Tuesday, 13 April 2010

မန်းတောင်ရိပ်ခိုချင်ပေမဲ့


သင်္ကြန်မိုးလေးတွေပက်အဖျန်းမှာ
ဟောတော့ လို့ သူအော်ပြီး
ချမ်းတုံချမ်း လှတယ်လေးတဲ့။

ကိုကတော့
သင်္ကြန်ရောဂါတက်နေပြီ
နွေဦးကဗျာ ကျူးရင့်ချိန်မှာ
ညိုမြရေ မင်းဘယ်ဆီရောက်နေလဲ။

တူးပို့ တူးပို့ အသံတွေပျံ့ လွင့်နေတဲ့
နှစ်သစ်မင်္ဂလာ အခုချိန်ခါမှာ
မန်းတောင်ရိပ်ခိုချင်ပေမဲ့လဲ
ပိတောက်တစ်မျက်နှာကြောင့်
ဒီလိုလေးဘဲ နှုတ်ဆက်ပြီး လွမ်းနေတော့မယ်။


မှတ်ချက်။
ဓါတ်ပုံကို ဒီက ယူထားတာပါ။

...

20 comments:

  1. ဘ၀တူတွေပါအစ်ကိုရာ...ပြောချင်တော့ပါဘူး။
    သင်္ကြန်ပြီးတပတ်နေမှ ဂျပန်ကပိတ်ရက်ဆိုတော့
    မနှစ်ကလည်း တေ့လွဲလွဲပြီးပြန်ခဲ့ရတယ်လေ...

    အဟင့်...ပြောရင်းနဲ့တောင် ငိုချင်တယ်

    ReplyDelete
  2. သနားစရာ ကိုကိုမောင်ပါလား....
    ဘဝတူတွေပါ :P

    စိုင်းထီးဆိုင်ပြောသလိုပေါ့
    ဒီတစ်နှစ်တော့ လွဲသွားပြန်ပြီထင်ပါတယ်...

    စိတ်မညစ်ပါနဲ့ တနေ့နေ့ပြန်ခိုကြတာပေါ့...

    နှင်း

    ReplyDelete
  3. တယောက်ထဲ လွမ်းနေ တဲ့ ကိုမောင်ရေ

    သင်္ကြန်လာနှုတ်ဆက်တယ်နော်..

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  4. တူးပို့ တူးပို့ သီချင်းလေးကို နှိပ်လိုက်မိတာ ထွက်လာတဲ့ တီးလုံးသံကြောင့် သင်္ကြန်ကို လွမ်းတဲ့ စိတ်တွေ မနည်း ထိန်းလိုက်ရတယ်ဗျာ။

    သင်္ကြန်ရောက်တဲ့ အချိန်မှာတော့ အဝေးရောက်သူတွေ အားလုံး ဘဝ တူတွေ ပါပဲဗျာ။

    ReplyDelete
  5. ကိုကိုမောင့်ပိုစ့်ကိုဖတ်ပြီး သင်္ကြန်ကိုပိုလွမ်းသွားတယ်။

    ReplyDelete
  6. ကဗျာဆရာကြီးရေ---သီချင်းခေါင်းစဉ်တွေကိုကဗျာတပုဒ်
    ဖြစ်အောင်ရေးစပ်သွားတဲ့အနုပညာကိုတော့ဖြင့်လေးစားပြီး
    ရင်းလေးစားလျှက်ပါခင်ဗျာ-

    ReplyDelete
  7. ဟား - - --
    ထပ်ရေးလိုက်တယ်ဗျာ-စိတ်ကူးကောင်းလိုက်တာဗျာ-
    မြစ်ကျိုးအင်းပြောမှသိတယ်-သီချင်းတွေကိုစိတ်ကျေနပ်စွာ
    နားထောင်သွားပါတယ်-အားလုံးနီးပါးပါခင်ဗျာ-

    ReplyDelete
  8. ရှာပုံတော်မင်းသားကြီး လည်း သင်္ကြန်စာတွေ ရှာဖတ်ရင်း ရောက်လာပါတယ်..း))

    ကဗျာလေး မိုက်တယ်ဗျို့..

