Saturday, 3 October 2009

သီတင်းကျွတ်လပြည့်မျှော်ရည် တေးထပ်


သီတင်းကျွတ် ခါသမယ......... လာသမျှ လုံးစုံ၊

ထာဝရ ပြုံးရွှင်ကြည်.........ရွှေမြန်ပြည် ထက်ချုံး၊

ကမ္ဘာ့ရွာ မိတ်ဆွေတွေကို.........တိုးတက်စေ မေတ္တာမဆုံး၊

ဘိုးဘွားမိဘတွေရယ်.........ကန်တော့မွေ ခံဦး၊

ဝါလကျွတ် မင်္ဂလာမှာ......... ရိပ်သာကို ဆက်သွား၊

မျက်မထား ဒေါသကွာသည်၊ ဘာဝနာ ထပ်လို့သာပွါး၊

ဝတိံနန်းက ဆင်းသက်လာသည်.........ဘဂ၀ါ နတ်သနင်း၊

လူနတ်ချင်း ချစ်ကြည်ဖြူ......... ကြိုကြအတူ၊

သူတို့ချင်း ရိုင်းပင်းကူသည်......... ကျွန်းဇမ္ဗူ ခြိမ့်သဲလို့လေး။

မြဲမပြတ် သဒ္ဓါဆောင်သည်......... ဆီမီးရောင် ထွန်းညှိစို့လေး။

မြတ်သီလ စိတ်ကမျှော်ရည်......... ဥပုသ်တော် ယူကြစို့လေး။ ။

...

10 comments:

  1. သီတင်းကျွတ်လပြည့်နေ့ တေးထပ်ကိုလာဖတ်ရင်း မြတ်စွာဘုရားကို ဆီမီးအလင်းရောင်ဖြင့်ကြိုဆိုရည်မှန်း ကာ၊ ကန်တော့ပါတယ်။

    ReplyDelete
  2. တေးထပ်ကဗျာ စပ်လိုပါက
    ဥပဒေသ လိုက်နာရမည်
    ဤသို့မှတ်ကြ "အစခြောက်လုံး
    အဆုံးခုနစ် ဆယ့်ရှစ်ပိုဒ်ရေ"
    သေချာလေမှ စံနစ်ကျမည်
    "၏ သည် ၍ ၌"
    မှတ်ထိုက်သဒ္ဒါ မှန်စွာသုံးစွဲ
    ဓိပ္ပါယ်ကွဲအောင် ကြံဆောင်ကာလေ
    ရေးတတ်စေ ... ။

    ReplyDelete
  3. ခုနက ကဗျာက တစ္ဆေရေးသော ကဗျာပါ။
    အခု ဦးပုညရေးတဲ့ ကဗျာကို ရှာပြီး တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ပါဦး။ တေးထပ် ရေးစပ်နည်း ဥပဒေသပါ။ လိုလိုမယ်မယ် မှတ်ထားပြီး နောင်ခါ ကိုးကားရအောင်လို့။ :)

    တေးထပ်ကို ဉာဏ်ဆလို့၊‎
    ကြံကြတော့စပ်ပုံ၊‎
    ဆယ့်ရှစ်ပိုဒ်တွေ့ကြုံလျှင်၊‎
    အလုံးစုံပြီးမြဲ၊‎
    အထ ခြောက်လုံးချီသည်၊‎
    ဆုံးလေပြီ ခုနစ်နှင့်ပဲ။‎

    ‎'၏'၊ '၍'၊ '၌'၊ 'သည်' နှင့် 'ကို' ကို၊‎
    သဒ္ဒါလိုမှတ်စွဲ၊‎
    အဓိပ္ပါယ် မှန်မလွဲစေနှင့်၊‎
    ကြံခဲလို့စပ်ပါ၊‎
    ဆဲ့ခြောက်ထွေ အစပ်သွား၊‎
    မမှားအောင် ရကြစေမှာ။‎

