Tuesday, 2 March 2010

ဂုဏ်


ဂုဏ်ကို ဂုဏ်လွှမ်း၊ ဂုဏ်ညစ်ညမ်း၏။
ဂုဏ်ကို ဂုဏ်ပြိုင်၊ ဂုဏ်စစ်ယိုင်၏။
ဂုဏ်ကို ဂုဏ်ဖုံး၊ ဂုဏ်ဖြစ်ရှုံး၏။
ဂုဏ်ကို ဂုဏ်တု၊ ဂုဏ်မပြုသင့်။

ဂုဏ်တစ်ခုကို၊ ဂုဏ်ပြုလိုလျှင်၊
ဂုဏ်ကိုချီးကျူး၊ ဂုဏ်ကျေးဇူးဖြင့်၊
ဂုဏ်ထူးဆောင်ကာ၊ ဂုဏ်ကိုရှာလော့။

သူ့ဂုဏ်ဖော်ဆောင်၊ ကိုယ့်ဂုဏ်အောင်ပြီး၊
ဂုဏ်ရောင်ထိန်ဝါ၊ ဂုဏ်လင်းရာဖြင့်၊
ဂုဏ်ဝါလင်းရောင်၊ ဂုဏ်တောက်ပြောင်၏၊
ဂုဏ်ဆောင်သူများ၊ ဂုဏ်ကျိုးအားကြောင့်၊
ဂုဏ်များတိုးမြှင့်၊ ဂုဏ်တွေဆင့်ကာ၊
ဂုဏ်တင့်စေလို၊ ဂုဏ်ပြုဆိုသည်၊
ဂုဏ်ပျိုနုလို့ လင်းစေသတည်း။ ။

...

11 comments:

  1. ဂုဏ်ကြီးရှင်ရေ
    ဂုဏ်ဂုဏ်ချင်းထပ်ပြီး
    မတ်တပ်ရပ်လို့ အိပ်များပျော်နေသလား
    ဂုဏ်စော်တွေနံနေပြီး ဂုဏ်ပုဒ်တွေများလွန်းတဲ့ဒီကဗျာကို
    ဂုဏ်ရှိအောင် ဆိုပြီး
    ရေးလေသလား..
    ဘာလဲဖြစ်ဖြစ်
    ဂုဏ်သိက္ခာရှိရှိဖတ်ပြီး
    ဂုဏ်ကျက်သရေနဲ့ ပြန်သွားပြီနော်..
    ဂုဏ်ဓနတောမှာ ပျော်ပါစေ................... :)

    ReplyDelete
  2. ဂုဏ်တွေ ပြည့်နေတဲ့ ဂုဏ်ကဗျာ ကို
    ဂုဏ်ယူစွာ ဖတ်ရင်း
    ဂုဏ်...ဂုဏ်...ဂုဏ်....ဆိုတဲ့ သီချင်းလေးကို
    သတိရမိသွားတယ်....
    သေသပ် အကွက်စေ့ တဲ့ ကဗျာလေးပါပဲ..
    ပျော်ပါစေ ဘော်ဒါရေ
    *.*.*

    ReplyDelete
  3. "ဂုဏ်" တဲ့ ကောင်းလိုက်တဲ့ ကဗျာလေး ဖတ်လို့ကောင်းတယ်...အနှစ်မိပါတယ် သယ်ရင်းရေ

    ReplyDelete
  4. "ဂုဏ်" ကဗျာလေးဝင်ဖတ်ရင်း မန့်ထားတဲ့ သူတွေရဲ့ စာသားလေးတွေပါ ဖတ်မိတယ် အတွေးအခေါ် အရေးအသားလေးတွေကို အားကျ မှတ်သား သွားတယ်အကိုရေ :)

    ReplyDelete
  5. ဟုတ် မှတ်သားသွားပါကြောင်း
    ခုတလော အလွမ်းတွေပဲ ဖတ်နေရတာ ဂုဏ်ဗျာလေးတော့  တမူထူးခြားသွားပြန်ပြီ။
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  6. သူ့မိဘကြီးက ဘာပြောလိုက်လို့လဲ
    (နောက်တာနော်)

    ReplyDelete
  7. ဂုဏ်ကဗျာလေးနဲ့အတူ ကဗျာပိုင်ရှင်ကို လေးစားမိရင်း ဂုဏ်ယူကြောင်းလာပြောတာပါ
    မြန်မာကဗျာလေးတွေ ဂုဏ်တင့်သထက်တင့်အောင် ဆက်လက် ရေးသားသွားနိုင်ပါစေ...
    ခင်မင်စွာဖြင့်
    မနှင်း

    ReplyDelete
  8. ဂုဏ်တုဂုဏ်ပြိုင်၊ ဂုဏ်ရည်မတူ ရုပ်ရှင်ဇာတ်ကားနာမည် တွေလားမသိဘူး ။း)) သိသလောက်ဝင်ပြောတာ
    အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  9. ဂုဏ်ကဗျာလည်း၊ ကောင်းတာပဲ။
    သိပ်ကိုကဗျာစပ်ကျွမ်းကျင်တယ်နော်။
    ကျွန်မမှာ မြန်မာစာ၊မြန်မာစကားကို၊ မနည်းကို အားယူပြီး ရေးရပြောရလို့၊
    သိပ်ကိုအားကျမိပါတယ်။

    ReplyDelete
  10. Hello! I hope you do not mind but I decided to publish your blog: http://www.

    blogger.com/comment.g?blogID=7609397484304819032&postID=731132168694171491
    to my internet directory website. I used, "Blogger: ကိုကိုမောင် (ပန်းရနံ့)" as your blog title.
    I hope this is acceptable with you. In the event you'd like me to change the title or perhaps remove it completely, contact me at donnie_tompkins@care2.com. Thanks for your time.

    Feel free to visit my homepage; dubstep

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။