Tuesday, 10 August 2010

အရှိန်အဟုန်ဖြင့် မျောလွင့်ခြင်း


"ဟလို..ဟလို... ကိုကိုမောင်လား"

"ဟုတ်ကဲ့ပါခင်များ။ ဘယ်က ဆက်နေတာပါလိမ့်"

"မြန်မာနိုင်ငံကပါ"

"ဘယ်သူပါလဲ ခင်များ"

"အင်းး ဘယ်သူရမှာလဲ၊ နင့်သူငယ်ချင်းလေ။ မမှတ်မိဘူးလား။ ဝေေ၀လေ"

"အော်.. ဝေေ၀လား။ ဘာကိစ္စရှိလို့ ပိုက်ဆံအကုန်ခံပြီး ဖုန်းတွေ ဆက်နေရတာလဲ"

"အခုလို နေ့ကြီးရက်ကြီးမှာ နင်ဘာတွေလုပ်နေတာလဲဆိုတာသိချင်လို့"

"အမ်.. နေ့ကြီးရက်ကြီး "

ကိုကိုမောင်စဉ်းစားခန်းထုတ်နေလေ၏။ (ဓမ္မစကြာအခါတော်နေ့ကလဲ ပြီးခဲ့တာ ကြာရောပေါ့။ အာဇာနည်နေ့လဲ မဟုတ်နိုင်။ ၈လေးလုံးနေ့လဲ ကျော်ခဲ့ပြီ။ စက်တင်ဘာအထိမ်းအမှတ်နေ့လဲ မရောက်သေး။ ဘာနေ့ကြီးရက်ကြီးများပါလိမ့်နော်)

"ဘာနေ့ကြီးရက်ကြီးလေ ဝေေ၀"

"ဟောတော့.. တကယ်မသိတာလား။ မသိချင်ယောင်ဆောင်နေတာလား"

"မဟုတ်တာ ဝေရယ်။ ဟန်ဆောင်နေရဦးမှာလား။ ဒီမှာက အလုပ်တွေရှုပ်လို့ ခေါင်းကိုက်နေရတဲ့ကြားထဲ"

"ဘာအလုပ်တွေရှုပ်နေတာလဲ"

"ဒက်ဇာတေးရှင်းကိစ္စနဲ့ ခေါင်းမီးတောက်နေတယ်။ ဒက်လိုင်းက လှိုင်းလုံးကြီးလို လှိမ့်လှိမ့်လာပြီး အနားရောက်နေပြီ။ အခုအချိန်မှာ ငါ ဘာဆိုဘာမှကို မစဉ်းစားချင်တော့ဘူး။ ခေါင်းတွေလဲ ပူထူနေကုန်ပြီ။ အလည်သွားနေကျ ဘလော့တွေဆီတောင် သိပ်မသွားနိုင်ဘဲ ဖြစ်နေတာ။ သူတို့ကို အားနာနေရတဲ့ကြားထဲ။ နင်က တစ်မှောင့်။ ကဲ.. ကဲ.. ရှည်ရှည်ဝေးဝေး စကားပလ္လင်ခံမနေနဲ့တော့။ တဲ့တိုးကြီးသာ ပြောချလိုက်။ ဒီနေ့က ဘာဖြစ်လို့ နေ့ကြီးရက်ကြီးလို့ ဝေပြောရတာလဲ"

"တကယ်မသိဘူးပေါ့"

"တကယ်ပါဆို။ ငါ စိတ်မရှည်လိုက်တာနော်"

"အော်... နင် ဂေါက်သွားပြီထင်တယ်နော်။ ဒီနေ့က နင့်မွေးနေ့လေ။ ပြီးတော့ မွေးလ မွေးရက် မွေးနေ့ အားလုံးတိုက်ဆိုင်နေတယ်"

"ဟေ.. ဟုတ်လား"

"အင်း.. အဲဒါကြောင့် ဟက်ပီးဘတ်ဒေးလုပ်မလို့ ပိုက်ဆံအကုန်ခံပြီး ဖုန်းဆက်လိုက်တာကို။ တကထဲ။ ပဲ များနေလိုက်တာ။ အင်္ဂလန်က ပြန်လာရင် နင် အဲဒီပိုက်ဆံတွေ ပြန်လျော်ပေးရမယ်"