    ပေါရာဏကထာကို၊‎
    အခါခါ ဉာဏ်ရှုလို့၊‎
    ‎ဧချင်းစု ၁၅ ထွေ၊‎
    ကျွမ်းကျင်ကြစေ၊‎
    တေးထပ်ရိုးပုံအနေမှာ၊‎
    စပ်ကြလေ သည်နည်းပလေး။ ။‎
    (စလေ ဦးပုည)

    ReplyDelete
  4. ဒီတစ်ခါတော့ တစ္ဆေ တော်သွားပြီ။

    '၏'၊ '၍'၊ '၌'၊ 'သည်' နှင့် 'ကို' ကို၊‎
    အဲဒါကို သတိပေးပေးလို့။
    ကျနော်သတိမထားမိလိုက်ဘူး။

    အမှန်ဆို ကျနော်လဲ
    တတိယအကြိမ် ထုတ်တဲ့ တေးထပ်ပေါင်းချုပ်ကြီး (ပုံနှိပ်မူ) စာအုပ်ထဲက တေးထပ်ရေးစပ်နည်း တေးထပ်သုံးပုဒ်ကို လက်ရေးနဲ့ကူးယူပြီး ကွန်ပျူတာရိုက် ပရင့်တ်ထုတ်ကာ အဲဒီနည်းစနစ်ကို နည်းမှီရေးသားကြည့်လိုက်တာပါ။ အဲဒီစာအုပ်ကို လန်ဒန်တက္ကသိုလ်စာကြည့်တိုက်ထဲမှာ တွေ့ပါတယ်။ စပ်စမ်းကြည့်လိုက်တာပါ။ ကျွမ်းကျင်အဆင့်မဟုတ်ပါဘူး။ သတိပေးတဲ့အတွက်ကျေးဇူးပါ။

    ကျနော် ကူးယူခဲ့တဲ့တေးထပ်ရေးစပ်နည်း တေးထပ်သုံးပုဒ်ကို အားလုံးအတွက်ပြန်ဖော်ပြပေးလိုက်ပါတယ်။ သုံးပုဒ်ထဲက တစ်ပုဒ်ကတော့ တစ္ဆေပို့ခဲ့တဲ့ဟာနဲ့ တူနေတယ်။



    ရှေးပညာရှိတစ်ဦးရေး တေးထပ်စပ်နည်းဥပဒေကို
    အခြေ ကာရန် အခံ အအုပ်နှင့်တကွ ပြဆိုအပ်သော တေးထပ်
    *****
    တေးထပ်ကို ဥာဏ်ဆလို့၊ ကြံကြတော့ စပ်ပုံ၊
    ဆယ့်ရှစ်ပိုဒ်တွေ့ကြုံလျင်၊ အလုံးစုံပြီးမြဲ၊
    အစက ခြောက်သုံးချီသည်၊ ဆုံးလေပြီ ခုနစ်နဲ့ဘဲ၊
    ၏ ၍ ၌ သည် နှင့် ကိုကို၊ သဒ္ဒါလို မှတ်စွဲ၊
    အဓိပ္ပါယ် တယ်မလွဲစေနဲ့၊ ကြံခဲလို့ စပ်ပါ၊
    စပ်ခြောက်ထွေ သတ်ခြောက်ပါးကိုလ၊ မမှားအောင် သိကြစေရာ၊
    ပေါရာဏကထာကို၊ အခါခါဥာဏ်ရှုလို့၊
    ဧချင်းစု လင်္ကာတွေ၊ ကျွမ်းကျင်လှစေ၊
    တေးထပ်ရိုး သုအခြေကို၊ ဥပဒေ မှတ်ပါကြလေး။ ။


