Saturday, 26 December 2009

အေးခဲနာရီတစ်ခု


အဖော်မဲ့ ချိုင့်တစ်လုံးရဲ့  တွတ်တိုးသံဟာ
နားမပါ မျိုးပွါးတွေအတွက်
ရာဇမတ်ကာ ဘင်ခရာသံထက်
ဘ၀ဂ်ညံလောက်တယ်။


ကာလာတွေကြွယ်ဝတဲ့
ထိကရုံးသည်းခြေတစ်ခုရဲ့ 
အိပ်မက်ဆန်းမှာ
ဟစ်တလာကို အလဲထိုးခဲ့ဖူးတယ်။


နိုးထ နာရီတစ်လုံးမှာတော့
လက်တံများအအေးမိနေလားဘဲ
တကယ့်အရေး Alarm ပေးချိန်မှာ
စက္ကန့်လေးတွေ ဆွံ့အနေလေရဲ့ ။

...

3 comments:

  1. ဟစ်တလာတောင် အလဲထိုးထားတာဘဲ အစ်ကိုရ
    ကဗျာက လန်းတယ်ဗျာ :)

    ReplyDelete
  2. ဟုတ်တယ်..ဟစ်တလာကို အလဲထိုးတာ အကို ပဲရှိသေးတယ် ထင်တယ်။

    ReplyDelete
  3. Hi this is kind of of off topic but I was wanting to know if blogs use WYSIWYG editors or if
    you have to manually code with HTML. I'm starting a blog soon but have no coding skills so I wanted to get guidance from someone with experience. Any help would be greatly appreciated!

    Here is my web page; music

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။