ကိုကိုမောင်တစ်ယောက် နှစ်တစ်ရာပြက္ခဒိန်ကို လှန်ကြည့်ပြီး ခေါင်းတညိတ်ညိတ်ရှိလေနေ၏

"အေးဟ.. ဟုတ်သားဘဲ။ ဒီနေ့ ငါ့မွေးနေ့ကြီးပါလား။ အံမယ်.. အံမယ်.. မွေးနေ့မွေးရက် ကွက်တိကြီးပါလား"

"ဘယ်နှစ်နှစ်မြောက် မွေးနေ့ပါလိမ့်" ဟု စဉ်းစားကာ ကိုကိုမောင်တစ်ယောက် လက်ချိုးပြီး တိုးတိုးတိတ်တိတ်ကလေး စိတ်ထဲကရေတွက်နေလေ၏။

("တစ်... နှစ်.... သုံး... လေး.......... နှစ်ဆယ်.. နှစ်ဆယ့်တစ်... နှစ်ဆယ့်ခုနစ်.... အင်း.. တော်ပါပြီ။ ဆက်မရေတွက်တာဘဲ ကောင်းပါတယ်။ တော်ကြာ ငါ့ကို အသက်ကြီးကြီး နှုတ်ခမ်းမွေးကြီးနဲ့လို့ ထင်နေကြပါဦးမယ် :D")

"အဲဒါ နင်ဘာကျွေးမှာလဲ"

"ဟာ.. လန့်လိုက်တာဟာ နင်ကလဲ။ ငါ တွေးနေတာလေးတောင် ပျက်သွားပြီ။ ငါက ဘာကျွေးရဦးမှာလဲဟ။ နင်နှင့်ငါက အဝေးကြီးဘဲ ဥစ္စာ"

"ကပ်စေးကလဲ နှဲလိုက်တာ လွန်ရော။ ပါးစပ်ကလေးနဲ့ ကျွေးရမှာတောင် နှမြောနေလိုက်တာ။ အမြင်ကို ကပ်တယ်"

"ငါ ဒီကနေ ပြန်လာမှ အ၀ကျွေးမယ်။ ဒီနေ့တော့ နင်လဲ ငါ့မွေးနေ့မှာ ကုသိုလ်ရအောင် ကိုးပါးသီလခံပြီး ဥပုသ်စောင့် တရားထိုင် ဘုရားစာတွေရွတ်ပေးနော်။ ပြီးတော့ ငါးကလေးတွေ ငှက်ကလေးတွေလဲ လွတ်ပေးဖို့ မမေ့နဲ့ဦး။ ကြားလား။ နင်က လိမ္မာပါတယ် ဟဲ ဟဲ"

"တော်ပီ.. တော်ပီ..။ နင်များဝမ်းသာမလားဆိုပြီး တကူးတကဆက်နေတဲ့ဟာကို။ အစကတော့ နင့်ကို ဟတ်ပီးဘတ်ဒေးတူယူ ဆိုပြီး အကြီးကြီး(အသံအကျယ်ကြီး) ဆုတောင်းပေးမလို့။ အခုတော့ နင်လုပ်ပုံကြောင့် ငါစိတ်ဆိုးသွားပြီ။ ငါ နင့်ကို အဲဒီလောက်ကြီး ဆုတောင်းမပေးနိုင်တော့ဘူး။ ဒါကြောင့် သေးသေးလေး(အသံတိုးတိုးလေး)ဘဲ ဆုတောင်းပေးလိုက်တော့မယ်။ ဟတ်ပီးဘတ်ဒေး တူယူ ပါဒါဘဲ"

"(အင်း... သူကလဲ တစ်မျိုးပါလားနော်) ကျေးဇူးအထူးတင်ပါတယ်ဗျာ။ ဒါဘဲနော်"

"ဂွပ်"

ကိုကိုမောင်တစ်ယောက် သူ မ"ဂွပ်"ခင် အရင် "ဂွပ်" လိုက်ပြီး သူ့ဘာသာသူ စာလုံးအကြီးကြီးဖြင့် အကြိမ်ပေါင်းများစွာ ဆုတောင်းနေလေတော့၏။

"ဟတ်ပီး ဘတ်ဒေး တူမီ ကိုကိုမောင်" (အကြိမ်တစ်သန်းတိတိဆိုရန်) :D

...

