Thursday, 19 August 2010

သတိလေးနဲ့အသုံးပြုစေချင်


အသုံးဝင်သော ပစ္စည်းသည် အသုံးပြုနေသော သူတို့အား ရံဖန်ရံခါ အန္တရာယ်ပေးတတ်ချေ၏။ ကိုယ်မွေးထားသော ခွေးသည် ကိုယ့်ကို ပြန်ကိုက်သကဲ့သို့ပင်တည်း။

ကျွန်ုပ်သည် စက်တင်ဘာလနောက်ဆုံးပတ်ထိ မအားသော်ငြားလည်း နေ့စဉ်အင်တာနက်သတင်းများနှင့် ဘလော့အချို့ တို့ကိုမူ မလည်ပတ်ဘဲ မနေနိုင်အောင် ဖြစ်နေလေ၏။ သို့သော် အချို့ ညီအကို အမ ညီမများ၏ ဘလော့များသို့ မလည်ပတ်ဖြစ်သည်ကိုမူကား အားအနာကြီးနာလျက်ရှိနေချေတော့၏။ ယခင်လိုပင် အသစ်အသစ်ဖြစ်သော ပို့စ်တို့ကို မလွတ်တမ်းဖတ်ပြီး ကွန်မင့်များကို စိတ်တိုင်းကျပေးချင်နေသော်လည်း ရရှိလာသည့်အချိန်လေးကို မြတ်မြတ်နိုးနိုး သိမ်းပိုက်လုပ်ကိုင်နေရသောကြောင့် စိတ်ထင်တိုင်း မပေါက်ဖြစ်နေ၏။

သတင်းဆိုသည်မှာကား စိတ်ချမ်းမြေ့စရာ၊ ကြည်နူးစရာ အကြောင်းအရာများထက် စိတ်ညစ်စရာ စိတ်မချမ်းသာစရာ စိတ်ပျက်စရာ အကြောင်းအရာများဖြင့်သာ ဖွဲ့စည်းတည်ဆောက်ထားသော မဏ္ဍိုင်တစ်ခုကို ခေါ်ဆိုလေရော့သယောင်ဖြစ်တော့၏။ ဖတ်ရသည့်သတင်း မြင်ရသည့်အကြောင်းအရာများမှာ စိတ်ချမ်းမြေ့ဖွယ်ရာဟူ၍ လုံးလုံးလျားလျားမရှိ၊ စိတ်ပျက်ဖွယ် အတိပင်တည်း။ ရေကြီးသည့်သတင်း မြေပြိုသည့်သတင်း ယာဉ်တိုက်သည့်သတင်း အသေခံဗုံးခွဲသည့်သတင်း စသည့်စသည့် မနှစ်မြို့ဖွယ်ရာ သတင်းများကိုသာ တွင်တွင်ကြီးဖတ်နေရလေ၏။

ယနေ့နံနက် အိပ်ရာမှ ထထချင်း ကွန်ပြုတာကောက်ဖွင့်ပြီး အင်တာနက်ထဲဝင်ကာ ရာဟုသတင်းလေး ဖတ်ကြည့်လိုက်၏။ ထိပ်ဆုံးမှာရှိနေသည့်သတင်းတစ်ခုကို ခပ်သွက်သွက်ဖတ်လိုက်၏။ ထိုသတင်းမှာ အခြားသတင်းမဟုတ်။ လူတစ်ယောက်သည် သူကိုယ်တိုင်အသုံးပြုနေသည့် မိုဘိုင်းဖုန်း ပေါက်ကွဲပြီး အသက်ပါပေးလိုက်ရသည့်သတင်းပင်တည်း။ ထိုကဲ့သို့ သတင်းမျိုးကို အရင်ကထဲက ဖတ်ခဲ့ဖူး၏။ ကြားခဲ့ဖူး၏။ သို့သော် ထိုအချိန်က မိုဘိုင်းပေါက်ကွဲမှုဖြစ်ရခြင်းမှာ မိုဘိုင်းကို အားသွင်းထားပြီး ကေဘယ်လ်ကြိုးတန်းလန်းနဲ့ စကားပြောကြခြင်းကြောင့်ဖြစ်၏။ ယခုဖြစ်ပျက်မှုမှာ မိုးဘိုင်းကို အားလဲသွင်းမထား ကြိုးတန်းလန်းနဲ့လဲ မဟုတ်ဘဲ အလွတ်ပြောနေရင်း ပေါက်ကွဲခြင်းဖြစ်လေသည်။ ယခုချိန်ထိ ပေါက်ကွဲမှုဖြစ်ခဲ့သည့်နိုင်ငံတို့မှာ တရုတ် တောင်ကိုရီးယား နီပေါနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ကြ၏။

