို့ မကြည့်ရဘူး စေတနာ ကိုကျေးဇူးတင်ပါတယ်
ရယ်စရာ သူကြီးမင်း အတွေ့အကြုံလေးတွေ ရေးပါအုန်းဗျာ
ကျေးဇူးပါ
ရွှေစင်ဦး
ကောင်းလိုက်တာ.. အားလုံးကိုကြည့်ပြီး ပျော်လိုက်တာ... သူကြီးမင်းကြီးကျန်းမာပါစေ... စာဖတ်သူတွေကို စိတ်ချမ်းသာစေလို့..း))))))
ReplyDeleteခင်မင်တဲ့
နေ၀သန်
အဲ့ အစီစဉ်တွေက စနေည မြန်မာ့သံက ၁၀ နာရီကျော်ကျော်လောက်မှာလာတယ် အမြဲစောင့်ကြည့်ဖြစ်တယ် သဘောကျလို့ ခလေးတွေတော်တော် ကိုတော်တယ် ။
ReplyDeleteThanks for post and kinds
ReplyDeleteွအကိုသူကြီးမင်းရေမအားတဲ့ကြားကပို့စ်ရေးနိုင်တာချီးကျူးပါတယ်မျှဝေတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်..အတိုမှောင် :P ဆောရီး..အကိုရေ..
ReplyDeleteအားပါးလျှက်နော်
swe
သူဂျီးးးေ၇ာ ၀င်မပြိုင်ဘူးလားးးး
ReplyDeleteကြည့်ရတာ ချစ်စ၇ာလေးတွေ......
သူကြီးမင်း ကလေး သီချင်းတွေ ကြည့်နေတာကိုး။
ReplyDeleteကောင်းပါ၏ သို့ပေသိ နောက်မှ ကြည့်တော့မယ် လောလောဆယ် အင်တာနက် လစ်မစ်ကျော်နေပြီ။
This comment has been removed by the author.
ReplyDeleteကြည်ဖြူခင်ကို အကြိုက်ဆုံးပဲ..
ReplyDeleteကလေးတွေကတော့ အပျိုကြီးသံတွေနဲ့ တကယ်တော်တယ်..
၎ နှစ်သမီးလေးကတော့ ပါရမီရှင်လေးပါ..မေးဖြေလုပ်တာကစ ဖြေတတ်ပြောတတ် ဆိုတတ်လိုက်တာ....
ကလေးတွေက တော်လိုက်တာ
ReplyDeleteခွန်တို့နဲ့များ တခြားစီ... ;)
မျှဝေတာ ကျေးဇူး ဆရာပန်း
ကိုကိုမောင် အဲဒါတွေလိုချင်တယ် ဘယ်ကနေ Down လို့ရလည်းသိဘူး ဒီမှာတော့ တိုက်ရိုက်ကြည့်လို့မအိုကေလို့ပါ...
ReplyDeleteကြည့်ဖူးတယ်ဗျ ... ကျနော်လည်း အဲဒီအရွယ်က စင်ပေါ်တက် သီချင်းဆိုဖူးတယ်ဗျ :-)
ReplyDeleteFace bookမှာ တင်ထားတာ ကြည့်လိုက်ရတယ်... တို့ ငယ်ငယ်တုန်းက ဒါမျိုး မရှိတာ နာသကွာ... ကတောက် !!
ReplyDeleteကလေးဆိုတာ ရှက်နေ ကြောက်နေ တွန့်ုဆုတ်နေတာထက် စာရင် ဒီလို လုပ်ရဲ ကိုင်ရဲတာလေးတွေကို သဘောကျပါတယ်။ ဒါပေမဲ့ အရှေ့က လူကြီးတွေက မဟုတ်တာတွေ လုပ်ပြနေတာကိုတော့ စိတ်လေတယ်။
ReplyDeleteဟုတ်ပါ့..အကိုရေ..
ReplyDeleteနောင်လာမယ့် မျိုးဆက်သစ်လေးတွေ
မွေးထုတ်ပေးဖို့ လိုအပ်တာပေါ့နော်..
ဒီမှာလည်း..ကလေးတွေ အစီစဉ် အများကြီးပါပဲ..
