Sunday, 14 February 2010

ချစ်သူ့အာရုံ


စက္ကန့်ပိုင်းအတွင်း
ကမ္ဘာအနှံ့
ခြေဆန့်နေတဲ့
ဒီစိတ်။

မျက်စိတစ်မှိတ်အတွင်း
ကုဋေချီပြီး
ဖြစ်ပျက်နေတဲ့
ဒီစိတ်။

လျပ်တစ်ပြက်အတွင်း
ကောင်းခြင်းမကောင်းခြင်းကို
စုဆောင်းတတ်တဲ့
ဒီစိတ်။

လက်ဖျစ်တစ်သွက်အတွင်း
ပလီပလာနဲ့
လိုချင်တာများလှတဲ့
ဒီစိတ်။

ဒီနေ့မှာတော့
အဲဒီစိတ်ကို
အာရုံတစ်ခုထဲပေါ်
တစ်နေ့လုံး တင်ထားလိုက်တယ်။

ချစ်သူ..
မပူပန်လေနဲ့
အဲဒီအာရုံဟာ
မင်းလေး ကိုယ်တိုင်ပါဘဲ။ ။


....

8 comments:

  1. စိတ်ကူးတိုင်းလည်း သူပါပဲ ပေါ့။
    ကောင်မလေးကတော့ ကြွေမှာ သေချာနေပြီနော် :)

    ReplyDelete
  2. ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေဗျာ

    ReplyDelete
  3. အယ် လူကြီး ပြောတော့ ဖေဖော်ဝါရီ ၁၄ က ဘာမှန်းမသိဘူး ဆို ဟဟဟ

    ခင်တဲ့ညီမငယ်
    ဝက်ဝံလေး

    ReplyDelete
  4. စိတ်တွေ အတော်ရောက်ရက်ခက်နေပုံပဲ...
    ဆေးလေးမှန်မှန်သောက်လေ ငါ့အစ်ကို :P
    ဟဲ...နောက်တာနော်။
    ချောကလက်လေးတောင် နဲနဲ မျှမကျွေးဘူး :(

    စိတ်တွေအမြန်ငြိမ်းချမ်းပါစေ
    ခွန်သဒ္ဒါ

    ReplyDelete
  5. ရုတ်တရက် ထချစ်ကြည့်တဲ့ကဗျာလေးကလဲ
    အချစ်တွေအပြည့်နဲ့မို့ ဖတ်လို့ကောင်းပါတယ်..
    လာအားပေးသွားပါတယ်ရှင်

    ReplyDelete
  6. ချစ်သူများနေ့မှာ ပျော်ရွှင်ပါစေ ကိုကိုမောင်ရေ။
    ကဗျာလေးကောင်းလှပါတယ်။

    ReplyDelete
  7. ဒီစိတ်နဲ့ တစ်နေကုန် အလုပ်ရှုပ်နေတာတော့ ကျုပ်ပဲဗျို့။

    ReplyDelete
  8. Happy Valentine ပါ သယ်ရင်း
    ချစ်သူနဲ့ ထာဝရ ပျော်ရွှင်ပါစေ.

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။