မနေ့တစ်နေ့ကမှ ဖုန်းအသစ်တစ်လုံး ၀ယ်ယူထားမိသည့် ကျွန်ုပ်သည်ပင်လျှင် ထိုဖုန်းကို အသုံးပြု ရသည်မှာ ခပ်လန့်လန့်ဖြစ်နေလေ၏။ တပ်ခ်ျစကရင်ဖြစ်နေသည်က ပိုပြီးကြောက်အားကို ပိုစေ၏။ အဘယ့်ကြောင့်ဆိုသော် တို့လိုက်ထိလိုက်လျှင် ဗိုက်ဘရေးရှင်း အားပြင်းသောကြောင့်ပင်ဖြစ်၏။

အထူးသတိပေးလိုသည်မှာ ချာဂျင်လုပ်ရင်း မိုဘိုင်းကို အသုံးမပြုဖို့ပင်ဖြစ်၏။ ချာဂျင်သွင်းခြင်းသည် မိုဘိုင်းထဲသို့ လျပ်စစ်ဓါတ်လွတ်ပေးခြင်းပင်ဖြစ်၏။ လျှပ်စစ်သည် မီးတစ်မျိုးဖြစ်၏။ မီးသည် ရန်သူမျိုးငါးပါးထဲမှ တစ်ပါးပင်ဖြစ်၏။ အမြဲတမ်းအန္တရာယ်ပေးနိုင်လေ၏။ (အားသွင်းရင်းတန်းလန်းမဟုတ်ဘဲ) အလွတ်အသုံးပြုလျှင်လည်း မိုဘိုင်းကို ရေမစိုစေဖို့အရေးကြီး၏။ ရေသည် မီး(လျပ်စစ်)၏ ဆန့်ကျင်ဘက်ဖြစ်၏။ ရေနှင့်မီးပေါင်းစပ်မိခြင်းသည် အခန့်မသင့်က အရာဝတ္ထုတစ်ခုကို ၀ုန်းဒိုင်း ပေါက်ကွဲစေတတ်၏။ ထို့ကြောင့် မိုဘိုင်းတိုင်းကို သတိထားပြီး အသုံးပြုစေချင်၏။ အသက်ကို ဥာဏ်စောင့်သည်မဟုတ်ပါလော။ ။

မူရင်း http://uk.news.yahoo.com/5/20100818/tod-phone-user-killed-by-his-exploding-m-870a197.html

..

28 comments:

  1. မရှိတော့လည်း ဒုက္ခ၊ရှိတော့လည်း ဒုက္ခ...။
    မရှိ တောင့်တ၊ရှိတော့လည်း ကြောင့်ကျ။တရားတောင် အ
    တော်ရတွားပြီ..။

    ReplyDelete
  2. ဟုတ်တယ်.. သူကြီးမင်း...ဖုန်းနဲ့မကျူနဲ့နော်.. အင်တာနက်နဲ့ကျူ...း)))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. သတိထားနော်အတိုမှောင်..အပေါ်ကပြောတဲ့အတိုင်းပဲလုပ် :P
    swe

