Sunday, 11 October 2009

လွမ်း


လွမ်းငွေ့တွေဝေ..... လွမ်းမိုးစွေပြီး၊
လွမ်းစေရာညွှန်း..... လွမ်းကို လွမ်းဖို့၊
လွမ်းမှုဓါတ်ခံ..... လွမ်းဖို့ဖန်ကာ၊
လွမ်းရန်အသင့်..... လွမ်းရေးဆင့်၏။


လွမ်းသူ့မျက်နှာ..... လွမ်းလျက်သာလျင်၊
လွမ်းပင်လွမ်းငြား..... လွမ်းမအားဘူး၊
လွမ်းဖျား ဖျားချင်..... လွမ်း ငိုချင်၏။


လွမ်းမျက်ရည်ကျ..... လွမ်း တသနဲ့၊
လွမ်းလှပါသည်..... လွမ်း အလီဆင့်၊
လွမ်းရေးသင့်က..... လွမ်းပိုရ၏။ ။

...

8 comments:

  1. wow... another poem! I am not poem kind of person but I understand this one. And 'YES' I just had another piece of 'Bu Yo'.

    ReplyDelete
  2. ပျင်း...ပျော်....စိတ်.....ချစ်...မုန်း...လွမ်း
    ပြီးရင် ဘာတွေလာမလည်းဟင် ..စောင့်ဖတ်နေတယ်နော် ကိုကြီး

    ခင်တဲ့
    မြူးလေး

    ReplyDelete
  3. ပျင်း...ပျော်....စိတ်.....ချစ်...မုန်း...လွမ်း

    ပီးရင် အသည်းကွဲ

    ပီးရင် ယစ်ထုပ်

    ပီးရင် သေ

    ပီးရင်.. သေရွာက ထ..

    ပီးရင် အပေါ်ကနေ ရေးထားတာ အစီအစဉ်အတိုင်း ပြန်ဖတ်

    ReplyDelete
  4. လွမ်းရတဲ့ အရသာဟာလဲ အရသာကောင်းတမျိုးပဲဗျ

    ReplyDelete
  5. ဒါက လွမ်းသံသရာပေါ့  :)

    ReplyDelete
  6. လေးဖြူသီချင်းဖွင့်လေ ကိုကိုမောင် :P

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။