Tuesday, 20 October 2009
ကိုးနှစ်မြောက် အမေသို့
ခါတန်ဆောင်မုန်း၊ လဆန်း သုံး နှင့်
တစ် သုံး ခြောက် နှစ်၊ သက္ကရာဇ်ကောဇာ၊
ရောက်သောခါက၊ မာတာ မိခင်၊
ကျေးဇူးရှင်သည်၊ သခင်သေမင်း၊
ခေါ်ယူခြင်းကြောင့်၊ သေမင်းတိုင်းပြည်၊
သက်ဆင်းလေ၏။
အေးချမ်းဆောင်းရက်၊ ဖြစ်နေလျက်နဲ့၊
ပူချက်ရင်မှာ၊ မထောင်းသာဘူး၊
ပုတ္တာ သားတို့၊ မျက်ရည်စို့ပြီး၊
ပို့သမေတ္တာ၊ မျှဝေကာဖြင့်၊
မာတာ အမေ၊ ရပါစေဟု၊
စိတ်ဝယ်ပြုလို့၊ ကောင်းမှုကုသိုလ်၊
ပြုပြီး ထိုခါ၊ ပေးဝေပါသည်၊
ဝမ်းသာသမှု၊ ကြိုးစားပြုပြီး၊
သာဓုခေါ်ပါ မွေးမေမေ။
တစ် သုံး ခွန် တစ်၊ သက္ကရာဇ်ကောဇာ၊
ခုခါ မှာကား၊ မာတာအမေ၊
စုတေသည်မှာ၊ ကိုးနှစ်ကြာပြီ၊
မာတာကျေးဇူး၊ စိတ်ရည်စူးပြီး၊
အထူး ၀န္ဒနာ၊ လက်ဆယ်ဖြာဖြင့်၊
ခါခါ ဦးခိုက်၊ ကန်တော့လိုက်သည်၊
မဟီမြေထု သိစေသော်။ ။
...
12 comments:
  1. သယ်ရင်းရေ စိတ်မကောင်းပါဘူး ၉ နှစ်တောင်ရှိပြီလား ဘယ်လောက်ကြာ၂ မမေ့နိုင်တဲ့အထဲမှာ ပါတယ် ကျွန်မလည်းဒီတိုင်းပါပဲ
    ReplyDelete
  2. အကိုရဲ့ ကျေးဇူးရှင် မိခင်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ မာတာမိခင်ဆိုတဲ့ တုနှိုင်းမရတဲ့ မခင်မေတ္တာကိုလည်း အမြဲတမ်းသတိရနေတဲ့ အကို့ကိုလည်း လေးစားပါတယ်။
    အကို့အမေ ကောင်းရာဘုံဘ၀မှာ အေးချမ်းနိုင်ပါစေ။
    ခင်မင်လေးစားလျှက်
    ReplyDelete
  3. သာဓုခေါ်ပါတယ်ဗျာ .. မာတာမိခင်လည်း အမျှရနိုင်ပါစေဗျာ ....
    ReplyDelete
  4. အကိုေ၇
    ခုလို သတိတရရှိတဲ့ အတွက် အမေလည်း
    ကျေနပ်မှာပါအကို။
    ကျနော်တောင် အဖေဆုံးတာ ၇နှစ်လောက်ရှိပြီ.
    အားလုံးကိုမေ့လို့ရပင်မဲ့ အမေကိုတော့
    ဒီတစ်သက် ဒီဘဝမှာ ဘယ်လို့မှ မေ့လို့ ရမှာ
    မဟုတ်ပါဘူးဗျာ။
    အကိုနဲ့ အတူ ထပ်တူခံစားသွားပါတယ်ဗျာ။
    ခင်တဲ့ ရီနို
    ReplyDelete
  5. စိတ်မကောင်းပါဘူး.......
    သူ့အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှု့
    တွေလုပ်ပေးပေါ့။
    ReplyDelete
  6. ကိုကြီး
    စိတ်မကောင်းဘူး
    ကိုကြီး မေမေ ကောင်းရာဘုံဘ၀မှာ အေးချမ်းနိုင်ပါစေ
    ReplyDelete
  7. မာတာမိခင် မွေးမိခင်
    ကိုးနှစ်ပြည့်မြောက်
    ဒီနှစ်ရောက် လဲ မမေ့နိုင်ဆဲ
    ကုသိုလ်အစု မျှဝေပြုလို့
    သားမောင် ပြုသည်
    ချစ်တဲံမိခင် အမျှရစေသော်ဝ်။
    စိတ်မကောင်းဘူးလို့ မပြောချင်ဘူး။ ကျနောဆို အမေဆိုတာ ပုံထဲမှာပဲ ...ရင်းနှီးတာ။ နှစ်အနည်းငယ်ပဲ အတူနေခဲ့ဖူးတာဆိုတော့......
    ကျနော့်ထက်စာရင် ကံကောင်းပါတယ်။
    ReplyDelete
  8. မိ . . . ဘ . . . . မိဆိုတာ အရင်လာခဲ့လို့လား မသိဘူး မိခင်ဆို ပိုပြီး တွယ်တတ်တဲ့ ကျွန်တော့်အတွက်တော့ ဒီကဗျာလေးက ခံစားချက်အပြည့်ပေးခဲ့ပါတယ်
    ReplyDelete
  9. ခုချိန်ဆို ကောင်းမွန်တဲ့ ဘုံဘ၀ကို ရောက်ရှိခံစားနေရလောက်ပါပြီ ..း)
    ခုချိန်ထိသတိတရဖြစ်နေတာကို လေးစားမိပါတယ် ..
    ReplyDelete
  10. အော် ... အမေဆုံးတာ ကိုးနှစ်တောင်ရှိပြီတဲ့လား ။ စိတ်မကောင်းဖြစ်မိပါတယ်
    ReplyDelete
  11. အခုမှဖတ်ဖြစ်လို့။
    အို ...၉ နှစ်တောင်ရှိသွားပြီလား။ စိတ်မကောင်း ပါဘူး။
    ReplyDelete
  12. Cxinim [url=http://hermeskelly.finniwolf.com][b]hermes handbag[/b][/url] hermes cape cod http://hermeskelly.finniwolf.com Oipnrx Fcsqrx hermes outlet
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။