    နှစ်သစ်မှ အေးချမ်းပျော်ရွှင်ပါစေ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ကိုရင်နော်

    ReplyDelete
  9. ကိုကိုမောင်ရေ အိုင်ယီယာကောင်းတယ်ဗျို့။ သီချင်းတွေလည်းကောင်းပါတယ် ကွန်နက်ရှင်းကြောင့် နားထောင်ရတာ အဆင်မချောဘူး။
    သင်္ကြန်အကျနေ့ ရေလာလောင်းတယ်နော် ((((ဗွမ်းးးးးးးး)))))
    နှစ်သစ်မှာ စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete
  10. ကဗျာလေးဖတ်ပြီး လွမ်းသွားပါတယ်း)

    ReplyDelete
  11. ကုန်ပြီဗျို့ သီချင်းခေါင်းစဉ်တွေလည်း :P
    အတူတူပါဘဲ သာကော ရေ ညီတို့ လည်း
    ဘူနေတာပါဘဲဗျာ မပျော်ရွှင်နိုင်ပေမဲ့ 
    နှစ်သစ်မှာကံကောင်းခြင်းတွေ ရရှိနိုင်ပါစေဗျာ :)

    ReplyDelete
  12. ဟုတ်တယ်ဗျိုး....
    စိတ်ကူး သင်္ကြန် ...
    ပျော်စရာပါပဲ......

    ဒီတော့ျေပ်ာပါစေ ဆရာပန်းရေ
    *.*.*

    ReplyDelete
  13. ကောင်းလိုက်တဲ့အတွေးးးးး

    မုန့်မကျွေးလို့ ဒီမဏပ် ကဗိုက်မပြည့်ဘူး


    မြတ်နိုး

    ReplyDelete
  14. ရွှေမန်းမာလာလေးတွေလွမ်းတဲ့ထဲမပါပဲကိုး....

    ReplyDelete
  15. ညိုမြ စင်္ကာပူရောက်နေတာတဲ့.... အဟတ်..အဲဒါ ဦးဦးတိုတိုမှောင်ကို လာအကြောင်းကြားတာ....အဟီးးးးး

    ပြောချင်းဘူးးးအိုင်ဒီယာတွေက လန်ထွက်နေတာပဲ...ဂယ်ဖဲ ဂယ်ဖဲ.....

    ReplyDelete
  16. အကိုရေ ကဗျာလေးကောင်းတယ်း)

    ReplyDelete
  17. မလွမ်းပါဘူး ဒါပေမယ့် မုန့်လုံးရေပေါ်တော့လွမ်းတယ် ဟဲဟဲ

    ဗျိုးးး လူဂျီးး နှစ်သစ်မှာ ပျော်ရွှင်ပါစေနာ် ဘိုင် တာ့တာ

    ReplyDelete
  18. အိုး သနားလိုက်တာ သင်္ကြန်ကို မန်းတောင်ရိပ်မခိုနိုင်လို့
    လွမ်းနေ ဆွေးနေသူက ရှိသေးတယ်ကိုး
    အားမလျှော့ပါနဲ့ကွယ်.. နောက်နှစ်နောက်နှစ်တွေ ရှိပါသေးတယ်..
    နှစ်သစ်မှာပျော်ရွှင်ပါစေ ကိုကိုမောင်ရေ...
    အစစ အဆင်ပြေပါစေ မောင်လေးရေ..


    ခင်မင်စွာ
    မချော

    ReplyDelete
  19. မန်းတောင်ရိပ်ခိုချင်ပေမဲ့ 
    ခုတော့ လွမ်းတောင်ရိပ်ခိုနေရတယ်ပေါ့ (သင်္ကြန်ကိုပြောတာပါ)းp
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  20. သယ်ရင်းရဲ့ သင်္ကြန်လွမ်းချင်းလေး က မိုက်တယ်
    မင်္ဂလာနှစ်သစ်ပါ . . .ရုံးပိတ်နေလို့ ခုမှပဲ အလည်လာဖြစ်ပါတယ်....

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။