    ReplyDelete
  4. ဒုက္ခပါပဲ။
    ကိုယ်ပိုင်တစ်လုံး။
    ရုံးကပေးထားတာတစ်လုံး။
    တိုက်တိုက်ဆိုင်ဆိုင် ကျွန်မအခုလောလောဆယ် လုပ်တဲ့ ပရောဂျက်က တစ်နေ့ကို ၀န်ထမ်း ၁၅ယောက်လောက်ကို လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်နေတယ်။ မေးလ်ကော။ ဖုန်းပြောတာကော။
    အိပ်ရာထ သံပတ်ပေးတာလည်း လက်ကိုင်ဖုန်းပဲ။
    အမြဲတမ်း မန်နာ မုဒ် manner mode ဆိုတော့ တုန်ခါမှုနဲ့ပဲ။ ရုံးဖုန်းဆို လက်တကမ်းအကွာမှာ အမြဲရှိတယ်။

    သဂျီးရယ် ကြောက်လိုက်တာ။

    ReplyDelete
  5. ဟင် ဟုတ်လား ...
    ဟင်းချက်နေတာနဲ့ ရာဟု သတင်း မဖတ်ရသေးဘူး။
    ဗုဒ္ဓဟူးသတင်းပဲ ဖတ်ရသေးတယ် ဟီးးး
    သတင်းကြားရတာ လန့်စရာပဲ။
    ဒါပေမဲ့ သုံးတဲ့ဖုန်းက touch screen လဲ မဟုတ် ရိုးရိုးဖုန်းအစုတ်ကလေးဆိုတော့ ဘာမှမဖြစ်လောက်ဖူး ထင်တာပဲ။
    ညတုန်းကတောင် ... ဖုန်းအားသွင်းထားရင်း ကြိုးတန်းလန်းနဲ့ စကားပြောတာ ၁ နာရီကျော်ကျော်လောက် ကြာသွားတယ်။ :D

    ReplyDelete
  6. အဟဲ..ဒါကျတော့ ကျနော် ဖုန်းစုတ်လေးက အားသာသွားပီ။ ကျနော့်ဖုန်းက ချာဂျင်းသွင်းတဲ့ ခေါင်းလေးကျိုးသွားလို့ အပြင်ထုတ်ပြီး သွင်းနေရတယ်။ ဒီတော့ ပေါက်ကွဲဖို့ % နည်းသွားတာပေါ့။ ကောင်းလေစွ ကောင်းလေစွ

    ReplyDelete
  7. သူကြီးမင်း ရေ မိုဘိုင်းဖုန်းက နေ့စဉ်သုံးပစ္စည်း ဖြစ်နေ
    တော့ လဲ သတိထားကိုင်တွယ်ရမယ်နော်။
    သူကြီးလဲ ဖုန်းနဲ့  QQ မလုပ်နဲ့ ဦးနော် :D

    ခင်မင်သော
    မောင်မောင်

    ReplyDelete
  8. သတိနဲ့နေပေါ့လေ ဦးကိုကိုမောင်ရဲ့ ခေတ်ကြီးက သိပ်ကောင်းတာမဟုတ်ဘူးရယ် အသက်အာမခံလေး ဘာလေးလဲ လုပ်ထားဦး ဒါမှ အရေးရယ်အကြောင်းရယ် ဟိဟိ
    touch screen တဲ့ ဘာလဲ အိုင်ဖုံး ၄ လား
    များတို့တော့ မဝယ်နိုင်သေးပါဘူး အလကားပေးရင်တော့ ဟဲဟဲ

    ReplyDelete
  9. ရှိတော့လည်း ဒုက္ခတမျိုး၊ မရှိတော့လည်း
    ဒုက္ခတမျိုးလေ... နော်
    ခုတော့ မနက်အိပ်ယာထရင်တောင် သူရှိမှ .....

