Friday, 4 December 2009

ဂျတ်အေး


ခေါင်းကကိုက်
ဗိုက်ကနာ
စာတွေများ
အားမရှိ
သိဖို့လို
ဟိုဒီတွေး
ရေးရေးမြင်
သင်စရာ
စာကြည့်တိုက်
ဆိုက်ဆိုက်သွား
နားမနေ
နေ၀င်ချိန်
အိမ်ကိုပြန်
ကျန်တာစား
ကားလိပ်ချ
ရအောင်အိပ်
တိတ်ဆိတ်ည
ထဟောက်သံ
ညံညံပျံ့ 
လန့်ကာနိုး
နိုးတစ်ဝက်
စက်မပျော်
တော်ကာမှေး
အေးတဲ့ဆောင်း
ခေါင်းကကိုက်
ဗိုက်ကနာ
စာတွေများ...းဝ။ ။

....

6 comments:

  1. ဒီလိုပါပဲ နေတဓူဝ တာဝန်တွေဟာ မုန့်လုံးကို စက္ကူကပ် နေသလိုပါပဲ .... ဘ၀ ဆိုတာ ဒါပါပဲ ...

    ReplyDelete
  2. မုန့်လုံးစက္ကူကပ်တာတော့ သူ့ဟာနဲ့သူ့အကြောင်းနဲ့ သူ ကပ်နေတာပါပဲ သယ်ရင်းရေ...

    ReplyDelete
  3. ဘ၀သံသရာဆိုတဲ့သဘော ပိုပီပြင်တာပေါ့ရှင် ....

    ReplyDelete
  4. :)
    ဒါတောင် ကိုကိုမောင်က
    ကျောင်းလေး သက်သက်သာသာသွား စာလေးနည်းနည်းပါးပါး ကျက်နေရတာနော်....

    ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့သူတွေ ညည်းဖို့ထားအုံးနော်..
    တစ်နေ့တစ်နေ့ ချက်ပြုတ် လျှော်ဖွတ် အလုပ်သွား ချက်တင်ထိုင် ဘလော့ရေး တွေးသာကြည့်...

    နှင်း

    ReplyDelete
  5. ဗိုက်နာတာတော့ တူနေတယ် ဟီးဟီး ဗိုက်နာဝမ်းလျောနေလို့ ဒီကနေ့မှ ပို့စ်တင်ဖြစ်တယ်

    ReplyDelete
  6. ကျောင်သားသံသရာ ဂျတ်အေး ဖြစ်နေပြီ
    ထင်တယ် အစ်ကိုရေ . . . ဒါလည်းကြီးကြီး
    ကျယ်ကျယ်စကားလုံးနဲ့ ပြောရမယ်ဆို
    ဘ၀ ဘဲ :D

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။