Monday, 22 February 2010

ချစ်မှတ်တိုင် (ယိုင်မှာစိုး)

ချစ်မှတ်တိုင်
သူ စိုက်ခဲ့တဲ့ ချစ်မှတ်တိုင်
ငါ စိုက်ခဲ့တဲ့ ချစ်မှတ်တိုင်။

တူကိုင်ကာ တူပြိုင်စိုက်ပါတဲ့
ချစ်မှတ်တိုင် ပြိုင်စံရှားရယ်က
ကြွားကြွားဝံ့ဆိုင်။

လေ အသော့မှာလ
သွေတော့မကွဲ့ဟန်ကိုပြင်
သူမြင်ချက်က ဆန်း။

တစ်လွဲဓိပ္ပါယ်
မကွဲ ကွဲအောင်ဖန်ပြီထင့်
သူ့ထံမှာ သူ့မာန်ဟပ်ပါလို့
ချစ်မေတ္တာ ပစ်ခွါရက်ဝံ့အောင်
မှတ်တိုင်ကို ဆွဲကိုင်လှဲချတယ်
သဲနင့်အောင်လွမ်း။ ။

မှတ်ချက်။
ချစ်သူလေးအတွက် ချစ်မျက်ပြေစေဖို့ (ဆရာမင်းသုဝဏ်ရဲ့ သပြေညို အလိုက်ဖြင့်) ခံစားရေးဖွဲ့ထားခြင်းရယ်ပါ။

...

17 comments:

  1. အလဲ.
    ချစ်သူလေး အမျက်ပြေဖို့
    အမျက်တော်ဖြေ ကဗျာတွေဘာတွေနဲ့ပါလား..
    ဘာဘဲဖြစ်ဖြစ်ဖတ်လို့ကောင်းတာတော့ အမှန်ဘဲ..
    ချစ်သူလေးရဲ့ အမျက်မာန် အမြန်ဆုံးပြေလို့
    ဖြေနိုင်ပါစေလို့ ဆုတောင်းပေးသွားတယ်နော်
    မဟုတ်ရင် မျက်ရည်တွေ ပင်လယ်ဝေနေမှာစိုးလို့ပါ...

    ReplyDelete
  2. ဟေးးး လူဂျီးး ဘာဒေ ဖစ်နေတုံး
    အော် ကောင်မလေးက ကောက်တယ်လား ဒါများ ပစ်ထားလိုက် နောက်တယောက်ပေါ့ အဟဲ

    အွန့်နော် ဂယ်ဂျီးလဲ မြှောက်ပေးလို့ သွား သွား မလုပ်နဲ့ ဟက်

    လာနောက်သွားတယ် အလကားနော် အတည်နော် တကယ်လျှောက်ပြောသွားတယ်သိလား ဟီးးးးးးးးးး

    ReplyDelete
  3. ချစ်သူလေးအတွက် ရေးထားပေမယ့် အားလုံးအတွက် အသုံးဝင်လှပါတယ်ဗျာ

    ReplyDelete
  4. လေအဆော့မှာလ
    မေဆော့တာ မောင့်အသည်းကို ပ
    ဆောင်ခဲ့ပါ့ ဒီအလွမ်းတွေတောင် ....ရင်ထဲ ရောက်လာတယ် ..ကဗျာ ထိချက်က...း )
    ကောင်းတယ်ဗျာ...
    ဆက်ဆွဲ ဆရာရေ
    ပျော်ပါစေ...
    *.*.*

    ReplyDelete
  5. အကိုရေ အကို့အတွက် ချစ်မှတ်တိုင်လေး ထာဝရ ခိုင်မြဲပါစေလို့ ဆုတောင်းပေးပါတယ်။ မနက်ဖြန် (၂၄-၂-၂၀၁၀)မှာ ဟေမာန့်ချစ်သူ မွေးနေ့ရောက်ပြီး ကဗျာလေး တစ်ပုဒ်လောက် လက်ဆောင်ပေးချင်လို့ အကို စပ်ပေးပါလား (မစပ်တတ်လို့) :P

    ReplyDelete
  6. ညီမရေ...
    အပေါ်က ကိုကြယ်ကြီးစပ်ခိုင်း သိလား။ သူက ကဗျာ့ပါရဂူကြီး။ သူဘယ်နေရာသွားသွား သူမန့်ခဲ့ရင် ကာရံတွေချည်းဘဲ။ ဘက်စုံကဗျာဆရာကြီးလေ။ သူ့ဆီအလည်သွားပြီး စပ်ခိုင်း သိလား။

    ဟဲ ဟဲ။ ဆရာရေ.. လွဲချလိုက်ပြီ။ အားရင် လုပ်ပေးလိုက်ဦး။းဝ(

    ReplyDelete
  7. အသဲနင့်အောင်လွမ်းနေတယ်ပေါ့လေ...
    ကောက်နေတယ်ဆိုရင်တော့ ချော့ထား အစ်ကိုရေ...
    တော်ကြာ ပစ်သွားအုံးမယ် :P

    အလွမ်းတွေပြေပါစေ
    ခွန်သဒ္ဒါ

    ReplyDelete
  8. အဲ ချစ်သူချော့တေးတွေ စပ်ကုန်ပြီ :)

    ReplyDelete
  9. အကိုရေ အပြေးအလွှားလေးသွားပြီး ကိုကြယ်ကို ပြောထားတယ် ဘာဖြစ်ဖြစ် ကျေးဇူးနော် :)

    ReplyDelete
  10. ချစ်သူချော့တဲ့တေးလား.. ဘာပဲဖြစ်ဖြစ်.. ကာရံလေးမိမိနဲ့ ကဗျာကောင်းလေးပဲ..

    ReplyDelete
  11. ကောင်းလိုက်တာဗျာ-
    အလိုက်ကိုအပီယူနိုင်တယ်နော်-
    ရွေဦးနှောက်ပါပေ့-

    ReplyDelete
  12. ချစ်ဋီကာ ကဗျာပို့စ်တွေ အရမ်း ကောင်းနေတယ်နော်။
    ဘာပဲဖြစ်ဖြစ်ကဗျာကကောင်းတယ်ဆိုတာပြောပါရစေ။
    ချော့ပြီးသွားပြီလား။ အခုလောက်ဆို ပြန်ချစ်နေကြပြီပေါ့။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်လုပ်ရတာလဲ ချစ်လို့ပါပဲ။

    ReplyDelete
  13. ကဗျာလာအားပေးသွားပါကြောင်း
    သာယာချမ်းမြေ့ပါစေနော်
    မိုး

    ReplyDelete
  14. စိတ်ဆိုးအောင် ဘာတွေ သွားလုပ်လို့လဲဗျး)
    တခါတလေ စိတ်ဆိုးစိတ်ကောက်မှလည်း ပိုပြီး သက်ဝင်လှုပ်ရှားမှာ မဟုတ်လား။ ဒါလည်း အချစ်ကို ပြန်လည်ဆန်းသစ်နည်း တမျိုးပေါ့ဗျာ။

    ကဗျာတွေ ဖတ်ကြည့်ရုံနဲ့ ပျိုပျိုရှောင်တဲ့ကိုကိုမောင် မဟုတ်နိင်ပါဘူးလေ။

    ReplyDelete
  15. မယိုင်အောင် ထိန်းထားမှပေါ့ ကိုကိုမောင်ရဲ့း))

    ReplyDelete
  16. သပြေညို အတော်ကြိုက်တယ်ထင်ပါ့

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။