Sunday, 7 March 2010

ကညာပျို


ကညာပျို
ရွှန်းလဲ့ပါတဲ့ ကညာပျို
လွမ်းဖွဲ့ပါတဲ့ ကညာပျို။

သူ့မူယာ ကြူကာလျှမ်းပါတဲ့
ကညာပျို ပျိုစင်ဖျန်းကိုလ
နမ်းရှိုက် ရင်ဖို။

လှမ်းအပွေ့ မှာလ
ဆန်းအတွေ့ကြောင့် ဘ၀င်ပျော်
တွေးခေါ်မိ စိတ်မှန်း။

ဆွေ့မြူးစရာ
တွေ့ထူးမှာ ဟန်မာယာနဲ့
ပျို့ အချွဲမှာ ကိုယ့်သဲလှိုက်သမို့
ယှဉ်တွဲကာ ကြင်ဆဲမောင်နှံသို့
ကညာပျို ဇရာအိုဆုံးထိအောင်
မမုန်းကြစတမ်း။

မှတ်ချက်။
(ဆရာမင်းသုဝဏ်ရဲ့ သပြေညို အလိုက်ဖြင့်) ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်။

...

10 comments:

  1. ကိုမောင်-
    ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
    ကဗျာကိုလည်းကြိုက်တယ်-
    နှင်းဆီပန်းကလေးကိုခိုက်တယ်-
    ကိုမောင်ကိုယ်တိုင်ရိုက်ထားတာလားဟင်-

    ReplyDelete
  2. ကညာပျို ကို ဇရာအိုတဲ့ အထိတောင် မြတ်နိုးမယ့်
    သဘောလား ..ကိုယ့်ဆရာရေ...
    အဆင်ပြေပါလို့
    ပျော်ပါစေ
    *.*.*

    ReplyDelete
  3. ကောင်းလိုက်တဲ့ ကဗျာလေး
    မမုန်းပဲ ချစ်နိုင်ပါစေဆုတောင်းပေးလိုက်ပါတယ်
    သာယာချမ်းမြေ့ပါစေနော်။
    မိုး

    ReplyDelete
  4. အ၇မ်းကောင်းတယ်..ဒီကဗျာ..


    မမမြတ်နိုး

    ReplyDelete
  5. အတွေးတွေက လန်းလှချည်လား
    ရေးဖွဲ့နိုင်စွမ်းအားကို ချီးကျူးအားကျမိပါတယ်..
    ရေးဖွဲ့ထားတဲ့အတိုင်း
    ကညာပျိုလေးကို ဇရာအိုတဲ့အထိ
    ပေါင်းနိုင်ပါစေကြောင်း
    ဆုတောင်းပေးသွားပါတယ်...

    ReplyDelete
  6. ကညာပျို ကဗျာ ဖတ်ပြီးပြီ . . .

    ReplyDelete
  7. လက်စွမ်းကထက်ပါဘိ စာတစ်ကြောင်းခြစ်တာနဲ့ ဖတ်ကောင်းတဲ့ ကဗျာတစ်ပုဒ် ထွက်လာတယ်နော်း)

    ReplyDelete
  8. စပ်တတ်တယ် ကဗျာ၊
    ချစ်တတ်တယ် ကညာ။
    ဆုတောင်းပေးတယ် ဝေးကွာဘေးဘယာ။
    ဖတ်ချင်သေးတယ် နောက်ထပ် ကဗျာ။

    ReplyDelete
  9. ကညာပျိုလေးရေ ဇရာအိုကြီးလာတယ်ဟေ့

    အဲဒီလို အဖွဲ့အနွဲ့မျိုး မြင်ရခဲသွားပြီ

    ReplyDelete
  10. အဲလူဂျီးက ကဗျာပဲ စပ်နေတာပဲ ဟွင့်
    ဘာဖစ်ရဲ ကညာပျိုက

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။