Friday, 12 February 2010

အိပ်မက်ရိုင်း


ခြေမကို ရှပ်တိုက်သွားတဲ့
ထောင်ချောက်တစ်ခုရဲ့ 
ကျီစယ်မှုအောက်မှာ
ငါ သာယာခဲ့ဖူးတယ်။

ဗဟိုရပ်ဝန်း အလယ်တည့်တည့်
ထိမှန်ခံရတဲ့
သားကောင်အဖြစ်
ပျော်ရွှင်စွာ
ငါ ကြည်နူးခဲ့ဖူးတယ်။

မြှားတစ်စင်းရဲ့ ထိတွေ့မှုကြောင့်
တိမ်ဆိုင်တွေ ကြယ်တွေ လတွေ ပြည်နှက်နေတဲ့
အာကာသကမ္ဘာထဲမှာ ရောက်ရှိနေရသလိုမျိုး
ငါ ရန်ခုန်ခဲ့ဖူးတယ်။

နှုတ်ခမ်းတစ်စုံရဲ့ 
မာန်ဟုန်တွေက
တိုက်ပွဲခေါ်သံဟစ်ကြွေးနေသယောင်ယောင်။


အိပ်မက်ရိုင်းရယ်...
မရပ်တန့်လိုက်ပါနဲ့
မင့်ရဲ့ နှိပ်စက်မှုကို
ငါတမ်းတနေဆဲပါဘဲ။


....

4 comments:

  1. အလဲ့ တယ်မိုက်ပါလား ....

    ReplyDelete
  2. အယ်မယ် ကဗျာတွေ ဘာတွေ စပ်လို့ပါလား ဘီလိုဖြစ်တာတုံုးဟိဟိ

    ReplyDelete
  3. စားသားတွေလန်ထွက်နေတယ် အစ်ကိုရေ . . . ကောင်မလေးနဲ့ ရောအိုကေလား အစ်ကို ခဏတာလေး
    ဝေးနေလို့ များ အိမ်မက်ရိုင်းတွေ နှိပ်စက်လေတာလား

    ReplyDelete
  4. ကိုကိုမောင်က ကဗျာစပ်တာ တော်တော်ကောင်းတယ်နော်
    အားကျလိုက်တာ
    အစ်မက ကဗျာ ကောင်းကောင်း သိပ်မထွက်ဘူး..
    ဖတ်လို့တော်တော်ကောင်းတယ်...

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။