ကလေးတွေလည်း လူကြီးတွေနဲ့ တန်းတူ..ယှဉ်ပြိုင်ခွင့်ရှိတယ်လေ..။
ခင်မင်စွာဖြင့်..
ကိုကိုမောင်ရေ ..
ReplyDeleteအပေါ်ဆုံးက ကလေးကို တယောက်ယောက်က သဘောကျလို့ ဖေ့ဘုတ် မှာ တင်ပေးထားတာ ကြည့်ရတယ်.. ၂ ခါလောက်ကြည့်ဖြစ်တယ်.. သဘောကျနေတာ.. ကျန်တာတွေလည်း ကြည့်ချင်နေတာ အတော်ပဲ.. တကယ့်ကို ကျေးဇူးကမ္ဘာပါ.. ကလေးတွေ တိုးတက်အောင် ဖန်တီးပေးနိုင်တဲ့ ဝန်းကျင်လေး တို့မြန်မာပြည်မှာ တည်ဆောက်နိုင်ပါစေလို့ အများကြီး အများကြီး ဆုတောင်းပါတယ် ..။
စိန်ဗေဒါ
အပေါ်ဆုံးက ရနှစ်ကလေး ဆိုသွားတာကို သဘောအကျဆုံးပဲ။ ကိုယ်မှာကို ယုံကြည်ချက် အပြည့်လည်း ရှိတယ်... ကလေးတွေကို အထင်မသေးရဲတော့ပါဘူးနော်.. တကယ်ကို ပါရမီရှင်လေတွေပဲ
ReplyDeleteဟယ် သူဂျီးရဲ့ မြေးတွေလား
ReplyDeleteတော်ချက်နော်
ဘမျိုး ဘိုးတူ ဆိုသလို အဖိုးနဲ့ တူလို့ထင်ပါရဲ့..
ငယ်ငယ်လေးနဲ့ အစွမ်းပြနေလိုက်ကြတာ
သူဂျီးတို့ကတော့ ဒီလို မြေးတွေရှိတာ ဂုဏ်ယူနေမှာဘဲနော်း))
တကယ်ကို ချီးကျူးစရာ
ဒါတွေကို ဟိုကောင်တွေ ဟိုကောင်မ တွေကို နားထောင်ခိုင်းရမှာ ဝိုင်းဆုခိုင်သိန်းတို့ နန်းဆုရတီစိုးတို့ စန္ဒမြင့်လွင် တို့ပေါ့ ဒီကလေးတွေဆိုတာမှ တကယ့် တကယ့် ကောင်းတာ
ReplyDeleteနားထောင်လို့မရလို့ နောက်မှပြန်လာနားထောင်တော့မယ်။
ReplyDeleteပထမရတဲ့ ကလေးနဲ့ နောက်ဆုံး ၄ နှစ်သမီးလေး ကို ကြည့်ဖြစ်တယ်။
ReplyDeleteသဘောကျဖို့ ကောင်းလိုက်တာ။
ပြည်တွင်းက ကလေးတွေကို ဒီလို လုပ်ပေးတာ ခုမှ သိရတယ်။ တကယ်ကောင်းတဲ့ အစီအစဉ်ပါပဲ။ မိဘတွေ ကျောင်းတွေကို ဒီ့ထက် မြေတောင်မြှောက်ပေးနိင်ရင် လူတော်လေးတွေ ထပ်ထွက်လာမှာ သေချာတယ်။
ကလေးတွေအကုန်တော်ကြတယ်
ReplyDeleteကြည်ဖြူခင်ဆိုတဲ့...ကလေးမလေးအသံကို
သဘောကျတယ်...
အောက်ဆုံးကပါရမီရှင်4နှစ်သမီးလေးကတော့
ချစ်စရာကောင်းလိုက်တာ..မိုက်ကလေးကိုင်ပြီး
အဖေနဲ့အမေစီကိုပြေးသွားပုံလေးကချစ်စရာလေးနော်..
သူကြီးရေ-
ReplyDeleteအားရပါးရကိုနားထောင်သွားကြောင်းပါခင်ဗျာ-
အခုမှပဲ လာကြည့်ဖြစ်တယ် ကိုကိုမောင်ရေ..
