Friday 26 March 2010

မန္တလေးသားစစ်စစ်ကြီးပါဗျာ ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ်


မန္တလေးသား စစ်စစ်ကြီးပါဗျာ ဆိုတဲ့ တစ်ခန်းရပ်ပြဇာတ်ကို ကြည့်ပြီး မန္တလေးကိုတော့ လွန်းမိသားဗျာ။ မြွေကြီးနှစ်ကောင်ရှိတဲ့ မန္တလေးတောင်၊ ငါးရံ့မင်းရှိတဲ့ ရန်ကင်းတောင်၊ မဟာမြတ်မုနိ၊ မင်းကွန်း၊ အင်းဝ၊ စစ်ကိုင်းတောင် စတဲ့ ရှေးအတိတ်ကို သမိုင်းဝင်အောင်ပြုလုပ်ပေးထားခဲ့ကြတဲ့ နေရာတွေကို ပြန်ပြီး ပြေးမြင်ယောင်နေမိတယ်။ ၀ါသနာအရ ကျနော်သွားခဲ့တဲ့အဲဒီနေရာတွေမှာ ကျနော့်ခြေရာတွေတောင် အခုထိရှိနေဦးမလားဘဲ။

တစ်ခန်းရပ်ပြဇာတ်ကလေးက အရမ်းကိုကောင်းပါတယ်။ အရမ်းလဲ ထိမိပါတယ်။ ၂၃ မိနစ်နှင့် ၅၅ စက္ကန့်အတွင်း မန္တလေးနှင့်ပတ်သက်တဲ့ သမိုင်းတွေကို စုံစုံလင်လင်သိခွင့်ရလိုက်ပါတယ်။ မန္တလေးမဟာမြတ်မုနိဘုရားအကြောင်း၊ မန္တလေးနန်းတော်ကြီးအကြောင်း၊ ဈေးချိုအကြောင်းအစရှိတဲ့ သိသင့်သိထိုက်တာမှန်သမျှကို ကျကျနနရှင်းပြထားပါတယ်။ တကယ်ကြည့်သင့်တဲ့ တစ်ခန်းရပ်ပြဇာတ်ပါ။

ဒါပေမဲ့ မန္တလေးနှင့်ပတ်သက်ပြီး ဒါရိုက်တာ ဦးချစ်စရာ သတိမထားမိလိုက်တဲ့အရာတစ်ခုတော့ ရှိနေသေးတယ်။ အဲဒါကတော့ မန္တလေးသူတွေ သူတို့ကိုသူတို့ ညွန်းဆိုစကားပြောရင် ဘာဖြစ်လို့ ကျနော် ကျနော် လို့ ထည့်ပြီး ပြောရသလဲ ဆိုတဲ့ အကြောင်းပါ။ ကျနော်တို့ မြန်မာလူမျိုးတွေမှန်သမျှ ယောက်ျားလေးဆို သူ့ကိုယ်သူ ညွန်းဆိုရင် ကျနော် ဆိုပြီး ရိုသေလေးစားမှုနှင့်စကားပြောလေ့ရှိတယ်။ မိန်းခလေးတွေကတော့ ကျွန်မ ဆိုပြီး ကျိုးနွံစွာသုံးနှုန်းကြပါတယ်။ ဒါပေမဲ့ အဲဒီ ရိုးရာ အစဉ်အလာကို ဖျက်ပြီး မန္တလေးသူတွေက ဘာဖြစ်လို့ ကျနော် ကျနော်လို့ သူတို့ကိုယ် သူတို့ ညွန်းဆိုရပါလဲ။

အဲဒီ မန်းသူတွေ ကျနော် လို့ပြောရတဲ့ ကိစ္စကို ဆရာဦးချစ်စရာ သတိမပြုမိခဲ့တာလား။ ဒါမှမဟုတ် တမင်သကာ ချန်ရစ်ထားခဲ့တာလားဆိုတာကိုတော့ သူကိုယ်တိုင်မှ သိမှာပါ။ မြွေကြီးနှစ်ကောင်၊ ငါးရံ့မင်း၊ ကျန်စစ်သားခြေရာတွေကို သူပြက်လုံးထုတ်သွားပါသေးတယ်။ ဒါဆိုရင် ဒီ မန်းသူတွေ ကျနော်လို့ပြောတဲ့ အသုံးအနှုန်းကိစ္စကိုလဲ သူ တစ်ခုခုတော့ ပြောခဲ့သင့်တယ်လို့ ထင်ပါတယ်။

