Tuesday, 5 January 2010

နှင်းရိုက်ချစ်ဒီဂရီ


အနှုတ် ၅ တဲ့
ခပ်ထက်ထက် အအေးသွားက
သွေးစရာမလို မြိကနဲ မြိကနဲပါဘဲ။


သူ့အပြုံးတစ်ခြမ်းက
ငါ့နှလုံးမီးကြိမ်အုံးကို
မွေးစရာမလို ညှိစွဲ ညှိစွဲ ပိုလို့သာကဲ။


အခန်းပြင်က ရေဓါတ်တွေ
ဣနြေ္ဒရရ အေးခဲနေချိန်မှာ
ငါ့သည်းနှစ်မြွှာက
ဆူပွက်ရေနွေးလို ပူလောင်အော်ဟစ်နေဆဲ။


ချစ်သူရေ..
၂၀၁၀ ရောင်နီဦးအောက်မှာ
မပူလိုက်ပါနဲ့
ပိုလို့ ပိုလို့ ချစ်နေမြဲ။ ။

...

8 comments:

  1. ကဗျာလေး ရိုက်ချက်က ထိတယ်နော် ပျော်ရွှင်ပါစေ

    ReplyDelete
  2. နှလုံးသားကလေးနှင်းကလေးကိုအေးမြပါစေဗျာ-

    ReplyDelete
  3. အချစ်ဒီဂရီတွေ အရမ်းမြင့်နေပြီ ကိုကိုမောင်ရေ :)

    ReplyDelete
  4. ကဗျာလေး ဖတ်သွားတယ်
    ချစ်နိုင်သူများ ချစ်နေတာကို ကြည့်ပြီး
    အားကျသွားပါတယ် ..

    လေးစားလျက်

    ReplyDelete
  5. ကဗျာစပ်ထားပုံလေးက တစ်မျိုးတော့ဆန်းနေတယ်
    ကဗျာဆရာရဲ့ ရင်ထဲက ပျော်ရွှင်မှုတွေကို အထင်းသားတွေ့နေရတယ် ...း)
    ဖတ်ရင်း ဖတ်ရင်း ဟစ်ဟော့ သီချင်းလိုတောင် စိတ်ထဲမှာ ဆိုမိသွားတယ် အဟီး ... နောက်တာမဟုတ်ဘူး ဂယ်ပြောတားD

    ခင်မင်စွာဖြင့်
    နှင်း

    ReplyDelete
  6. တစ်နှစ်ပြီးတစ်နှစ် ပိုလို့ချစ်ရင်းပျော်ရွှင်မှုများဖြင့် ချစ်သူလေးနဲ့ မြန်မြန်ပေါင်းစပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်.....။

    ReplyDelete
  7. မနှစ်ကအတိုင်းလို ဆက်ချစ်သွားမှာပါဗျာ

    ကဗျာလေးတွေဖတ်ပြီး ကောင်မလေးက အရင်ထက် တောင်ဆက်ချစ်သွားမှာပါ

    ReplyDelete
  8. ပိုလို့ချစ်နိုင်ပါစေ

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။