Sunday, 3 January 2010

မျှော်ကိုးခြင်း အရုဏ်


အရုဏ်ဦးရယ်.. နိုးထပါတော့
ညဥ့်နက်နက် မနေ့ကတွေကို
ပေါင်းနှုတ်မြောက်စား မလုပ်ချင်တော့လို့ပါ။


ကွဲရှရှကဗျာအိုလေးဖတ်ရင်း
နေမ၀င်ခင် မိုးချုပ်ခဲ့ရတဲ့
အိပ်မက်ဆိုးတွေကို
မနက်ဖန်ယာဉ်တန်းကြီးနဲ့
ဝန်ဆောင်မှု မလုပ်ပါရစေနဲ့တော့။


ကျိုးပဲ့နေတဲ့ ကာလပျက်ကြီးကို
ဘာမြူဒါတြိဂံထဲ တွန်းပို့နစ်မြှုပ်ရင်း
ဒီဇင်ဘာညလယ်ရဲ့  အေးချမ်းမှုမျိုးမဟုတ်တဲ့
ငြိမ်းအေးမှုတေးသံကို
မနက်ဖန်တွေ ရာထောင်ချီပြီး
မွေးဖွားပေးချင်နေမိတယ်။


...

5 comments:

  1. သယ်ရင်းရေ ကဗျာလာဖတ်တယ် ဒါပေမယ့် ဒိုင်က ရေလည်မြင့်တယ်....

    ReplyDelete
  2. ကိုကိုမောင်
    ရောက်တယ်
    ဆိုက်ပြင်ထားတယ်

    ReplyDelete
  3. အတွေးအခေါ်လေးတွေ အဖြေ ထုတ်ဖော်ရတာ နဲနဲခက်နေတယ် စပ်တဲ့သူက တော်ပေမယ့် ဖတ်တဲ့သူက ညံ့နေတယ် ကိုကိုမောင်ရေ

    ReplyDelete
  4. ဘယ်သူမှမဖိတ်ပေမဲ့-ရောက်ခဲ့ပါတယ်ဗျာ-ကဗျာတွေကို
    ခံစားပြီးဓါတ်ပုံကလေးတွေကြည့်သွားပါတယ်-

    ReplyDelete
  5. ကောင်းတယ်ဗျာ မနက်ဖြန်ပေါင်းထောင်ချီမကဘဲ
    အဆုံးအစမဲ့  မွေးဖွားပုံဖော်နိုင်ပါစေ အစ်ကိုရေ . . .

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။