Friday, 6 August 2010

ကိုကိုမောင်


ကိုကိုမောင်
ပျင်းနေပါတဲ့ ကိုကိုမောင်
ဖျင်းနေပါတဲ့ ကိုကိုမောင်။


ဟိုချောင်မှာ ဟိုကောင်များရယ်နဲ့
ကိုကိုမောင် အိုအောင်ပျင်းလောက်တယ်
မြင်းမို့ရ်နတ်တောင်။


ဘလော့လေးကိုလ
သော့ရေးမကွဲ့ စုတ်တံတင်
ရုပ်သွင်က အလန်း။


ပျင်းစိတ်ရယ်ပို
ကင်းလိပ်လို ဟန်ပိုပိုနဲ့
အမ်အေကို ကြံစည်လိုက်ပုံက
ဘိလပ်မှာ သိမှတ်လောက်ပါရဲ့
ကိုကိုမောင် ပျိုပျိုရှောင်လို့ရယ်
အောင် နိမိတ်မှန်း။ ။


မှတ်ချက်။
ဆရာမင်းသုဝဏ်၏ သပြေညို အလိုက်ဖြင့် ရေးသားခြင်းဖြစ်သည်။ ထိုသပြေညို အလိုက်ဖြင့်ပင် ချစ်မှတ်တိုင် နှင့် ကညာပျို အမည်ရှိ ကဗျာနှစ်ပုဒ်ကို ကျနော်ရေးခဲ့ဖူးသည်။ ။

..

19 comments:

  1. ကိုကိုမောင် ရေ

    ပျိုပျိုရှောင် မှ အောင်ပန်း ရမယ်ဆိုတော့ ဘယ်တန်တော့ မှလည်း

    ဟားဟားးးးးးးးးးးးး

    မြှောက်ပေးခြင်း

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  2. ပျိုပျိုရှောင် ဆိုတာတော့ ယုံတယ်ဗျို့

    ReplyDelete
  3. အောင်စည်ကြီးရွမ်းနိုင်ပါစေဗျာ။

    ReplyDelete
  4. ပျိုပျိုရှောင်ဆိုတော့ အိုအိုတော့ မရှောင်ဘူးဆိုတဲ့သဘောလား ကိုကိုမောင်..
    ဒီလိုတော့ မသင့်တော်ပါ သူကြီး..
    စဉ်းစဉ်းစားစား လုပ်ပါ..း)

    ReplyDelete
  5.ွပ ပီးရင် ဖ ပဲလေ ..ယုံရမှာလား အတိုမှောင်ရဲ့.....:P
    အားပေးလျက်...
    swe

    ReplyDelete
  6. ကိုကိုမောင်..ခေါင်းဆောင်းကြီး..အဲလေ
    ခေါင်းစဉ်ကြီးနဲ့ဆိုတော့..ဘာညားလဲလို့။
    မမချောပြေတာသဘောကျသွားတယ်။
    ဟာဟ..:D.:D.



    ခင်မင်စွာဖြင့်
    ခိုင်နုငယ်

    ReplyDelete
  7. ပျိုပျိုရှောင် မှ အောင်ပန်း ရမယ် ဆိုပဲ
    တယ်ဆိုတဲ့ စာပါလားးးး ဟဟဟ :D

    ReplyDelete
  8. အချိုးအကျလေးနဲ့ ပျိုပျိုရှောင်လို့သုံးသွားတာ သဘောကျ လိုက်တာ ဒါဆို အခုတစ်ယောက်တည်းပေါ့နော်
း)

    မောင်ဘကြိုင်

    ReplyDelete
  9. ဟား ဟား ပျင်းနေတဲ့ ကိုကိုမောင် :P အဲဒီစာသား အကြိုက်ဆုံးပဲ

    ReplyDelete
  10. သဘောတကျနဲ့ပြုံးသွားပါတယ် သူကြီးမင်း ။ :)

    ReplyDelete
  11. တဂျီး...
    ပျိုပျိုရှောင်တယ်ဆိုတာ
    ဟုတ်လို့လား...လို့...

    ReplyDelete
  12. အဟား. . .
    ကောင်းလိုက်တဲ့ အလိုက်ကလေးနဲ့ အချိုး ကာရံလေးပဲ. .
    ပျိုပျိုရှောင်တဲ့ ကိုကိုမောင်ရေ. .

    ( သူများ နာမည်တွေများ တွဲပဲခေါ်ခေါ် ၊ ခွဲပဲ ခေါ်ခေါ် ဂွတ်ပ တိုတိုမောင် တဲ့ အဲလေ :P )

    ReplyDelete
  13. တကယ်ပဲ ပျိုပျိုရှောင်သလား ကိုကိုမောင်..
    ယတြာလေးဘာလေးချေပါလားး))
    အဆောင်လေးဘာလေးလိုရင် မောင်လေးမင်းထက်ကို သာမေး။းP

    ReplyDelete
  14. အစ်ကိုပျိုပျိုရှောင်တာသေချာလို့ လား
    အဟွတ် အဟွတ် အဟမ်း အဟွတ်
    အော်ဒီချောင်းကလည်း ကော်မန့် ပေး
    တာတောင်ဆိုးနေသေးတယ် :D

    ReplyDelete
  15. ပျိုပျိုတွေရှောင်
    ကိုကိုမောင်
    ပျင်းချင်ယောင်ဆောင်
    ကိုကိုမောင်
    ယတြာဆန်းနဲ့
    အောင်ပန်းက
    အလန်းလွန်သကွဲ့။
    ကင်းလိပ်ချောသဏဏ္ဍန်နဲ့
    အင်္ဂလန်က တုံးဖလားမပြန်ခင်
    အနိပ်စားလေးနဲ့ လက်တွဲ
    ချစ်ပွဲဝင်နိုင်ပါစေ။

    ReplyDelete
  16. ကိုကိုမောင်တင်ပေးထားတဲ့ကလေးကလေး အထင်မသေးနဲ့ဆိုတဲ့သီချင်းလေးများရှိသေးရင်လဲ
    ဆက်ပြီးတင်ပေးပါလားဗျာ....စောင့်မျှော်လျက်....
    ကိုသန်းနိုင်

    ReplyDelete
  17. ကိုကိုမောင်
    အပျိုရှောင်
    အိုအောင်နေတော့မယ်ပေါ့..

    ReplyDelete
  18. Yesterday, while I was at work, my sister stole my apple ipad
    and tested to see if it can survive a 25 foot drop, just so she can
    be a youtube sensation. My apple ipad is now broken and she has 83 views.
    I know this is completely off topic but I had to
    share it with someone!

    Feel free to visit my webpage: music

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။