Friday, 12 February 2010

အတွေ့အကြုံတမ်းချင်း


ရေထဲက ငါး
ကုန်းပေါ်ထားတော့
ဖလပ် ဖလပ်။

ကုန်းပေါ်က ၀က်
ရေထဲ သက်တော့
ဘယ်ယက် ညာယက်။

နေ့မမြင်တဲ့ ဇီးကွက်
ညမထင်တဲ့ တောကြက်
သူတို့ထက် ငါဆိုးမယ်။

တစ်နေ့..
မကြုံးဖူးသေးတဲ့
လှေအလူးမှာ
ငါ.. ရူးများနေလိမ့်မလား။

....

8 comments:

  1. အင် ဝက်ပါ ပါသလား ကဗျာထဲမှာ ဟိဟိ ဂုဏ်ယူတယ်ဝေ့ ခိခိ

    ReplyDelete
  2. အတွေ့အကြုံတွေကို ရှင်းထားတဲ့
    ရှင်းတမ်း တစ်ခု ကို
    အလင်းတန်းတွေ ခပ်ဖျော့ဖျော့ကြားကနေ..
    လာဖတ်သွားသတဲ့...ခင်ဗျာ..
    ပျော်ပါစေ ဘော်ဒါရေ..
    *.*.*

    ReplyDelete
  3. မကြုံဘူးတဲ့ လေအလူးမှာ ဘာအတွက်ကြောင့်ရူးမှာလဲ..
    အချစ်ကြောင့်လား? ဘ၀ကြောင့်လား?
    စဉ်းစားပြီး ပြန်သွားတယ်....

    ReplyDelete
  4. အဟားဟာ့။ ရူးတာပြောရရင် လှေမလူးခင် ကတည်းက ကျွန်မက နဂိုထဲက ယဉ်ယဉ်လေး။

    ReplyDelete
  5. ဘာတွေဖလပ် ဖလပ်ဖြစ်နေတာလဲ ငါ့အစ်ကို!
    ခွန်ထင်တာတော့
    မနက်ဖြန် ဘယ်သူ့ကိုဘာပေးရမှန်းမသိ
    ဖြစ်နေလို့မလား...
    ဒါမှမဟုတ် ဂျပန်လိုဆိုရင်တော့
    ချောကလက်မရမှာ တွေးကြောက်နေတာဘဲ
    ဖြစ်ရမယ်...ဟဲ.....
    ရတာများရင်လည်းမကောင်းသလို
    ပေးရတာများရင်လည်း မကောင်းဘူးနော်...
    ဟီး....ထင်တာတွေ ရမ်းပြောသွားတယ်

    ပျော်ရွင်ပါစေ
    ခွန်သဒ္ဒါ

    ReplyDelete
  6. အတွေ့အကြုံကပဲ သင်ပေးသွားပါလိမ့်မယ်...

းဝ)

    ReplyDelete
  7. လူတိုင်း က အရူးချည်းပဲဆိုသလားလို့း))

    ReplyDelete
  8. ဘုန်းကြီးရူးနဲ့ လှေလူး။
    ဘုန်းကြီးဆိုတာ ၀န်ခံပြီပေါ့။ ဟတ်ဟတ် :P

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။