27 comments:

  1. ကျွေး...ကျွေး...ရဝူး..ကျွေး...
    မကျွေးမချင်း ထိုင်ကိုစောင့်နေမှာ...
    ကိုကိုမောင့်မွေးနေ့မှာ မုန့်စားရေး...
    ဒို့အရေးး..ဒို့အရေး...
    ခေတ်ပျက်နေတယ်နော်...သိတယ်မလား..။

    HAPPY BIRTHDAY ...KO KO MAUNG

    ReplyDelete
  2. ဟုတ်ပါ့ မွေးနေ့ရော မွေးရက်ရော
    တိုက်တယ်နော်...
    ခွန်လည်း အိမ်ကအစ်ကိုဆီကိုဖုန်း
    မဆက်ရသေးဘူး။
    ဒီ~~နှစ်မြောက်မွေးနေ့ကနေ
    နောက်မွေးနေ့တွေ အများကြီးတိုင်အောင်
    စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ဆန္ဒတွေ
    ပြည့်ဝပါစေ.....

    ReplyDelete
  3. ကိုကိုမောင်ရဲ့ နှစ် ၅၀ပြည့် မွေးနေ့မှသည်
    နောင်နှစ်ပေါင်း ရာကျော် တိုင်ပါစေ..း)
    အင်း နှစ်တမ်း ၁၀၀ နေရမယ်ဆိုရင်တောင် တစ်ဝက်ကျိုးနေပြီဘဲနော်...
    ဘုရားတရား များများလုပ်တော့ ကိုကိုမောင်ရေ...
    ကိုယ့်နောက်ပါအောင် အထုပ်ကလေးပါလေး စုဆောင်းဦး..
    ကဲ... ကျက်သရေဝေဖြာခညောင်းပြီး
    မင်္ဂလာအပေါင်းနဲ့ပြည့်ဝတဲ့ မွေးနေ့ဖြစ်ပါစေ...
    စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒအားလုံးပြည့်စုံပါစေ...
    စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံအောင်မြင်ပါစေသော်....


    ခင်တဲ့
    မချော

    (အပေါ်မှာရေးခဲ့တဲ့ အသက်၅၀ကို လူတွေက နောက်တယ်ထင်နေရင်ဒုက္ခ .. အဲလေ .. တကယ်ထင်နေရင်ဒုက္ခ) :)

    ReplyDelete
  4. ကိုကိုမောင်
    မွေးနေ့မှာပျော်ရွှင်ချမ်းမြေ့ပါစေ။

    အသက်ကအရေးမကြီးပါဘူး။
    နုနေတာပဲဟာကို နော်။

    ReplyDelete
  5. ပျော်ရွှင်ဖွယ်မွေးနေ့ ဖြစ်ပါစေ ....

    ReplyDelete
  6. မွေးနေ့မွေးရက် တိုက်ဆိုင်တဲ့အပြင် လကွယ်ဥပုသ်နေ့နဲ့လည်း တိုက်ဆိုင်တဲ့အတွက် အခါကြီးရက်ကြီးလို့ ပြောလို့ရပါတယ်။
    မွေးနေ့မွေးရက်က တိုက်ဆိုင်ခဲတယ်နော်။ ဘယ်နှနှစ်ပြည့် မွေးနေ့မို့ တိုက်ဆိုင်တာလဲဆိုတာ သိနေတယ်နော် ... :P

