Friday, 5 February 2010

ကျနော်တို့ ရပ်ကွက်ထဲမှာ........


ဒီနေ့..
တစ်ယောက်က တစ်ယောက်ကို အဆင့်တစ်ခုမှ အဆင့်တစ်ခုသို့ ချလိုက်၏။

ထိုတွင်..

တစ်ယောက်ကား ခေါင်းခဲနေ၏။
ပြီးတော့ "အင်္ဂလန်အသင်းအတွက် အကောင်းဆုံးဖြစ်အောင်လုပ်လိုက်ရတာပါ" ဟု ပြော၏။

တစ်ယောက်ကား စိတ်လှုပ်ရှားတုန်လှုပ်နေ၏။
ပြီးတော့ "အဆင့်ချလိုက်ပေမဲ့ ချလိုက်သူကို အကြည်ညိုမပျက်ပါဘူး"ဟု ပြော၏။

တစ်ယောက်ကား (ကျနော့်အထင်) ကျိတ်ပျော်နေ၏။
(.............................)

တစ်ယောက်ကား စိတ်မကောင်းဖြစ်နေ၏။
ပြီးတော့ "မီးတောက်ထဲကို လောင်စာထပ်မတည့်ချင်ဘူး" ဟုပြော၏။

တစ်ယောက်ကား ဒေါသအိုးပေါက်ကွဲနေ၏။
ပြီးတော့ "သူနှင့်အတူတူ အလုပ်မလုပ်ချင်ဘူး"ဟုပြော၏။

တစ်ယောက်ကား ကြေကွဲဝမ်းနည်းနေ၏
ပြီးတော့ "သူနှင့်မပတ်သက်ချင်တော့ဘူး" ဟု ပြော၏။

သူတို့ ဘယ်သူတွေလဲ????
တကယ်ဘဲ အနာဂါတ်မှာ သူတို့ အချင်းချင်း မပတ်သက်ကြတော့ဘူးလား????



.......

9 comments:

  1. လျှို့ဝှက်ဆန်းကြယ်ပါလား ခင်ဗျ...
    နောက်ပိုင်း သည်းထိတ်ရင်ဖိုတွေကော ပါသေးလား??
    အသက်တစ်ရာမနေ အမှု တစ်ရာ ပွေ ဆိုသလိုနေမှာပေါ့ နော..:)
    ပျော်ပါစေ ဘော်ဒါရေ
    *.*.*

    ReplyDelete
  2. ဘယ်သူတွေလဲဟင်
    တောဇီးကွက်တွေနဲ့ပါလား....
    မနှင်း

    ReplyDelete
  3. ဘာဒေလဲ ဘောလုံးအကြောင်းဆိုရင်တော့ နားလည်ဘူး ဗျိုးးးးးးးးး ကိုရီးယား အကြောင်းဆိုရင်တော့ နားလည်တယ် ဒါဗြဲ

    ReplyDelete
  4. ရပ်ကွက်ထဲမှာဘာတွေဖြစ် :P

    ReplyDelete
  5. အဖြေမသိလို့ ပြောပြတော့လေ :D

    ReplyDelete
  6. သိပ အဲဒါ တယ်ရီကြီး အကြောင်းလေ။

    ReplyDelete
  7. ရေးထားတာလေးက မြုပ်ကွက်လေးတွေနဲ့ပါလား..
    ဘောလုံးပွဲက မကြည့်ရတာကြာလို့ ဘောလုံးလောကနဲ့ဝေးနေပါတယ်.. ဘာအကြောင်းအရာရယ်လို့ အတိအကျမသိပေမဲ့ နားတော့လည်လိုက်ပါတယ်... သတင်းပြန်ဖတ်လိုက်ဦးမယ်နော်..

    ReplyDelete
  8. ဒီနေ့ဘဲ အဲ့သီတင်း yahooမှာဖတ်လိုက်ရတယ်...
    ဖြစ်ရမယ်နော်...
    သူလည်းလေ လောကီသားပေမို့
    လို့ဘဲ တွေးယူရမှာပါဘဲ။

    ပျော်ရွင်ပါစေ
    ခွန်သဒ္ဒါ

    ReplyDelete
  9. ဂျွန်တယ်ရီကလည်း နာမည်ကြီးတာကိုး ဖြစ်ပြီပေါ့
    အစ်ကိုရာ သူသာသာမန်ဆိုမဖြစ်လောက်ဘူး ဘယ်သူ့ 
    အပြစ်မှမဟုတ်ဘူး မီဒီယာအပြစ် ဒီကောင်တွေက
    ဖွကိုဖွတယ် . . .

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။