    အခြားပညာရှိတစ်ဦးရေး တေးထပ်စပ်နည်း
    *****
    တေးထပ်စုံ စပ်ပုံပြ၊ မှတ်ကုန်ကြ ညီခင်၊
    သုံးချိုးပ မြဲအစဉ်၊ တစ်ချိုးလျင် ခြောက်ပိုင်း၊
    အစက ဆနှင့်ချီတယ်၊ ဆုံးအညီ သတ္တနှင့်ဆိုင်း၊
    ပိုဒ်အစ ဗျည်းဆတွင်၊ နှစ်ပိုဒ်တွင် သုံးလှိုင်း၊
    ဒု တ မှာ ဆုံးချင်းနှိုင်းပါတော့၊ မရိုင်းဘူး စပ်ရာ၊
    ထို့နောက်မှာ စတုတ္ထ၊ သုံးလုံးကျ စပ်တော့ သေချာ၊
    ပဉ္စမ ပိုဒ်မဟာမှာ၊ အလွတ်သာ မှတ်ကြရော့၊
    ဆဋ္ဌနှင့် တွဲအမှီ၊ ခြောက်လုံး အညီ၊
    ရှေ့ နှစ်ချိုး စန္ဒီမှာ၊ ဥာဏ်ပလီ ကွန့်နိုင်မှလေး။ ။




    တေးထပ် အခြားတစ်နည်း
    *****
    တေးထပ်မှန် စပ်ရန်ပြ၊ မှတ်ပါကြ များတကာ၊
    စပ်ထာပြ လေးပိုဒ်မှာ၊ ကာရန်လာ နောက်ဆုံး၊
    ပဌမ ကာရန်နေကို၊ ဒုတိယေ ဆုံးချလိုက်ဦး၊
    တတိယ (ဒု)နှင့်ညီသည်၊ နောက်တစ်လီ မှတ်ထုံး၊
    စတုတ္ထီ စပ်လုံးဖို့၊ ထပ်သုံးပ မြဲဧကန်၊
    လွဲတစ်ဖန် ကာရန်ပြ၊ ပဉ္စမ (စ)နှင့်ညီပြန်၊
    သည့်နောက် ဆဋ္ဌံမှာ၊ ကာရန်လာ တစ်နဲပ၊
    အမြဲရ လေးပိုဒ်သာ၊ ထုံးမှတ်လိုက်ပါ၊
    အဆုံးသတ် သတ္တမံမှာ၊ ဆန်းကွန့်ဥာဏ် စွမ်းနိုင်မျှလေး။ ။



    ...

    ReplyDelete
  5. နောက်ဆုံးနှစ်ပိုဒ်အပိုကတော့ ကျနော် တွန့်ကြည့်လိုက်တာပါ။

    ReplyDelete
  6. ဒီတခါတော့ တစ္ဆေတော်သွားပြီဆိုတော့ ခါတိုင်း ရှော်တယ်ဆိုတဲ့ သဘောပေါ့နော်။ :)

    ကိုကိုမောင်လဲ ဒီတခါတော့ တော်သွားပြီ။
    ကိုကိုမောင်ထပ်မံတင်ပေးတဲ့ တေးထပ်ရေးနည်းတွေအတွက် ကျေးဇူးပါ။ ကိုကိုမောင် စမ်းရေးတာလဲ ကောင်းပါတယ်။ ဒီလို စမ်းရေးမှလဲ ရေးတတ်မှာပေါ့။ ၀င်နှောက်သလို ဖြစ်ရင် စိတ်မရှိနဲ့နော်။

    ReplyDelete
  7. သီတင်းကျွတ်က မအားလို. ခုမှ တေးထပ်လေး
    လာဖတ်နိုင်တော.တယ် အကိုရေ ... အောက်က
    ဆွေးနွေးထားတဲ. ကော်မန်.လေးတွေလည်း ဗဟုသုတ
    ဖတ်သွားပါတယ် အစ်ကိုရေ :)

    ReplyDelete
  8. တစ္ဆေဆိုတာ အသွင်အမျိုးမျိုးနဲ့လာတတ်မှန်း သဘောပေါက်ပါတယ်။ ဒါပေမဲ့ သိတဲ့ကိစ္စကို သိတဲ့အတိုင်းဘဲ သိသလို စိတ်ထဲ သိမ်းဆည်းထားပါ့မယ်။

    တစ္ဆေတစ်ယောက် ပျော်ရွှင်နိုင်ပါစေဗျာ။

    ReplyDelete
  9. သယ်ရင်းရေ တေးထပ်ကို လာဖတ်ပါတယ်

    ReplyDelete

သင့်ရဲ့စကားဟာ ကျွန်ုပ်ရဲ့ အားတစ်ခုပါဘဲ။