ကျနော် ဘလော့ဂ်စပြီး ရေးဖြစ်စက မန်းသူတွေ ကျနော် ကျနော် လို့ ဘာ့ကြောင့်ပြော ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု တင်ခဲ့ဖူးပါတယ်။ မနှစ်တုန်းကပေါ့။ ကျနော်ကိုယ်တိုင်လဲ ကြားဖူးနားဝနဲ့ အဲဒီပို့စ်ကို ရေးခဲ့တာပါ။ တကယ်အမှန်အကန်လား အကြံအဖန်လားဆိုတာကိုတော့ ကျနော် မသိရရိုးအမှန်ပါ။ ကျနော်ရေးခဲ့တာကို ဖတ်ကြည့်ချင်ရင်တော့ ဒီ မန်းသူတွေ ကျနော် ကျနော်လို့ ဘာ့ကြောင့်ပြော ဆိုတဲ့ စာလုံးလေးတွေကိုဘဲ ကလစ်ကြည့်လိုက်ရုံဘဲပေါ့ (ဟဲ ဟဲ ကြော်ငြား))။ ဆရာဦးချစ်စရာ ပမာဒလေခ (ပညာရှိ သတိဖြစ်ခဲ ဆိုသလို) ဖြစ်ပြီး ကျန်ရစ်ထားခဲ့တဲ့ ပါးစပ်ရာဇ၀င်လိုလို၊ ရယ်မောစရာ ဟာသလိုလို အကြောင်းအရာလေးတစ်ခုကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဖတ်ကြည့်ကြပေါ့ဗျာ။ ကျနော် ဘလော့ဂ်စရေးခါစတုန်းက ရေးခဲ့တဲ့ပို့စ်ဆိုတော့ တောင်ရောက်မြောက်ရောက်တော့ဖြစ်မှာ သေချာတယ်။



ပြီးတော့ အပေါ်က ဗီဒီယိုဖိုင်ကိုလဲ အချိန်ရရင် ကြည့်စေလိုပါတယ်။ မကြည့်ရသေးတဲ့ သူတွေအတွက်ပါ။ ကြည့်ပြီးတဲ့သူတွေကို မဆိုလိုပါဘူး။ တကယ်လဲ ကြည့်သင့်ပါတယ်။ ဖိစီးမှုတွေ အလွန်ပေါကြွယ်ဝတဲ့ ခေတ်ကာလကြီးထဲမှာ မန်းသူတွေ ကျနော် ကျနော်လို့ ဘာ့ကြောင့်ပြော ဆိုတဲ့ ကျနော့်ပို့စ်အဟောင်းလေးနှင့် အပေါ်ကဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အတိုင်းအတာတစ်ခုအထိ ရယ်မောချင်စိတ်ပေါက်သွားတယ်ဆိုရင် ကျနော်လဲ ထပ်တူ ပျော်ရွှင်ကြည်နူးမိမှာ သေချာပါတယ်။


မှတ်ချက်။
ဓါတ်ပုံကို ဒီနေရာက ယူပြီး ဗီဒီယိုဖိုင်ကို ငွေအိမ်စံရဲ့အီးမေးလ်ထဲမှာတွေ့တဲ့ လင့်ခ်လေးမှ ယူထားပါတယ်။

...

14 comments:

ရွှေရတုမှတ်တမ်း said...

ဒီတခန်းရပ်ပြဇတ်ကြည့်ဖူးတယ်...ပြန်ကြည့်တော့လဲ ကြိုက်တာပဲ

flowerpoem said...

ပြဇာတ်တော့ကြည့်လို့မရဘူး ဒီက နက်ကမကောင်းဘူးလေ ဒါပေမယ့်အပြင်မှာ ရှာကြည့်လိုက်အုံးမယ် ရီရတယ်ဆိုလို့

ခွန်သဒ္ဒါ said...

ကြော်ငြာကောင်းလို့လားမသိဘူး
"ကျနော် ကျနော်လို့ဘာ့ကြောင့်ပြော"ကိုပါ
ဖတ်လိုက်ပြီ။ပြဇာတ်ကတော့ အိမ်ရောက်မှ
ကြည့်တော့မယ်။
အင်း...မှန်မမှန်တော့မသိပေမယ့်
ပြုံးတော့ပြုံးမိတယ်။
မင်းတုန်းမင်းကြီးနှယ့်.......

မြစ်ကျိုးအင်း said...

တခန်းရပ်ပြဇတ်က မနေ့ကပဲ ကြည့်လိုက်ရတယ် ထေ့လုံး ရိလုံးလေးတွေနဲ့ အင်မတန်သဘောကျတယ် ။ ပျက်လုံးကောင်း လေးတွေပဲ။
ကျနော်လို့ပြောတဲ့ အကြောင်းတော့ ပုံပြင်ကြား ဖူးတယ်။

လင်းကြယ်ဖြူ said...

