Thursday, 18 March 2010

ရင်လေးမိခြင်း


ချက်ရေး ပြုတ်ရေး
ဤနှစ်ရေးထက်

စားရေး သောက်ရေး
ဤနှစ်ရေးထက်

သွားရေး လာရေး
ဤနှစ်ရေးထက်

ချစ်ရေး မုန်းရေး
ဤနှစ်ရေးထက်

တိုက်ရေး ခိုက်ရေး
ဤနှစ်ရေးထက်

ခွဲရေး တွဲရေး
ဤနှစ်ရေးထက်

အက်ဆေး အရေး
ပိုရင်လေး၏။

...

15 comments:

  1. အက်ဆေးဆိုတာကိုရှင်းပါ။

    ReplyDelete
  2. ရင်လေးရင် အကိုကြယ်ရဲ့ ဘလော့ဂ်မှာ ဖြေလျှော့နည်းလေး ပြေးတောင်းလိုက်ပါလား အကိုရဲ့း)

    ReplyDelete
  3. မမကွန်..
    http://en.wikipedia.org/wiki/Essay
းဝး ၀းးဝ
    ..

    ဇွန်မရေ...
    ညီမအကြံပေးချက်အတိုင်း ဆရာကြယ်ဆီ တစ်ခေါက်ပြေးကြည့်လိုက်ဦးမယ်။

    ReplyDelete
  4. တရားများများနာလိုက်ပါ ...
    တရားစကားက ကြားပါများက စိတ်ထားဖွေးလက် သိဥာဏ်ထင်၏ ဆိုသလိုပဲ စာတွေမရနိုင်လောက်တော့ဘူးလို့ ရင်လေးမိတိုင်း
    တစ်ခုခုကို လုပ်ရတာခက်နေတိုင်း ဖြေဆေးလေးတစ်ခုရထားလို့ လာပေးတာပါးD
    ခင်မင်လေးစား ...

    ReplyDelete
  5. စိတ်မပူပါနဲ့လေ..
    ရင်လေးခြင်းဆိုတာရှိမှ
    ရင်မလေး ရတဲ့ အရသာကို သိတော့မပေါ့..
    လေးလို့ကောင်းတုန်း လေးထားနော်...း )
    မဇွန် တို့က ရင်လေးနေတဲ့သူ ကို ပြေးခိုင်း နေပါလား.....း )
    နောက်တာပါ ဆရာပန်းရေ
    အားလုံးအဆင်ပြေ လို့
    ပျော်ပါစေ
    *.*.*

    ReplyDelete
  6. essay ရေးချင်လို့လား အကူညီပေးမယ်လေ ဟက်
    ဒီလိုရေးလိုက်
    My name is Ko Ko Maung. I am from Burma which is near Thailand and China. My parents are U ... and Daw ..... I am studying at ..... Uni. I am 35 years old and single. I like sleeping, eating and chatting.
    အဲဒါပဲပေါ့ ပြီးနေတဲ့ဟာကို A* တောင်ရသွားဦးမယ် ရေးလိုက်ပါ ရေးလိုက်စမ်းးးဘာာာာာာ

    ReplyDelete
  7. "ရင်လေး"ကို "မိ"ထားရင်
    ပြန်လွတ်ပေးလိုက်အစ်ကို ...သူ့အိမ်ကလိုက်လာနေပြီ။ သူကလည်းလေ....ဓါးမြလို့မပြောရဘူး.... :P

    ခွန်

    ReplyDelete
  8. သူ့ရှင်းခိုင်းပါမှ wiki ကြည့်ခိုင်းနေတယ်..
    မှားပါတယ်ဂျီးတော်ရယ်..

    ReplyDelete
  9. အင်္ကျီထူ၂တွေ မ၀တ်နဲ့ သယ်ရင်း အဲဒါဆို ရင်လေးတာ လျော့သွားလိမ့်မယ် :P

    ReplyDelete
  10. အက်ဆေးအရေးဆိုတာ ဘာလဲဟင် ....

    မသိလို့ပါ ....

    ReplyDelete
  11. ကိုကိုမောင်ရေ
    အက်ဆေးကို မြန်မာလိုရေးလို့ရလားဟေ
    ဒါဆိုကူရေးပေးမယ်လေ..
    အင်္ဂလိပ်လိုတော့ လာမရေးခိုင်းနဲ့နော်..
    ၁၀တန်းတုန်းက အင်္ဂလိပ်စာကို ၃၉မှတ်
    Moderation နဲ့ကပ်အောင်လာတာမို့
    ကူညီချင်ပေမဲ့
    အားတော့မကိုးလေနဲ့ကွယ်..

    ReplyDelete
  12. အက်ဆေးရေးကူမဲ့ အင်္ဂလန်သူအပျိုချောကို ရှာမထားဘူးလား..

    ReplyDelete
  13. ၂၀၁၀ ရွေးကောက်ပွဲထက်တောင် အရေးကြီးတယ်လားဗျား)

    ReplyDelete
  14. ဘာများဆက်လာမလဲ
    ဆက်ဖတ် ဆက်ဖတ်ရင်းနဲ့

    အက်ဆေးဟူဘိ ထိုငတိသည်
    မရေးမကောင်း ရေးမှကောင်း၏
    အဟောင်းစာအုပ် ရှာဖတ်ပါ...

    ReplyDelete
  15. ဘာရေးညာရေးတွေလာဖတ်သွားပါတယ်ရှင်းးးးးးးး
    ဖတ်ပြီးခေါင်းလေးလိုက်တာနော်
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။