Monday, 15 February 2010

ဒီလိုနေ

ဝတ်ရုံနေကျ Hounslow ရယ်
သောက်သုံးနေကျ Piccadilly line ရယ်
ခါးသက်သက်ဝါးမျိုနေရတဲ့
Soas ဂိုထောင်ထဲမှာ
ငါ့အတ္တတွေ သွေးဖို့
အနတ္တတွေ ချောင်ထိုးထားဖြစ်တယ်။

မြင်နေတဲ့ မမြင်သင့်တဲ့အရာရယ်
မြင်ချင်တဲ့ မမြင်ရတဲ့အရာရယ်
မြင်သင့်တဲ့ မမြင်နိုင်တဲ့အရာရယ်
ငါ့စိတ်တွေကို
လဟာပြင်ထဲ ပို့နေကြလေရဲ့ ။

ဒီနှစ်ဟာ
မနှစ်ကဖြစ်ခဲ့ရင်
လာမဲ့နှစ်မတိုင်ခင်
ငါသွေးထားတဲ့
ငါ့အတ္တတွေ
အရောင်တောက်နေလောက်ပြီ။

ဒါပေမဲ့လဲလေ...
လာမဲ့နှစ်ဆိုတဲ့အရာဟာလဲ
ဒီနှစ်အဖြစ်
လာမဲ့နှစ်မှာ
က ပြ အသုံးတော်ခံဦးမှာပါ။ ။

ဒီနှစ်တွေ
လာမဲ့နှစ်မဖြစ်သေးသမျှတော့
အညမညအလယ်မှာ
သဟဇာတဖြစ်ဖို့
တစ်ခါတစ်လေ
သစ္စာတရားတွေကို
ဒွါရနှင့်မုခအနားယူထားသင့်တယ်။


...

7 comments:

  1. ဒီနှစ်ဟာ မနှစ်ကဖြစ်ခဲ့ရင်
    ဒီနှစ်အဖြစ် လာမည့်နှစ်မှာ
    ဒီနှစ်တွေ လာမည့်နှစ်မဖြစ်သေးသမျှ....

    သူတို့ဘဲ ကဗျာတွေရေးတက်ကြတယ်။
    မနာလိုဘူး....
    ဟဲ...နောက်တာနော်။
    ကိုယ့်ကုသိုလ်နဲ့ကိုယ်လာတာဘဲဟာနော့။။

    ပျော်ရွင်ပါစေ
    ခွန်သဒ္ဒါ

    ReplyDelete
  2. ကိုကိုမောင်က အတွေးတွေ လေးလေးနက်နက်
    တွေးတတ်တာဘဲနော်..
    တရားသဘောလေးနဲ့ ယှဉ်ပြီးရေးထားတာ
    သံဝေဂတော့ ရစရာပါဘဲ..
    အစ်မသာဆို ရေးတတ်မယ်မထင်ဘူး

    ReplyDelete
  3. အဲ့ဒီ့တော့
    ဒီနှစ်ထဲ ကိုဖြတ်သန်းရင်း
    မနှစ်က အဖြစ်တွေထဲ က သင်ခန်းစာတွေကို
    ကျေညက်ပြီးသားမို့ လာမည့်နှစ်တွေထဲ မှာ
    မနှစ်ကနဲ့ဒီနှစ် ရဲ့ အဖြစ်ဆန်းတွေကြောင့်
    နှစ်တိုင်းဟာ ပိုမိုရင့်ကျက်လို့ နှစ်စဉ် တိုးပွားနေတဲ့
    အသိတရားတွေက သတိထားလေလေ...
    မာကျော လာလေလေ ပဲ မဟုတ်ပါလား....
    အဆင်ပြေလို့
    ပျော်ပါစေ ဘော်ဒါရေ
    *.*.*

    ReplyDelete
  4. အခုမှ တရုပ်နှစ်သစ်ကူးကာစပဲ။
    ဒီနှစ်အတွက် “--နှစ်၊ --နှစ်၊ ---နှစ်” definition တွေ အရမ်းမြင့်တယ်။ ကျွန်မလည်း ဒီကဗျာဖတ်ပြီး ဒီကဗျာထဲ ကပုံအတိုင်း ဒီနှစ်နေသွားမယ်လို့ သံဒ္ဒိဌာန်ချလိုက်ပြီ။ လောလောဆယ် သံဒ္ဒိဌာန်က စာလုံးပေါင်း မှန်မမှန် တောင်မသိတော့ပါဘူးရှင်။

    ReplyDelete
  5. ကိုကိုမောင် က အထူးအဆန်းလေးတွေရေးတတ်တယ် ..

    ReplyDelete
  6. အညမညအလယ်မှာ
    သဟဇာတဖြစ်ဖို့
    တစ်ခါတစ်လေ
    သစ္စာတရားတွေကို
    ဒွါရနှင့်မုခအနားယူထားသင့်တယ်

    အဲဒီအသုံးအနှုန်းလေး သဘောကျမိတယ် အစ်ကိုရေ :)

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။