လက်စသပ်တော့ ဒီလိုကိုး..ခင်ဗျ...း )

ဝက်ဝံလေး said...

အိမ်းးး ကြည့်ဖူးတယ်ကွဲ့
ရယ်ရတယ်နော် ဟဲဟဲ

သုခုမလေဒီ said...

ကိုကိုမောင်ရေ..ကွန်နက်အခက်အခဲကြောင့် ခဏပဲကြည့်လို့ရလိုက်တယ်။ မန္တလေးသူတွေရဲ့ ကျနော် လို့သုံးနှုန်းတာတဲ့အကြောင်းလေးဖတ်ရလို့လည်း ပြုံးမိသေးတယ်။း))

နှင်းဟေမာ said...

နှင်းဟေမာ က မန်းလေးကို ချစ်လို့ထင်ပါရဲ့ မန်းလေးနဲ့ ပတ်သတ်တဲ့ စာလေးတွေဖတ်ရတိုင်း မန်းလေးကို ပိုပြီးလွမ်းမိတယ် ...။ငယ်ငယ်က ဆိုနေကျသီချင်းဖြစ်တဲ့
<<<<< ကျနော့လို့ မန်းရွှေမြို့သူ လွမ်းစေဖို့အပူပေးခဲ့တယ် ဆိုရင်လဲလေ... ခင်ဗျားတစ်ယောက်သာပဲ ဟာသမြောက်လို့ နေမယ်လေ ...>>ဆိုတဲ့ စာသားလေးတာင် ပါးစပ်ကနေ အမှတိတမဲ့ ဆိုမိသွားတယ် ...းD

ဇွန်မ said...

ပြဇာတ်လေးကို ကြည့်သွားတယ် အကိုရေ တော်ပါသေးတယ် မီးကမပျက် ကွန်နက်ရှင်က အိုကေနေလို့ ရီစရာလေး မျှဝေတာ ကျေးဇူးပါး)

ဂျစ်တူး ( မုံရွာ ) said...

ကိုကိုမောင်ရေ---
ကျွန်မ ပြောတာကိုတော့အဖွားတွေပြောပြတာလေးရေးပြ
ပါမယ်နော်-မှန်မမှန်တော့သေခြာလေ့လာသင့်တယ်ဗျ-
သီပေါမင်းပါတော်မူသွားပြီးနောက်ပိုင်းမိန်းကလေးတွေက
ကျွန်မ အစား ကျွန်တော်လို့ ပြောပါတယ်တဲ့-ကျွန်မ လို့ ပြောတာလူတန်းစားနိမ့်တဲ့ကျွန်မ(အခိုင်းအစေ)တွေအသုံးအနှုန်းကိုဆက်မသုံးချင်ကြတော့လို့ ပြောပါတယ်-အဲဒီကနေကာလဋ္ဌကာ - - -
လာတော့ ကျနော် လို့ ဖြစ်သွားတာပါတဲ့ ဗျာ-

မြတ်နိုး said...

ကျနော်က မန္တလေးသူ မဟုတ်ဘူး ကျနော်လို့ပဲသုံးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မဆိုတာ ကျွန်လို့ ငယ်ငယ်က သူငယ်ချင်းတယောက်နဲ့ပြောမိပီး လုံးဝကျွန်မ လို့မသုံးဘူး
သုံးခဲ့ရင်လည်း ကျမလို့ပဲသုံးတယ်။

ကျနော်ပြန်ပီ...

Anonymous said...

First of all I want to say wonderful blog! I
had a quick question that I'd like to ask if you don't mind.
I was curious to find out how you center yourself and clear your mind before writing.
I have had a difficult time clearing my mind in getting my thoughts out
there. I truly do enjoy writing but it just seems like the first 10
to 15 minutes tend to be lost just trying
to figure out how to begin. Any suggestions or hints?
Cheers!

Also visit my homepage; music

Anonymous said...

Hello terrific blog! Does running a blog similar to this require a large amount of work?
I've virtually no understanding of coding however I had been hoping to start my own blog in the near future. Anyhow, should you have any suggestions or tips for new blog owners please share. I understand this is off subject however I just had to ask. Kudos!

Also visit my web page http://cotr-social.cotr.bc.ca/gallery/campus/ourregion/lake-and-mountains.jpg.php

Anonymous said...

electronic cigarette reviews, buy electronic cigarette, electronic cigarette reviews, electronic cigarette, electronic cigarette starter kit, electronic cigarette