Sunday, 28 February 2010

အဆင်ပြေပါစေ


အလုပ်တစ်ခု၊ အကြောင်းပြု၍
တစ်ခုခရီး၊ သွားပြီးဖြေရှင်း၊
သူ့ရည်ချင်းကို၊ ရှင်းရှင်းယုံငြား
ငါ့စိတ်အားမူ၊ သနားငဲ့ညှာ
ကိုယ်ချင်းစာသည်၊ ချမ်းသာအပြည့်ရှိပါစေ။

မိုးကအေးအေး၊ ဟိုဒီတွေး၍
လွမ်းရေးဆင့်ကဲ၊ ဗျာပါကဲသည်
ချစ်သဲအဆင်ပြေပါစေ။

တိမ်တောင်ညိုမဲ၊ မိုးရွာသဲလည်း
ရင်ထဲဆူလောင်၊ စိတ်ဘောင်ဘင်ခတ်
တစ်ခြားရပ်မှာ၊ တတ်သည့်ပညာ
မနေသာ၍၊ သွားကာလုပ်နေ
သူ့အခြေသည်၊ အောင်မြေအတိပြီးပါစေ။

...

8 comments:

  1. ပျော်ရာမနေ တော်ရာနေ ဆိုသလိုမှတ်ပါခင်ဗျာ
    ဒီနေ့ ကြိုးစားရင်း ခွဲ နေရတယ်ဆိုတာ
    နောက်နောင် မှာ ပျော်စရာတွေ အတွက် အရင်းမဟုတ်ပေလား....
    သို့သော်လည်း ခံစားချက်ကို နားလည်ရင်း အမြန်ဆုံး
    အဆင်ပြေ လို့ အားလုံး
    ပျော်ပါစေ
    *.*.*

    ReplyDelete
  2. ချစ်သဲအဆင်ပြေပါစေ...
    ဟဲ...
    ငါ့အစ်ကိုနဲ့အတူ
    ကူပြီးဆုတောင်းပေးတယ်နော်။

    ReplyDelete
  3. ချစ်သဲအဆင်ပြေပါစေ...
    ဟဲ...
    ငါ့အစ်ကိုနဲ့အတူ
    ကူပြီးဆုတောင်းပေးတယ်နော်။

    ReplyDelete
  4. သူငယ်ချင်း ရေ
    ကဗျာလာဖတ်တယ်

    ReplyDelete
  5. ကဗျာကောင်းလေး တစ်ပုဒ် ဖတ်သွားတယ်အကိုရေ

    ReplyDelete
  6. ဒီကဗျာဖတ်ပြီး ကာရံယူထားတာလေးကို စဉ်းစားနေတာ
    ဆရာကြီးတစ်ယောက်ရဲ့ ကာရံယူပုံလေးနဲ့တူတယ်
    ကိုကိုမောင်က ကဗျာစပ်နည်းတွေ အတော်ကျွမ်းကျင်တာဘဲ
    အားကျလိုက်တာ...

    ReplyDelete
  7. ပျောက်နေတဲ့သော့ ဒီမှာလာတွေ့ပြီး))

    ReplyDelete
  8. စေတနာတွေနဲ့ ဆုတောင်းပေးနေသူ။
    ဆုတောင်းပေးခံရသူ နှစ်ယောက်၊
    ပိုပြီး အဆင်ပြေပါစေလို့ ၊
    ထပ်ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။