    အဲ မွေးနေ့ ဆုတောင်းရအုံးမှာပဲ ... မေ့တော့မလို့ ...
    အဟမ်းးးးးး
    မွေးနေ့ရက်မြတ် ၀ိဇာတ မင်္ဂလာ အခါသမယမှသည် ... နေ့တိုင်း ရက်တိုင်း မင်္ဂလာအပေါင်းနှင့် ပြည့်ဝပြီး ဆက်လက်၍ လောကီ လောကုတ် ကောင်းကျိုးအဖြာဖြာ သယ်ပိုးဆောင်ရွက်နိုင်ပါစေ .... ။
    လျှောက်လှမ်းနေသည့် ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိနိုင်ပါစေ ... ။
    ဂုဏ်သတင်းလဲ ပန်းရနံ့ကဲ့သို့ မွှေးပျံ့ကြိုင်လှိုင်နိုင်ပါစေ ... ။

    ReplyDelete
  7. Birthday နေ့၊ Happy တွေ့၊ ပျော်မွေ့နိုင်ပါစေ၊
    လက်ရှိဇနီး၊ ချစ်မငြီး၊ အပြီးကွာပါစေ၊
    နောက်တစ်ယောက်တွေ့၊ တစ်သက်မေ့၊ အူခွေ့နိုင်ပါစေ၊
    တစ်နှစ်တစ်ယောက်၊ တွေ့တိုင်းကောက်၊ မှတ်ကျောက်တင်နိုင်စေ။
    ကိုကိုမောင်စန်း၊ လန်းထက်လန်း၊ ပွဲကြမ်းနိုင်ပါစေ။

း)

    ReplyDelete
  8. Happy Birthday ပါအစ်ကိုရေ
    မွေးနေ့ မှသည်နှောင်နှစ်ပေါင်းများစွာ
    တိုင်အောင်စိတ်ချမ်းသာကိုယ်ကျန်းမာ
    နဲ့ သာယာပျော်ရွှင်သောဘ၀တစ်ခုကို
    ထူထောင်နိုင်ပါစေသားဗျာ . . . :)

    ReplyDelete
  9. Happy Birthday ကိုကိုမောင်...
    မွေးနေ့မှသည် ဘလောက်မှာ စာတွေ အများကြီး တင်နိုင်ပါစေ...
    ဟီးဟီး ၀တ်ရည်လိုချင်တဲ့ ဆုပေးတာလေ။ ဒါမှ စာများများဖတ်ရမှာပေါ့.... :)

    ReplyDelete
  10. မွေးနေ့ ရှင်ကြီး ကျန်းမာချမ်းသာ ပျော်ရွှင်ပါစေဗျာ
    အထူးဆုမွန်တောင်းလိုက်ပါတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  11. လိုအင်ဆန္ဒများပြည့်စုံပါစေ။

    ReplyDelete
  12. ဟားဟားဟား.....လူဇိုး...

    ဟက်ပီး ဘတ်ဒေးပါဂျာ...

    ReplyDelete
  13. Happy Birthday ပါဗျာ
    ဆက်လက်ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် မျောလွင့်နိုင်ပါစေ..
    မွေးနေ့မှသည် အသက်ထက်ဆုံးတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ။ ကိုကိုမောင်ရဲ့ ရည်မှန်းချက်ပန်းတိုင်လည်း ပြည့်ဝအောင်မြင်ပါစေ။

    ReplyDelete
  14. ပျော်စရာကောင်းတဲ့ နေ့ထူးလေးတစ်ခုပါပဲ...
    အနာဂတ်လှလှ နဲ့ ချိုမြိန်မှုတွေ ..အများကြီး သုံးဆောင်
    နိုင်ရင်း...
    ပျော်ပါစေ..
    *.*.*

    ReplyDelete
  15. ပျော်စရာမွေးနေ့ဖြစ်ပါစေရှင်။
    ယနေ့မှ နောင်နှစ်ပေါင်းများစွာတိုင်
    ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျနိုင်ပါစေ။

    ReplyDelete
  16. ဟဟဟား...
ွHappy birthday အတိုမှောင်
    swe

    ReplyDelete
  17. ဟတ်ပီဘတ်ဒေးတူယူ(အမြှောက်)တသန်း

    ReplyDelete
  18. ပျော်ရွှင်မွေးနေ့ဖြစ်ပါစေ ကိုကို

    ReplyDelete
  19. ပျော်စရာမွေးနေ့ လေးဖြစ်ပါစေ..အဘရေ..
    (အသက်မပြောထားတော့ အဘပဲခေါ်လိုက်တော့မယ် )
    ဟဟဟ... :p

