Saturday, 6 March 2010

ဂြိုဟ်


ဂြိုဟ်ခွင် ဂြိုဟ်နှုတ်၊ ဂြိုဟ်စုပ် ဂြိုဟ်ညံ့
ဂြိုဟ်မသန့်က၊ ဂြိုဟ်ကန့်လန့်တိုက်
ဂြိုဟ်မိုက် ဂြိုဟ်မဲ၊ ဂြိုဟ်ငနဲတို့
ဂြိုဟ်ထဲရောက်ပြီး၊ ဂြိုဟ်စီး ဂြိုဟ်နင်း
ဂြိုဟ်တိမ်ဖျဉ်း၍၊ ဂြိုဟ်ချင်း ယှဉ်ပြီး
ဂြိုဟ်ရန်ကြီး၏။

ဂြိုဟ်ကြီးကိုးလုံး၊ ဂြိုဟ်ဖြင့်ဖုံးကာ
ဂြိုဟ်မုန်း ဂြိုဟ်မှောင်၊ ဂြိုဟ်ကောင် နှိပ်စက်
ဂြိုဟ်တွေသက်ပြီး။ ဂြိုဟ်ပျက်တစ်စွာ
ဂြိုဟ်မာယာတည့်။

ဂြိုဟ်ညစ်ရိပ်မှောင်၊ ဂြိုဟ်ကိုရှောင်ပြီး
ဂြိုဟ်အောင်နိမိတ်၊ ဂြိုဟ်အတိတ်ဖြင့်
ဂြိုဟ်တံဆိပ်ခတ်၊ ဂြိုဟ်မြတ် ဂြိုဟ်ကောင်း
ဂြိုဟ်အောင်ကြောင်းကို၊ ဂြိုဟ်မောင်း မင်္ဂလာ
ဂြိုဟ်ကမ္ဘာမှာ၊ ဂြိုဟ်အောင်ရာဟု
ဂြိုဟ်တွေစုပြီး၊ ဂြိုဟ်တုဖယ်ရှား
ဂြိုဟ်ကောင်းထားသည်၊ ဂြိုဟ်များသည့်ထက်ကောင်းစေသော်။


...

11 comments:

  1. ကိုကိုမောင်က
    ဂြိုဟ် အကြောင်းတော်တော်သိတယ်

    ReplyDelete
  2. ဟယ်...ဘုရားကိုးဆူဆရာရွတ်ဖို့တောင်..ဂြိုဟ်ချန်မထားပါလား..

    ReplyDelete
  3. ဟယ် .. ဂုဏ်ကြီးရှင်ကနေ
    ဗေဒင်ဆရာဖြစ်သွားပြန်ပြီ...
    ဒီလဂြိုလ်စီးဂြိုလ်နင်း ညံ့နေပါတယ်ဆိုမှ.
    ဝြိုလ်သွားဂြိုလ်လာကောင်းအောင် လုပ်ပေးပါဦးဆရာရယ်..
    ဘယ်လိုယတြာမျိုးလေးလုပ်ရင် ဂြိုလ်ညံ့တွေပြေပျောက်မလဲ.
    အားကိုးပါရစေ......

    ReplyDelete
  4. ဘာဂြိုလ်ကျန်သေးလည်း သယ်ရင်း :P

    ReplyDelete
  5.ဲဂြိုလ် ဖွဲ့ လေးကို လာခံစားရင်း
    အာကသထဲ ကို ခဏ မျောသွားသလို ဖြစ်သွားတယ်..
    ကောင်းလိုက်တဲ့ အဖွဲ့ လေးဗျာ....
    ပျော်ပါစေ
    *.*.*

    ReplyDelete
  6. eek ဂြိုဟ်တွေ တော်တော်စုံပါ့လား

    ReplyDelete
  7. ခုတလော စကားလုံး အထပ်တွေကို သဘောကျနေပုံရတယ်.. :P

    ReplyDelete
  8. ဂြိုဟ်အကြောင်းသိကောင်းစရာပါလား။
    တော်ကြာ ဂြိုလ်သားပါဆင်းလာနေအုံးမယ်း))

    ReplyDelete
  9. ဋ္ဌေသာ် - - -
    ခုမှဘဲဂြိုလ်တွေအခေါ်အဝေါတွေသိတော့တယ်-
    ကျေးဇူးပါဗျာ-
    ဂြိုလ်ကောင်းတွေလာပါစေ-ဂြိုလ်ညံ့တွေပြောက်စေသောင်

    ReplyDelete
  10. ဟုတ် ဒီပိုစ့် က ဂြိုဟ်သုတေသန ကိုလာဖတ်သွားကြောင်း
ဲဂြိုဟ် ၀င်လာပြီး ဂြိုဟ်ပြန်ထွက်သွားပါတယ်းp
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  11. အဟင်းဟင်း။
    တော်တော်မိုက်တဲ့ ဂြိုလ်ကဗျာပဲ။
    အကြောင်းအရာကော။
    ကာရံကော၊
    ဖတ်ပြီး ထပ်ထပ်ဖတ်မိတယ်။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။