Wednesday, 24 February 2010

ဘယ်လိုပြောရပါ့မလဲ ???


ချစ်သူစိတ်ဓါတ်၊ လွန်လွတ်လပ်ဖို့
သင့်အပ်နေရာ၊ သူသွားတာကို
ဣဿာ မစ္ဆေ၊ မဖြစ်ပေဘူး
"သွားလေ သွားလေ"၊ ငါဆိုချေသော်
"ချစ်တွေယိုယွင်း၊ လျော့ပြိုဆင်းလို့
လင်းတ ထိုးပြီး၊ ကျီးချီယူစား

ပစ်ရက်အားတယ်၊ သနားမညှာ
ညှာတာမထောက်၊ ပေါက်လွတ် ပဲစား
သဘောထားတယ်"
တဲ့။


ဟိုနား ဒီနား၊ ဆင်ခြင်သွားဖို့
သနားညှာတာ၊ စိုးရိမ်စွာဖြင့်
စဉ်လာအရ၊ တင်ကာပြသော်၊
သူ့အာဘော်ကား၊ "ပျိုဖော်အရွယ်
သက်ငယ်မဟုတ်၊ မရှုပ်မလည်

မချုပ်ခြယ်နဲ့၊ ကျုပ်မငယ်တော့ဘူး

နားထားဦး"
တဲ့။


ကဲဗျာ..
အထားစကာ၊ အထာစကား
ငါနားမလည်ဘူး၊ ဘယ်ဝယ် ဘယ်သို့
ဘယ်သို့ ဘယ်ပုံ၊ ဘယ်ပုံ ဘယ်နည်း
ဘယ်နည်း ဘယ်ဆီ၊ ဘယ်ဆီ ဘယ်သွား
စကားကြီးဆယ်ခွန်း၊ ငါ့မှာထွန်းလဲ
ဆယ်ခွန်းလုံးပယ်၊ ရောင်လယ်လယ်ဖြစ်
ငါ စိတ်ညစ်တယ်၊ ချစ်သူတွေကြား
ပြောစကားကို၊ သိထားသူတွေ
ကူညီစေလို၊ တောင်းကာဆိုသည်
ငါ့ကို နည်းပေးကြပါလှည့်။ ။


အမှာစာ။
ကဗျာထဲမှာ ငါ ဆိုတဲ့ ဝေါဟာရကို သုံးစွဲလိုက်တဲ့အတွက် ရိုင်းသွားသလိုဖြစ်ရင် စာဖတ်သူအားလုံးကို တောင်းပန်ပါတယ်။ ကာရန်ဦးစားပေးပြီးရေးရလို့ ပါ။ နဲနဲတော့ ရိုင်းနေသလိုဘဲးဝ( ။


...

12 comments:

  1. ဆရာပန်း ရေ...အဲ့ဒါနေမယ်ဗျ
    မြစ်တို့၏မာယာ ဆိုတာလေ...း )
    ပျော်ပါစေ
    *.*.*

    ReplyDelete
  2. အခုတလော ဒီလူဂျီး ဘာဖြစ်နေလဲမသိဘူး ကဗျာတွေချည်း လှိမ့်တင်နေယ် ဧကန္တတော့ အေကနပဲဟေ့ ဟိဟိ

    ReplyDelete
  3.ိရေးကွာ ရင်ထဲဖြစ်နေတာတွေရေးချပြစ်လိုက်
    ကိုယ်လည်းအဲလိုဘဲ-
    နည်းလိုချင်တယ်-
    ရရင်ပေးအုံးနော်-
    ဂျစ်တူးလည်းလှည့်ရှာလိုက်အုံးမယ်-
    ရရင်ပြောမယ်-

    ReplyDelete
  4. ခံစားချက်အစစ်အမှန်တွေပေါ်လာတာဘဲဖြစ်ရမယ်
    ခုတစ်လော သိပ်ခံစားရလွန်းလို့ ပေါက်ကွဲလာတာဖြစ်ရမယ်
    ကိုကိုမောင်ရေ..
    အစ်မတို့လဲ ဘလောဂ့်ဝင်မရလို့ စိတ်ညစ်နေတာ
    ကိုကိုမောင်လို့ ပေါက်ကွဲမှ ထင်တယ်.. ဟီဟိ
    နောက်မှ စာတွေလာဖတ်တော့နော်..
    ခုတော့ ဘလောဂ့်က အိပ်ပျော်နေတယ်..

    ReplyDelete
  5. ရင်တွင်းခံစားချက်လေးတွေ ဖတ်သွားတယ် အကိုရေ။

    ReplyDelete
  6. ၀က်ဝံလေးပြောသလိုပဲ ကဗျာတွေချည်းစပ်နေတော့ပါလား တစ်ခုခုတော့ တစ်ခုခုပဲ။
    ကဗျာလည်းဖတ်လို့ကောင်းသလို ပန်းပုံလေးကိုလည်း နှစ်သက်တယ်ဗျို့..

    ReplyDelete
  7. သယ်ရင်းကဗျာက ခံစားချက်တွေ အရမ်းလန်းနေပါလား :)

    ReplyDelete
  8. ခင်ဗျားက ဘာတွေ သွားချုပ်ခြယ်လိုက်လည်းမှ မသိတာ...

းဝ)

    ReplyDelete
  9. အပူရှာတာကိုးဗျ ခုတော့ ဖြစ်ပြီပေါ့ :)

    ReplyDelete
  10. ကြားဖူးတာကတော့
    “မ”ဆိုတာ လိုက်ရင်ပြေးတယ်
    မလိုက်ရင်လည်း ဝေးတယ်တဲ့။

    စကားမစပ်၊ မြန်မာစာ အဓိကနဲ့ ကျောင်းတက်နေတာတော့ မဟုတ်ပါဘူးနော်။

    ဟိုးအရင်က ရှင်မဟာသီလ၀ံသ တို့ရဲ့ ကဗျာတွေကို ဖတ်ရသလိုပဲ။

    စကားလုံးနဲ့ ကာရံတွေက အရမ်း ပီပြင်လွန်းတယ်။

    ReplyDelete
  11. ဘယ်လိုမှမပြောနဲ့တော့
    အဆင်ပြေပါစေ

    ReplyDelete
  12. ကဗျာကောင်းလေး ခံစားသွားပါ့ဗျာ ..

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။