    ReplyDelete
  10. ပိုစ့်လေး လာဖတ်ပါတယ်ရှင်

    ReplyDelete
  11. အသိ။ သတိပေးတာ
    ကျေးဇူးပါ ကိုကိုမောင်ရေ
    ဖုန်းပူအောင် ပြောတတ်သူတွေကို
    ဒါလေး ပရင့်ထုတ်ပြီး လက်ဆင့်
    ကမ်းလိုက်မယ်။း)))း)))



    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  12. သူဂျီးပြောတာနဲ့ ဖုန်းပြောရမှာ လန့်သွားပြီ
    တော်ပြီ ဘယ်သူ့ကိုမှ ဖုန်းမဆက်လာနဲ့လို့ ပြောလိုက်တော့မယ်...
    ဖုန်းကို အိပ်ရာလေးနား ထားအိပ်တဲ့အကျင့်ရှိတယ်..
    တကယ်မကောင်းမှန်းတော့သိတယ်
    ခုလိုပေါက်ကွဲတယ်ဆိုမှဖြင့် အမလေး မစဉ်းစားရဲတော့ဘူး
    ဝေးဝေးထားတော့မှ ဖြစ်မယ်..

    ReplyDelete
  13. ဟုတ်တယ်သူဂျီးရေ.. တစ်ခါကပြည်နယ်တစ်ခုမှာ
    လူတစ်ယောက် ဓာတ်ဆီဆိုင် တစ်ခုမှာ ဆီဝင်ထည့်ရင်း
    ဖုန်းပြောတာ ဖုန်းကထပြီးပေါက်ကွဲမှူ ဖြစ်လို့ 
    တခါတည်း အရေးပေါ် ရောက်သွားပါရောလား ။
    အဲဒိတုန်းက ဖုန်းကတဆင့် ကားပါမီးလောင်သွားတာ ..
    ကြောက်စရာ .. ။ ဓာတ်ဆီဆိုင်တို့  ဘာတို့ 
    မီးလောင်လွယ်တဲ့ နေရာမှာ ဖုန်းမပြောတာ အကောင်းဆုံးပဲဗျို့ ..။

    ReplyDelete
  14. တော်ပါပီ အစ်ကိုရယ်
    မြန်မာပြည်ပဲ ပြန်ပါတော့မယ် ... မီးမလာတော့ ဘတ္ထီလဲအားသွန်းစရာမလိုဘူး ... လိုင်းမမိတော့ ဖုန်းလဲသုံးစရာမလိုဘူး ... နားကိုအေးရောနော်းD
    မနှင်း

    ReplyDelete
  15. ကျွန်တော့်ဖုန်းကလေးကိုလဲ သိမ်းထားလိုက်တာကောင်းမယ်ထင်တယ်
    ဒီလောက်အန္တရာယ်များမှတော့ မကိုင်တာပိုကောင်းမယ်ထင်တယ်..
    အဲ ဒါပေမဲ့ သူမရှိလို့တော့လည်း မဖြစ်ပြန်ဘူးဗျ... သူနဲ့ချစ်သူ အတူတူဘဲလေး)

    ReplyDelete
  16. အနော်မှာတော့ဖုန်းဆိုလို့ အသံတူ ဒယ်အိုးဖုံး ထမင်းအိုးဖုံးပဲရှိတာ
    ကြောက်စရာမလိုဖူးဗျး)
း)


    မောင်ဘကြိုင်

    ReplyDelete
  17. အဟမ်း အဟမ်း အာဂလန် သူကြီးမင်းရှင့်..

    ထိုထိုသော သီတင်း များအား ဖတ်ရူပြီး သီကားလာ.. အီမှန်တန်မှ စိတ်မီချမ်းသား ဖစ်ရလေးးးးးးးးသတည်း..။

    မဗေဒါ (၈၈)

    ReplyDelete
  18. ဗဟုသုတရတယ် အစ်ကိုရေ အလိုသတင်းထူး
    လေးဘာလေးရှိရင် မှတ်သားစရာလေးဆိုရင်
    တင်ပေးအုံးနော့်  ကျေးဇူးတင်ပါတယ်

    ReplyDelete
  19. ကြောက်စရာပါလားနော်
    ညီမဖုန်းလဲNokia touch screen ဘဲ
    ဖုန်းတာင်မကိုင်ရဲတော့ဘူးနော်..

