Wednesday, 17 February 2010

ပိုးကောင်

အချစ်က ဝေကျလာတဲ့
သောက ပိုးကောင်တွေ
ရေပွက်ပမာလေးအတွက်
အချစ်နောက် လိုက်နေကြဆဲ။

ရိုးအီမသွားတဲ့
ဆားငံရည်ကို ကျေးဇူးတင်တယ်
မနက်ဖန်တွေရဲ့  မာယာတစ်သိန်းကို
ရူးမိုက်စွာ နမ်းရှိုက်ချင်သေးလို့။

အမှန်ဆို
ရေငတ်နေတုန်း
ရေတွင်းထဲ ကျခဲ့တာမဟုတ်ဘူး
ရေတွင်းထဲကျနေရင်းက
ရေငတ်နေတာ။

ဝင်သက်ထွက်သက်နဲ့အမျှ
ပိုး တစ်ကောင်ရဲ့  ညှင်းပန်းမှုကို
သာယာစွာ မိန်းမူးနေတဲ့ ငါဟာလဲ
မနက်ဖန်တွေရဲ့ 
ပိုးတစ်ကောင်ပါဘဲ။

...

13 comments:

  1. အယ် လူကြီး အခုတလော ကဗျာတွေချည်း လှိမ့်တင်နေတယ် ဘီလိုဖစ်တုံး

    ReplyDelete
  2. ရေတောက်ချင်တာများ ကဗျာ စပ်ရတယ်လို့နော် ဟွင့် ခပ်သောက်လိုက်လေ ဒါမှမဟုတ်လဲ ရေဘူးဝယ်ထားပေါ့ ဟိ

    ReplyDelete
  3. အလကား စ တာနောက်တာနော် စိတ်ချိုးနဲ့ ကဗျာလေး လာခံစားသွားတယ် သိလား တာ့တာ

    ReplyDelete
  4. မှန်ပါ့သယ်ရင်းရယ် သောက်လေ သောက်လေ ငတ်မပြေထဲ မှာ အချစ်လည်းပါတယ်ထင်ရဲ့

    ReplyDelete
  5. ကျသွားတဲ့ ရေတွင်းက ဆားငံတွင်းဖြစ်လို့
    သောက်လေငတ်မပြေဖြစ်နေတာပါ..
    ရေတွင်းထဲက ပြန်မတက်တော့ဘူးလား
    မတက်ချင်တော့လောက်အောင် သာယာနေတာ မဟုတ်လား
    အတွေးလေးတွေ ကောင်းပါတယ်..
    ကဗျာပေမဲ့
    တွေးစရာတွေနဲ့.........................

    ReplyDelete
  6. ပိုးကောင်လေးရေ
    ခံစားသွားပါတယ်

    ReplyDelete
  7. ပိုးကောင်လေးရေ
    ခံစားသွားပါတယ်

    ReplyDelete
  8. ဖောင်စီးရင်း ရေငတ်နေသလိုပေါ့...
    ဆန့်ငင် ဆန့်ငင်နဲ့...

းဝ)

    ReplyDelete
  9. ငါ့အစ်ကိုအတွက်
    ရေသန့်ဘူးဝယ်ပို့လိုက်မယ်...
    ရေငတ်နေတယ်ဆိုလို့......

    ReplyDelete
  10. ပိုးကောင်ဆိုလည်း မီးကိုတိုးတဲ့ ပိုးဖလံတော့ မဖြစ်စေနဲ့ဗျ။
    ကိုယ်ကိုတိုင်တောင် ပိုးဖလံ ဖြစ်ခဲ့ဖူးတာတော့ ပြန်သတိရမိသေးတယ်။

    ReplyDelete
  11. ရိုးအီမသွားတဲ့
    ဆားငံရည်ကို ကျေးဇူးတင်တယ်
    မနက်ဖန်တွေရဲ့  မာယာတစ်သိန်းကို
    ရူးမိုက်စွာ နမ်းရှိုက်ချင်သေးလို့

    တကယ့်မော်ဒန် ပါဘဲအစ်ကိုရေ . . .

    ReplyDelete
  12. ကဗျာတွေက သိပ်ကောင်းနေတယ်။
    ရေတွေများအ၀သောက်ထားပြီးရေးနေတာလား။
    ခင်လို့နောက်တာပါ။
    အတွေးလည်းကောင်းတယ်။
    စကားလုံးတွေလည်း ကောင်းတယ်။
    အားပေးပါတယ်။

    ReplyDelete
  13. ကျန်းမာပါစေမင်္ဂလာပါခင်ျော
    ဓါတ်ပုံကတော့လန်းတယ်ဗျာ-
    အရမ်းကိုသဘောကျသွားပါတယ်ဗျာ-

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။