    ReplyDelete
  20. HAPPY BIRTHDAY TO U HAPPY BIRTHDAY U HAPPY BIRTHDAY U KO KO MAUNG HAPPY BIRTHDAY TO U ဖြောင်းဖြောင်း ဖြောင်း လက်ခုပ်သံ
    ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ....
    ဘဝရည်မှန်းချက်ပန်းတိုင်ကို အခက်ခဲမရှိအမြန်ဆုံးရောက်နိုင်ပါစေ....
    သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကိုလည်း ပိုင်နိုင်ပါစေရန်တောင်ဆုပြုပါတယ်ရှင်းးးးးးးးးးး
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ps: နှတ်ခမ်းမွှေးကြီးနဲ့ဦးလေးကြီးလို့ ထင်သွားပြီးD


    ReplyDelete
  21. Happy Birthday ကိုကိုမောင် ပျော်ရွင်ပါစေရှင်.
    By the way ဘယ်နှစ်နှစ်မြောက်လည်းမပါဘူးနော်. . သူကြီးသက်တမ်းကလည်းမနည်းဘူးဆိုတော့ အင်း အနည်းဆုံး Over 60 ဖြစ်ရမယ် :P

    ReplyDelete
  22. ဟက်ပီးဘက်ဒေးပါ..ကိုကိုမောင်ရေ..
    ကဲ..ဘယ်နှစ်မြောက်မွေးနေ့မှန်းမသိတော့။
    တော်သလို..သင့်သလိုပဲ..ဆုတောင်းပေးသွား
    တော့မယ်။
    မွေးနေ့မှသည်....နောင်နှစ်ပေါင်းများစွာတိုင်
    ကိုယ်စိတ်စိတ်နှစ်ပါး..ကျန်းမာချမ်းသာစွာနဲ့
    စာပေအကျိုးကိုဆက်လက်ရေးသားနိုင်ပါစေ။


    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  23. ဟာလို... မစ္စတာ ကိုကိုမောင်..

    မွေးနေ့ရေးတာပဲ.. `ဝေဝေ` တွေ `ဆွေဆွေ`တွေနဲ့ အကြွားပိုရသေးတယ်.. ကောင်လေး သူငယ်ချင်း ဇာတ်ကောင်လုပ်လည်း ရသားနဲ့.. ဒီလိုပါပဲ နိုင်ချန်ငှားမှာနေတာဆိုတော ပဲ များမှ တော်ကန်ကြာာာာာာာာာာာားမှာာာာာာာာာာာာာာာားးးး..။

    မွေးနေ့မွန်ဖြစ်ပါစေလို့..။

    မဗေဒါ (၈၈)

    ReplyDelete
  24. ဟတ်ပီး ဘတ်ဒေး ပါ တဂျီးကိုကိုမောင်ရေ....
    မုန့်မစားရတာတော့ ဆိုးသဗျာ...။

    ReplyDelete
  25. ပျော်ရွှင်ဖွယ်ရာမွေးနေ့ မှ သည် နှောင် အသက် ၁၂၀ ရှည်စေသော် သူကြီး ကိုကိုမောင်!
    သူကြီးမင်းတာဝန်များ ကိုထမ်းဆောင်ယင်း နဲ့လည်း
    သာယာဝပြောပါစေဗျာ။
    ဆုတောင်းပေးလိုက်တယ်နော်။ :)

    ကိုမောင်မောင်
    ခေတ္တ ကဘူး

    ReplyDelete
  26. ကိုကိုမောင်...နောက်ကျသွားတယ်ကွယ်...အမလည်းအရှုပ်တွေ လုပ်နေလို့...:)
    ဟက်ပီး ဘာ့ဒ်ဒေးပါ ကိုကိုမောင်...ယနေ့မှ စ၍ နှစ်ပေါင်း ၁၂၀ တိုင် ပျော်ရွှင်ချမ်းမြေ့ပါစေ.... အမြန်ဆုံး စွံပါစေ...ဒါဘဲ ဂွပ် နဲ့ လွဲပါစေလို့....:)

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။