ReplyDeleteကလေးလေးတွေကလည်း တော်လိုက်ကြတာနော်..
ချီးကျူးပါတယ်..သူတို့အရွယ်လေးတွေနဲ့ အဲလိုဆိုနိုင်တာ..
စာမကျက်ချင်တာနဲ့ တဂျီးမင်း တင်ထားတဲ့ ကလေးသီချင်းတွေ လာနားထောင်ပါတယ်။ နားထောင်ပြီး အားကျစိတ်ဝင်လို့ ကိုယ်တောင် သူတို့လို ဟဲချင်စိတ် ပေါက်သွားပြီ။
ReplyDeleteအသက် ၆၀ အထက် ပြိုင်ပွဲလေးဘာလေးရှိရင် လက်တို့လိုက်ပါအုံး။ :P
ကျွန်တော်လဲ တီဗွီကလာတိုင်းကြည်ပါတယ်ဗျာ
ReplyDeleteဘယ်သူရသွားမှန်းမသိဖူး အစ်ကိုရ
ကလေးတွေအကုန်အဆိုကောင်းတယ် အပြီးလဲမကြည့်ရ ပါဖူးကြုံကြည့်ဆိုတော့
လိုင်းကားပေါ်တောင်ဖွင့်တတ်တယ် အဲကလေးတွေဆိုတာကိုလေ
သူကြီး ရေ
ReplyDeleteသီချင်းလာနားထောင်သွားတယ်။
တော်လိုက်တဲ့ ကလေးတွေနော်။ :D
တကယ်က ကလေးတွေကလူကြီးတွေထက်တော်တယ်။
ReplyDeleteရဲရဲဝံ့ဝံ့နဲ့ ပြိုင်သွားတာ အရမ်းသဘောကျမိတယ်။ အခု အသက် ၄၀အထက် အမှတ်ပေးပြိုင်ပွဲတွေလဲ စနေပြီနော်။ ပထမရသွား တဲ့ ကော်နီရဲ့ ချုပ်ထိန်းသူ သီချင်းဆိုသွားတဲ့ ၄၈နှစ်အရွယ် အစ်မကြီးဆို လက်ဖျားခါယူရအောင် ကောင်းတယ်ရှင်..။ အမှတ်၁၀၀အပြည့်ကိုရသွားတာ။
အခုမှကြည့်ဖူးတယ် အစ်ကိုရေ ...
ReplyDeleteခုလိုမျှဝေပေးလို့ ကျေးဇူးအထူးပါ
ဘယ်သူ့ကိုမှ အထင်မသေးရဲတော့ပါဘူးး)
ခင်မင်လျှက်
မနှင်း
ကိုကိုမောင်ရေ..ဆက်လက်တင်ပေးပါဦးလားဗျာ.
ReplyDeleteကလေးတွေရဲ့ ဆိုဟန်လေးကအရမ်းသဘောကျတယ်.
ဖြစ်နိုင်မယ်ဆိုရင်ဒါလေးကိုတင်ပေးပါလားဗျာ...
ဂီတတံခါးလေးဖွင့်ပါဦး (၁)
-------------------------------------------
၁။ အဆိပ်ရိုင်း - ကြည်ဖြူခင်
၂။ Baby I Love You - သရဖီကို
၃။ အချစ်များလက်ဆောင် - အက်စတာဒွေး
၎။ လမ်းခွဲ - ခင်ဘုန်းပွင့်စံ
၅။ ဟိုတုန်းကလို - အယ်နီရှိုင်း
ဂီတတံခါးလေးဖွင့်ပါဦး (၂)
----------------------------------------------
၁။ ဇာတ်ဆရာအလိုကျ - ယဉ်ကြည်ဝင်းခန့်
၂။ အမေတစ်ခုသားတစ်ခု - နှိုင်းထက်မာန်
၃။ မိန်းကလေးအချစ် - စူးစူး
၎။ အချစ်တဲ့လား - သွန်းရွှေလျှံ
၅။ ဘယ်သူကိုယ့်လောက်ချစ်သလဲ - အေးမြဖြူ