Wednesday, 21 October 2009

လျောက်မည့်လမ်း ကြမ်းပါစေ တွေဝေစိတ် နှိပ်ကွပ်ရန် မှန်မှန်လျောက်

တစ်ရေးနိုး
မိုးကအေး
ကွေးနေမိ
ကြည့်စာအုပ်
ပြုတ်လို့ကျ။

ထကာကောက်
ကြောက်လို့သွား
များ အိမ်စာ
ချာချာလည်။

လည်တဲ့စိတ်
အိပ်ချင်ခြင်း
တင်းကာဖြေ
နေအရုဏ်
မှုန်ဝါးဝါး
ကားသံဆူ
ပူနေလျက်။

ရက်တွေကြာ
စာက များ
စားချင်စိတ်
ဆိတ်သုဉ်းနေ။

သွေဖယ်ခြင်း
ရှင်းကာဖျောက်
နောက်မနက်
တက်ကြွစိတ်
ဟိတ်မာန်ချီ
ဝီရိယ
ဆထက်တိုး
ကြိုးစားမည်။ ။


...

5 comments:

  1. သွေဖယ်ခြင်း
    ရှင်းကာဖျောက်
    နောက်မနက်
    တက်ကြွစိတ်
    ဟိတ်မာန်ချီ
    ၀ီရိယ
    ဆထက်တိုး
    ကြိုးစားမည်

    ဆိုတော့ ကြိုးစားပေါ့
    သိဖူး သူများရေးသလိုရေးကြည့်တာ ဟိ ဟိ

    ReplyDelete
  2. မေးရအုံးမယ်
    စီပုံးကဘီလိုဖစ်
    ဘူဒူးကို အမြင်ကပ်လို့ လဲ
    ရုံလေးကိုလား

    ReplyDelete
  3. ကြိုးစားမည်
    ရည်ရွယ်ငြား
    အားပါလျှင်
    အင်တာနက်
    ဆက်ချိတ်လို့
    ပို့စ်အသစ်
    ဖြစ်ဖို့တွေး
    ငေးမောလျက်
    စက်မပျော်
    ခေါ်မကြား
    စားမ၀င်
    ကြင်သူမဲ့
    ဖွဲ့ကဗျာ
    ကာရန်ပျောက်
    နောက်သည့်စိတ်
    ကြိတ်မှိတ်ငို
    ကိုကိုမောင်
    သျှောင်ကိုပယ်
    နယ်ကိုခွါ
    ကြာသင်္ကန်း
    လွှမ်းကာခြုံ
    ဘုံသုံးတစ်
    မေတ္တာဝေ
    ထေရ်အလား
    တရားဖြင့်
    မြင့်မြတ်ရာ
    ရှာကာကိုး
    ကြိုးစားမည်
    ဤဓိဋ္ဌာန်
    မှန်စေကြောင်း
    ကောင်းကောင်းကျင့်။

    ကိုကိုမောင်ရဲ့ ၀ဲရိုက်ဝဲသွင်း ကဗျာကိုဖတ်ပြီး သဘောကျလို့ ဆက်လက်စပ်ဆို လိုက်ပါကြောင်း။ ;)

    ReplyDelete
  4. ကဗျာလေးတွေများ ရေးတတ်လိုက်ကြတာ...

    ReplyDelete
  5. အမြင်မှန်ရသွားဘီ :P

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။