Monday, 12 October 2009
ငါ
ငါတော် ငါတတ်..... ငါမှမြတ်ဟု၊
ငါအတ္တစွဲ..... ငါဘဲ လုပ်ရ၊
ငါမာနနှင့်..... ငါက ပြီးဆို၊
ငါလိုသို့ရောက်..... ငါ ပြီးမြောက်၏။
ငါ့ကိုယ် ငါ့ဟာ..... ငါ့ဥစ္စာနှင့်
ငါသာ ပိုင်စိုး..... ငါမျိုးမျိုးတည်း၊
ငါ့သမီး သား..... ငါ့မယားဟု၊
ငါ့အား ချစ်မက်၊ ငါ မာန်တက်၏။
ငါ့မျိုး ငါ့ဆွေ..... ငါ့ ဌာနေ၀ယ်၊
ငါ့မြေတွေရှိ..... ငါ့ဖို့ကြည့်ကာ၊
ငါ့ဥစ္စာစွဲ..... ငါကဲ ကဲပြီး
ငါစွဲ သက္ကာ..... ငါ အတ္တာနှင့်၊
ငါ ငါ စွဲငြိ..... ငါဒိဋ္ဌိပွါး၊
ငါ လွဲမှားစွာ..... ငါသာ ပထမ၊
ငါ ဓိကဟု..... ငါရ ပြီးရော၊
ငါ ပါယ်ကြောဝယ်..... ငါမျော မျောပြီး၊
ငါ ချည်းနှီးတည်း။ ။
.....
8 comments:
  1. ခင်လို့ နှစ် ပါယူလိုက်ပြီ
    ReplyDelete
  2. ကဗျာဖတ်ပြီး
    “ငါ”
    တော့ ဘာမှမပြောချင်တော့ဘူး
    ReplyDelete
  3. ဒီကဗျာလေး ကြိုက်တယ်
    ကြိုက်ကား ကြိုက်၏
    သိကား သိ၏
    သိသော်ငြားလဲ
    လူ့ဘုံဘဝ လူဌာနေဝယ်
    လူဖြစ်လေသည့် လူသားလေမို့
    ငါ စိတ်မစွဲ တင်းချင်သော်လဲ
    ရံဖန်ရံခါ ငါ ခြင်းထပ်၍
    မာန်မာနကို လက်ကစွဲကိုင်
    လုပ်မိလေသည်..။
    ငါ ..နဲ့ ငါ..သာ..
    နှိုင်းရင်း ရန်ဖြစ်
    နိဗ္ဗာန် ရွှေပြည်
    မျှော်မှန်းရည်လဲ
    သံသာရာ ဆင်းရဲ
    ဝင်ဖို့ခက်လို့..
    ငါ စိတ်ကိုဖျက် ငါ ဇောကိုပယ်
    ငါတကော ကင်းလို့ ငြိမ်းချမ်းစွာပဲ နေချင်မိတယ်။
    ReplyDelete
  4. ကဗျာလေးကောင်း၏
    ReplyDelete
  5. အစ်ကိုရေ လေးလုံးစပ်တွေ ချည်းချနေပါလားဗျ :)
    ReplyDelete
  6. ကောင်းလိုက်တဲ့ကဗျာလေးပါ သယ်ရင်း
    ReplyDelete
  7. ငါစီးရီး လာဖတ်၏
    ပျော်ရွှင်ပါစေဗျာ
    မင်းအိမ်ဖြူ
    ReplyDelete
သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။