Saturday, 9 January 2010

ဖြစ်ပျက်အမြင်


သိကြရဲ့ လား

ကျားတွေ
ဥပုသ်စောင့်နေချိန်
သမင်တွေ
သီလကျိုးကုန်ကြပြီ။


လမ်းပြတွေ
လမ်းပျောက်နေချိန်
လမ်းပျောက်သူတွေ
လမ်းပေါ်ရောက်နေကြပြီ။


တိမ်မဲတွေ
ကြီးစိုးနေတဲ့ခေတ်မှာ
နှင်းဖြူလေးတွေ
မ၀ံ့မရဲ ကျရောက်နေရရှာတယ်။


တောင်းဆုရကြစတမ်းဆိုရင်
ရှင်တော်မြတ်ဘုရား...
လူ့သက်တမ်းတွေကို တိုးမပေးပါနဲ့
သက်တမ်းတိုတိုလေးအတွင်းမှာတောင်။ ။

....

10 comments:

  1. ကောင်းတဲ့သူတွေ သက်တမ်းရှည်
    ဆိုးတဲ့သူတွေ သက်တမ်းတိုလို့
    ဆုတောင်းပေးပါ အစ်ကိုရဲ့...

    ReplyDelete
  2. ဘယ်လို ကွန်မန့်ပေးရမလဲ ဆိုတာ စဉ်းစားပြီးရင် တစ်ခေါက်ပြန်လာမယ်နော် :)

    ReplyDelete
  3. ခုလည်းသက်တမ်းတွေတိုကုန်ပါပြီ မောင်လေးရ။
    အမ သိသလောက်တော့ ငယ်ငယ်လေးတွေနဲ့ရောဂါဖြစ်ပြီး သေကြတာများလာတယ်။ နောက်ဆိုပိုဆိုးတော့မယ်၊ သီလမရှိကြတော့လို့ထင်တာပဲ။

    ReplyDelete
  4. ကဗျာလေးကို မခွန်သဒ္ဒါပြောတဲ့အတိုင်း ထောက်ခံပါတယ်ဗျာ

    ReplyDelete
  5. ကျားတွေဥပုသ်စောင့်တာသေခြာရဲ့ လား-
    ဂျစ်တူးတော့မယုံရဲဘူးဗျ-
    ဘာဘဲဖြစ်ဖြစ် နှင်းပွင့်ကလေးတွေ ရဲရဲကျနိုင်ခွင့်ရှိပါစေ-

    ReplyDelete
  6. ဖြစ်ပျက်.... က ဒုက္ခသစ္စာ :)

    ReplyDelete
  7. အခုလက်ရှိအတွေးကတော့ သက်တမ်းရှည်ရှည် နေချင်သေးတယ်ဗျ

    ReplyDelete
  8. အင်းတကယ့်အပြင်မှာတော့ ကောင်းတဲ့ လူက
    သက်တမ်းတိုပြီး ဆိုးတဲ့ လူကသက်တမ်းရှည်နေတာ
    တော့တော်တော်ဆိုးတယ် အစ်ကိုရေ . . .

    ReplyDelete
  9. ကျွန်တော်ကြားဖူးတာကတော့ မကောင်းမှုများနဲ့ နေတဲ့အသက်တစ်ရာထက်
    ကောင်းမှုတွေနဲ့ နေတဲ့ ၁၀ ရက် လောက်က ပို မြတ် တယ် ဆိုလားပဲ.....
    ဒါပေမယ့် မကောင်းမှုများ က တိုက်စားလွန်းလို့ ကောင်းမှုများလည်း တရားမသိ မှားမိတဲ့ အခါလည်းရှိပေမပေါ့လို့ ဆင်ခြေတွေ ပေးတတ်နေကြလေရဲ့ဗျာ....
    ပျော်ပါစေ

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။