    ReplyDelete
  20. ကိုကိုမောင် ရေ

    ရွှေစင်ဦး တို့လို ဘာဖုန်းမှ မကိုင်တဲ့ သူတော့ အေးရော သကြီးမင်း သာ သတိထား မကြူလိုက်ရဘဲ ပေါက်ကွဲသံစဉ် နဲ့ မိနေအုန်းမယ်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  21. ဂလိုဆိုတော့..ရှိတာထက် မရှိတာက ပိုကောင်းသွားပြန် ပေါ့...။
    ဒီဒုက္ခတစ်မျိုးတော့ လွတ်ကင်းသွားပြီး)))

    ReplyDelete
  22. ဟုတ်တယ်..
    ညီမရဲ့ဖုန်းလည်း မဆက်ပဲနဲ့ battery က ပူပူလာလို့ ဖုန်းကို Power off လိုက်၊ ပြန်ဖွင့်လိုက်နဲ့ သုံးနေရတယ်..။

    အသစ်မဝယ်နိုင်သေးခင် စပ်ကြားတော့
    အန္တရာယ်ရှိနိုင်တယ်...

    သတိနဲ့နေမှ...

    ReplyDelete
  23. ကိုကိုမောင်ရေ မိုးဘိုင်း ဖုန်းနဲ့ ပတ်သက်ပြီး ပို့စ်လေးအတွက် ကျေးဇူးပါ။ :)

    ReplyDelete
  24. သတိပေးပိုစ့်လေးတွက်ကျေးဇူးအထူးပါ။
    အားသွင်းဖို့ မေ့တတ်လွန်းလို့ အားသွန်းရင်းပြောနေကျမို့ ပါ။
    ကြောက်စရာကြီးနော်

    သာယာချမ်းမြေ့ပါစေရှင်းးးးးးးးး

    ReplyDelete
  25. ကိုယ်ပိုင်ဖုန်းတစ်လုံးမှ မရှိလို့စိတ်ချမ်းသာရသေးတယ်
    လက်ရှိကိုင်နေတဲ့ဖုန်းက ပိုက်ဆံပြတ်လို့ အပေါင်ဆိုင်ပို့လိုက်တာ ဒီပိုစ့်လာဖတ်တာနဲ့ အတော်ဘဲ..
    စိတ်မကောင်းမဖြစ်တော့ဘူး
    မတော်ကိုယ့်လက်ထဲ ပေါက်ကွဲနေရင်ဒုက္ခနော်..

    ReplyDelete
  26. အလုပ်နဲ့ ပတ်သက်တဲ့ ဖုန်းကို ကိုယ်မှာ အမြဲ မကွာထားနေရတယ်။ ညဆိုရင် ပါဆယ်နယ်ဖုန်းလေးကို တရားလေးဖွင့်ပြီး နားကြပ်လေးနဲ့ အိပ်တယ်။ အလုပ်ဖုန်းလေးကို နှိုးစက်ပေးထားတယ်။ ဖုန်း 2 လုံး စလုံးခေါင်းဦးအောက်မှာ ။
    ဖုန်းနှစ်လုံးပေါက်မယ်ဆိုရင် ခေါင်းပျောက်သွားလို့ သယ်ရင်းတွေမှတ်မိပါ့မလား တောင်မသိဘူး။

    ဘယ်လိုလုပ်ရမလဲ ကျွန်တော်မသိတော့ဘူး။
    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  27. ဒီပိုစ့်ကို ဘာ့ကြောင့် မမြင်မိသလဲ မသိဘူး ခုမှ လာဖတ်ဖြစ်တယ်၊ အဲလိုမျိုး အန္တာရယ် ရှိတတ်၊ ဖြစ်တတ်တယ် ဆိုတာကို ကြားဖူးနေတယ်... သတိ...အမြဲရှိရမှာပေါ့ ကိုကိုမောင်ရေ...ပိုစ့်လေးနဲ့ သတိပေးတာ ကျေးဇူးပါ :)

    ReplyDelete
  28. ကျေးဇူးပါပဲ ကိုကိုမောင်ရေ...တစ်ခါ တစ်ခါအားသွင်းရင်းနဲ့ ဖုံးပြောတတ်တဲ့အကျင့်ကိုဖျောက်မှ...

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။